ကျောက်ဖြူတွင် ရွံ့မီးတောင်တစ်လုံး ပေါက်ကွဲ

ကျောက်ဖြူတွင် ရွံ့မီးတောင်တစ်လုံး ပေါက်ကွဲ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်၊ ရှောက်ချောင်းကျေးရွာ၏ တောင်ဘက် ရ ဖာလုံခန့်အကွာတွင် တည်ရှိသော ရွံ့မီးတောင် တစ်လုံးသည် ဇွန်လ ၁ ရက်က  ပေါက်ကွဲခဲ့သည်ဟု ဒေသခံများက ပြောသည်။

“ဒီကနေ့ နံနက် ၅နာရီ ၄၅ မိနစ်ခန့်က  မီးတောင် စတင်ပေါက်ကွဲပါတယ်။ ပေါက်ကွဲချိန်မှာ ၁၀ မိနစ်ခန့် မီးခိုးတွေ  ပြင်းထန်စွာ ထွက်လာတယ်။  အသံတွေလည်း ဆူညံလာပြီး  ရွံ့ရည်တွေ အပေါ်ကို မြင့်တက်လာတယ်။ ဒါကို ကျွန်တော်တို့ ရွာကနေ လှမ်းမြင်ရပါတယ်” ဟု ဒေသခံ ဦးမောင်ချေက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

၎င်းမီးတောင်ကို ဒေသခံတွေက အရက်သည်မ နဂါးမီးတောင် ဟုခေါ်ဆိုကြပြီး သုံုးလေးနှစ်တွင် တစ်ကြိမ်ကျစီ ပေါက်ကွဲမှု ဖြစ်တတ် သည်ဟု သိရသည်။

၎င်းမီးတောင် ၃ နာရီခန့်ကြာ  တွင်းနုတ်ခမ်းမှ ရွ့ံရည်များကို မှုတ်ထုတ်ခဲ့ပြီး နံနက် ၉ နာရီခန့်တွင် ငြိမ်သက်သွားကြောင်း သိရသည်။

Volcano erupt 1
မီးတောင်ပေါက်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- နိရဥ္စရာ)

ယခု မီးတောင်ပေါက်ကွဲမှုမှာ ၂၀၁၄ ခုနှစ် သြဂုတ်လက ပေါက်ကွဲခဲ့သော သူပုန်နဂါးမီးတောင်လောက်  ပျက်စီးဆုံးရှုံးမှု  မများပြားကြောင်း သိရသည်။ သူပုန်နဂါးမီးတောင်ပေါက်ကွဲစဉ်က လယ်ဧက ၂၀၀ ကျော် ရွံ့ရည်များ ဖုံးလွှမ်းပျက်စီးသွားခဲ့ရသည်။

ရခိုင်ပြည်နယ် ရမ်းဗြဲကျွန်းတွင် ရှောက်ချောင်း၊ စည်မော်၊ ကြတ္တိန်၊ ကပ်သပြေ ကျေးရွာ လေးရွာ အကြားတွင်  မီးတောင် အများအပြားရှိသော တောင်တန်းတစ်ခုတည်ရှိပြီး ယင်းတောင်တန်းတွင်ရှိသော မီးတောင်များမှာ ကြက်သေနဂါး၊ သပုန်နဂါး၊ တလင်းကြီးနဂါး၊ အရက်သည်မနဂါး စသည့် မီးတောင်များ ဖြစ်ကြသည်ဟု သိရသည်။

May 19, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး၊ရေတပ်စခန်း...
May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...