မင်းပြားမြို့နယ် ဇောက်ချောင်းတွင် နှစ်ရက်မြောက်တိုက်ပွဲဖြစ်ပွား

မင်းပြားမြို့နယ် ဇောက်ချောင်းတွင် နှစ်ရက်မြောက်တိုက်ပွဲဖြစ်ပွား

ခိုင်လူလှ — မင်းပြားမြို့နယ်၊ မေလွမ်းကျေးရွာနှင့် ဖားပြို (ချင်း)ရွာအကြားတွင် မြန်မာတပ်မတော်နှင့် ရက္ခိုင့်တပ်တော်( AA)တို့ အောက်တိုဘာ ၂၃ ရက် နေ့လယ် ၁ နာရီကျော်လောက်က နှစ်ရက်မြောက် တိုက်ပွဲဆက်ဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။

မေလွမ်း ဒေသခံ တစ်ဦးက “ မနေ့က ဖြစ်တဲ့ နေရာမှာ ထပ်ဖြစ်ပါတယ်။ ဇောက်ချောင်းမှာ ဖြစ်တာပါ။ နေ့လယ် ၁ နာရီကျော်လောက်က စဖြစ်ပါတယ်။ နာရီဝက်လောက်ပြင်းပြင်းထန်ထန်ဖြစ်ခဲ့ပါတယ်။ နေ့လယ်  ၁ နာရီ  ၅၀ မိနစ် လောက်မှာ ပီးသွားပါတယ်။ မေလွမ်းနဲ့ ချင်းဖားပြိုရွာအကြား ဇောက်ချောင်းမှာ ဖြစ်ကြတာပါ” ဟု ပြောဆိုသည်။

တိုက်ပွဲ ဖြစ်ပွားပြီးနောက် တိုင်းဗဟို (၉) မှ တိုက်ပွဲဖြစ်ရာ နေရာများသို လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများရှိကြောင်း၊ လက်နက်ကြီးအသံများကို တစ်ချက်ချင်းကြားရကြောင်း ၎င်းက ပြောဆိုသည်။

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်သို့ ဆက်သွယ်ရာ ၎င်းမေလွမ်းကျေးရွာဘက်မှ လက်နက်ကြီး အသံများကို ကြားရပြီး မိုးရွာနေ၍ တိုက်ပွဲ ဖြစ်ပွားခြင်း ရှိ/မရှိကို အတည်ပြုနိုင်ခြင်း မရှိကြောင်း ပြောကြားသည်။  

အလားတူ ရသေ့တောင်မြို့နယ် မြောက်ပိုင်း၊ ကျောက်တန်းနယ်မြေရှိ ရေစိုးချောင်းနှင့် အမျက်တောင်ကြားတွင်လည်း အောက်တိုဘာ ၂၃ ရက်နေ့ နံနက်က မိနစ်အနည်းငယ်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

ရခိုင်ရှိ ပင်လယ်ပြင်အတွင်း ကျောက်ချရပ်နားထားသည့် စစ်အုပ်စုပိုင် နေဗီတစ်စီးအား တွေ့ရစဉ်။ (ပုံဟောင်း)
May 20, 2026
မောင်စာဂ — ရခိုင်ပြည်၊ မြေပုံမြို့နယ်မှ အရပ်သားရှစ်ဦးကို စစ်အုပ်စု၏နေဗီတစ်စီးက ဖမ်းဆီးသွားသည်ဟု...
May 19, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး၊ရေတပ်စခန်း...
May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...