ထိုင်း လှေစီးဒုက္ခသည် အရေးဆွေးနွေးပွဲ ရိုဟင်ဂျာအမည်သုံးစွဲခွင့်မပြု

ထိုင်း လှေစီးဒုက္ခသည် အရေးဆွေးနွေးပွဲ ရိုဟင်ဂျာအမည်သုံးစွဲခွင့်မပြု
by -
နိရဥ္စရာ
ထိုင်းတွင်ကျင်းပသည့်လှေစီးဒုက္ခသည်များနှင့်ပတ်သက်ပြီးပြုလုပ်သည့်အစည်းအဝေးတွင် ရိုဟင်ဂျာအမည်ဖြင့် ဆွေးနွေးခွင့်မပြု လုပ်ရန် ထိုင်းနိုင်ငံခြားရေးဝန်ကြီးက တားမြစ်ခဲ့ကြောင်း သိရသည်။

မေလ ၂၉ ရက်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် မြန်မာအပါအဝင် ဒေသတွင်း နိုင်ငံပေါင်း ၁၇ နိုင်ငံမှ  ကိုယ်စားလှယ်များဖြင့်ပြု လုပ်ခဲ့သည့် ပုံမှန်မဟုတ်ဘဲ ပြောင်းရွှေ့နေသည့်သူများအရေး အစည်းအဝေးတွင် ထိုင်းဒုတိယဝန်ကြီးချုပ်လည်းဖြစ်၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သည့် ဗိုလ်ချုပ်ကြီး ထနာ့စတ်ခ် ပတီမားပရာ့ကောင်းက ယခုကဲ့သို့တားမြစ်ခဲ့ခြင်းဖြစ်သည်။

ယခုပြုလုပ်သည့်အစည်းအဝေးမှာ လှေစီးဒုက္ခသည်များနှင့်ပတ်သက်ပြီး ရေရှည်ဖြေရှင်းနည်းများကို ဆွေးနွေးအဖြေရှာရန်နှင့် ရိုဟင်ဂျာဆိုသည့်အသုံးအနှုန်းကို လုံးဝမသုံးရန် သတိပေးပြောကြားသွားခြင်းဖြစ်ကြောင်း သိရသည်။

Thailand former deputy prime minister
ထိုင်းဒုတိယဝန်ကြီးချုပ်လည်းဖြစ်၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သည့် ဗိုလ်ချုပ်ကြီး ထနာ့စတ်ခ်

ရိုဟင်ဂျာဟူသည့်ဝေါဟာရမှာ မြန်မာနိုင်ငံတွင်သာမက ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံတို့၏ သမိုင်းတို့တွင်လည်း မရှိခဲ့ဖူးကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။

ပင်လယ်ပြင်တွင် ဒုက္ခရောက်နေသည့် လှေစီးဒုက္ခသည်အရေးနှင့်ပတ်သက်ပြီး မြန်မာတစ်နိုင်ငံတည်းကို အပြစ်မတင်ကြရန်နှင့် ယခုပြဿနာမှာ လူကုန်ကူးမှုကြောင့်ဖြစ်ရခြင်းသာဖြစ်သည်ဟု အဆိုပါအစည်းအဝေးသို့ မြန်မာအစိုးရကိုယ်စားပြု တက်ရောက်ခဲ့သည့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထင်လင်းဦးက ပြောဆိုခဲ့ကြောင်းလည်း သိရသည်။

ပင်လယ်ပြင်တွင်ရောက်နေသည့် လှေစီးဒုက္ခသည်ပေါင်း ၉ဝဝဝ ခန့်၏အသက်ကို ကယ်တင်ရန် အမေရိကန်လေယာဉ်ဖြင့် ထိုင်းပင်လယ်ပြင်တွင် ပျံသန်းရှာဖွေရန် မေလ ၂၉ ရက်နေ့မှစတင်ခွင့်ပြုလိုက်ပြီဟုလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။

May 19, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး၊ရေတပ်စခန်း...
May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...