NLD အမတ်လောင်း ၃ ဦး ပြန်လည်လွတ်မြောက်ရေး အစိုးရနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိဟု တပ်မတော်ဆို

NLD အမတ်လောင်း ၃ ဦး ပြန်လည်လွတ်မြောက်ရေး အစိုးရနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိဟု တပ်မတော်ဆို

ဆောင်းဇာခြည် — အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တောင်ကုတ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း ၃ ဦး ပြန်လည် လွတ်မြောက်ရေးအတွက် တပ်မတော်အနေဖြင့် အစိုးရတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း အောက်တိုဘာ ၂၄ ရက် နံနက်ပိုင်းက နေပြည်တော်၌ ပြုလုပ်သည့် တပ်မတော်သတင်းစာရှင်းလင်းပွဲတွင် တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

“အစိုးရနဲ့ တပ်မတော်နဲ့ ဘယ်လိုပူးပေါင်းဆောင်ရွက်နေတယ်ဆိုတဲ့ လွတ်မြောက်ဖို့ဟာနဲ့ပတ်သက်ပြီး ကျွန်တော်တို့ အနေနဲ့ နံပါတ်တစ်က သတင်းစုံစမ်းထောက်လှမ်းတာတွေ၊ လိုအပ်တဲ့ လုံခြုံရေး ဆောင်ရွက် တာတွေ၊ လိုအပ်တဲ့ စစ်ဆင်ရေးဆောင်ရွက်တာတွေ ကျွန်တော်တို့ ဆောင်ရွက်လျှက် ရှိပါတယ်။ လိုအပ် လာလို့ရှိရင် ကျွန်တော်တို့အနေနဲ့ သတင်းရလာလို့ရှိရင် စစ်ဆင်ရေးအရ ဝင်ရောက်ဆောင်ရွက်တာတွေ ကျွန်တော်တို့ ရှိပါတယ်။ ဒါတွေကတော့ ကျွန်တော်တို့အနေနဲ့ စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိတယ်လို့ ပြောချင်ပါတယ်။”

တပ်မတော်သတင်းစာရှင်းလင်းပွဲတွင် ဝန်ထမ်းအချို့နှင့် အရပ်သားအချို့အပါအဝင်တောင်ကုတ်က အမတ်လောင်း ၃ ဦး ပြန်လည် လွတ်မြောက်ရေးအတွက် တပ်မတော်က ဘာတွေ ဆောင်ရွက်လျက်ရှိသလဲဟု သတင်းထောက်တစ်ဦး၏ မေးခွန်းနှင့်ပတ်သက်ပြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ထိုသို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

အောက်တိုဘာ ၁၄ ရက်နေ့က နံနက် ၁ဝ နာရီခန့်က အမျိုသားဒီမိုကရေစီအဖွဲ့ချုပ် တောင်ကုတ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးမင်းအောင် (ပြည်နယ်လွှတ်တော် အမှတ် ၂)၊ ဒေါ်နီနီမေမြင့် (ပြည်သူ့လွှတ်တော်)နှင့် ဒေါ်ချစ်ချစ်ချော (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း) တို့ကို တောင်ကုတ် မြို့နယ်အတွင်းရှိ ဖောင်းခါးကျေးရွာတွင် မဲဆွယ်စည်းရုံးရေး ပြုလုပ်နေစဉ် ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်။

“ဖမ်းဆီးခံထားရတဲ့ စစ်သည်များ၊ ဝန်ထမ်းများ၊ ပြည်သူလူထုများ ရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဘယ်တော့မှ ကျွန်တော်တို့ လျစ်လျူရှုမနေပါဘူး။ ကျွန်တော်တို့ဆီက မည်သည့်အကြောင်းကြောင့် ဖမ်းဆီးခံရသည်ဖြစ်စေ ကျွန်တော်တို့ လျစ်လျူရှုနေတာ မရှိပါဘူး” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

AA က ဖမ်းဆီးထားစဉ် အရပ်သားအချို့အပါအဝင် စစ်သည်အချို့ ပြန်လည်လွတ်မြောက်လာခဲ့ခြင်းများရှိပြီး ထပ်မံလွတ်မြောက်လာသူများအား စစ်ဆေးမေးမြန်းကာ အတည်ပြုစရာများ ကျန်ရှိနေသေးသည့်အတွက် လွတ်မြောက်လာသည့် လူဦးရေနှင့် အမည်စာရင်းအတိအကျအား တပ်မတော်အနေဖြင့် ထုတ်ဖော် မပြောနိုင်သေးကြောင်းလည်း သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသွားခဲ့သည်။

ဓါတ်ပုံ - ပုံဟောင်း
August 15, 2026
မကွေးတိုင်းဒေသကြီး၊ ပဒန်းမြို့၊ ရိုးတောင်ကျော်လမ်းပေါ်ရှိ နတ်ရေကန်သို့ ပို့ဆောင်သော စစ်အုပ်စုတပ်...
ဓါတ်ပုံ - PTC News (စစ်တပ်၏ တိုက်ခိုက်ရေး ဒရုန်းအား တွေ့ရစဉ် - ပုံဟောင်း)
August 13, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ကျောက်ဖြူမြို့နယ်တို့တွင် နှစ်ဖက်တိုက်ပွဲများ ရပ်တန့်နေသော်လည်း...
August 11, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ပလက်ဝမြို့ကို စစ်တပ်က ယနေ့နံနက်ပိုင်းတွင် လေကြောင်းမှ...
ဓာတ်ပုံ - AA Info Desk
August 11, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာကို စစ်အုပ်စုက လေကြောင်းမှ...