ကိုဗစ်ကြောင့် ပိတ်ထားရသည့် ရွှေပြည်တန်အမြန်ရေယာဉ်လိုင်းများ နိုဝင်ဘာ ပထမအပတ်မှစ၍ ပြန်လည် ပြေးဆွဲတော့မည်

ကိုဗစ်ကြောင့် ပိတ်ထားရသည့် ရွှေပြည်တန်အမြန်ရေယာဉ်လိုင်းများ နိုဝင်ဘာ ပထမအပတ်မှစ၍ ပြန်လည် ပြေးဆွဲတော့မည်
ရမ်းဗြဲချောင်းနှင့် ရွှေပြည်တန်
ရမ်းဗြဲချောင်းနှင့် ရွှေပြည်တန်

ဆောင်းဇာခြည် — ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရန်အတွက်လွန်ခဲ့သည့် သြဂုတ်လအတွင်းမှစ၍ ပိတ်ထားခဲ့ရသည့် ရခိုင်မှ ရွှေပြည်တန်အမြန်ရေယာဉ်လိုင်းများကို လာမည့် နိုဝင်ဘာလ ၃ ရက်နေ့တွင် ပြန်လည် ပြေးဆွဲတော့မည် ဖြစ်ကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်နယ် ရွှေပြည်တန် အမြန်ရေယာဉ် မန်နေဂျာ ဦးစံမော်သိန်းက “အခု ဒီလကုန်လို့ရှိရင် ဗမာပြည်ဘက်မှာလည်း အမြန်ယာဉ်တွေ ပြန်ဖွင့်ကြမယ်လို့ ကြားပါတယ်။ ပြီးတော့ လေယာဉ်တွေလည်း ဒီလကုန်ရင် ပြန်ဆွဲကြမယ်လို့ ကြားပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့လည်း ပြန်ဖွင့်ဖို့ စီစဉ်လိုက်တာပါ ” ဟု နိရဉ္စရာသို့ ပြောသည်။

ကိုဗစ်-၁၉ ရောဂါကို မပြန့်ပွားစေရန် ဝိုင်းဝန်းကူညီကာကွယ်သည့်အနေဖြင့် ရွှေပြည်တန် အမြန်ရေယာဉ်များ ပြေးဆွဲခြင်းအား ပြီးခဲ့သည့် သြဂုတ်လ ၂၁ ရက်နေ့မှ ရပ်နားခဲ့ခြင်းဖြစ်ပြီး လာမည့် နိုဝင်ဘာလ ၃ ရက်နေ့မှ စတင်ကာ ပြန်လည်ပြေးဆွဲတော့မည်ဖြစ်ကြောင်း သူက ပြောသည်။

ပြန်လည်ပြေးဆွဲမည့် အမြန်ရေယာဉ်များမှာ နိုဝင်ဘာ ၃ ရက်နေ့တွင် စစ်တွေ-မြောက်ဦးနှင့် စစ်တွေ- ပေါက်တော၊ မင်းပြား၊ မြေပုံမြို့နယ်တို့ စတင်ပြေးဆွဲသွားမည်ဖြစ်သည်။

နိုဝင်ဘာ ၄ ရက်နေ့တွင် စစ်တွေ- ရသေ့တောင်၊ ဘူးသီးတောင်နှင့် နိုဝင်ဘာ ၅ ရက်နေ့၌ စစ်တွေ-ကျောက်ဖြူ၊ ရမ်းဗြဲ၊ ကျောက်နီမော်၊ တောင်ကုတ်၊ မာန်အောင် စသည့် မြို့နယ်အသီးသီးတို့အား ယင်းသတ်မှတ်ထားသည့် နေ့အသီးသီးတို့တွင် ပြန်လည် ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

သြဂုတ်လ ၂၁ ရက်နေ့က ရေကြောင်းဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါအား ထိန်းချုပ်ရန်အတွက် ရွှေပြည်တန် အမြန်ရေယာဉ်များအား ပိတ်ပေးရန် သက်ဆိုင်ရာမှ အကြောင်းကြားခဲ့သည်။

သို့သော် သြဂုတ်  ၂၂ ရက်နေ့တွင် ဒေသဆိုင်ရာ အာဏာပိုင်များက ညွှန်ကြားချက်အတိုင်း လိုက်နာ ဆောက်ရွက်ပါက အမြန်ရေယာဉ်များအား ပြန်လည် ပြေးဆွဲခွင့်ပြုကြောင်း ထပ်မံအကြောင်းကြားခဲ့သော်လည်း ခရီးသည်များအနေဖြင့် ကွာရန်တင်းဝင်ရပြီး အလုပ်ရှုပ်မည်ကို စိုးရိမ်သဖြင့် ဆက်လက် ပြေးဆွဲခြင်း မပြုလုက်ဘဲ ရပ်ထားခဲ့သည်မှာ နှစ်လကျော် ကြာမြင့်ခဲ့သည်ဟု  ဦးစံမော်သိန်းက ပြောသည်။

“ဒေသဆိုင်ရာ အာဏာပိုင်တွေရဲ့ လိုအပ်ချက်အတိုင်း လုပ်ပေးလိုက်ရင် အမြန်ရေယာဉ်တွေကို ဆွဲလို့ရတယ်လို့ ပြောတယ်ပေါ့။ သဘောက လိုက်ပါလာတဲ့ ခရီးသည်တွေက ဒေသအလိုက် ကွာရန်တင်း ဝင်ရမယ်ဆိုရင် ဝင်ရမယ်ပေါ့။ အဲလိုဆိုပြီး အကြောင်းကြားလာတယ်ပေါ့။ ဒါပေမယ့် ကျွန်တော်တို့က ကိုယ့်အစီစဉ်နဲ့ကိုယ် ပိတ်ခဲ့ကြတာ။ ရွှေပြည်တန်စီးတဲ့ လူတွေက ဟိုမှာ ကော်ရန်တင်း ဝင်၊ ဒီမှာ ကွာရန်တင်းဝင်ဆိုရင် ရှုပ်နေကြမှာစိုးလို့ ကိုယ့်အစီစဉ်နဲ့ကိုယ် ပိတ်ခဲ့ကြတာ” ဟု သူက ဆက်ပြောသည်။

ဓါတ်ပုံ - ပုံဟောင်း
August 15, 2026
မကွေးတိုင်းဒေသကြီး၊ ပဒန်းမြို့၊ ရိုးတောင်ကျော်လမ်းပေါ်ရှိ နတ်ရေကန်သို့ ပို့ဆောင်သော စစ်အုပ်စုတပ်...
ဓါတ်ပုံ - PTC News (စစ်တပ်၏ တိုက်ခိုက်ရေး ဒရုန်းအား တွေ့ရစဉ် - ပုံဟောင်း)
August 13, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ကျောက်ဖြူမြို့နယ်တို့တွင် နှစ်ဖက်တိုက်ပွဲများ ရပ်တန့်နေသော်လည်း...
August 11, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ပလက်ဝမြို့ကို စစ်တပ်က ယနေ့နံနက်ပိုင်းတွင် လေကြောင်းမှ...
ဓာတ်ပုံ - AA Info Desk
August 11, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာကို စစ်အုပ်စုက လေကြောင်းမှ...