ရသေ့တောင်မြို့နယ် ပြာပင်ရင်းမှ ကျည်ထိလူနာတစ်ဦး စစ်တွေဆေးရုံတွင်သေဆုံး

ရသေ့တောင်မြို့နယ် ပြာပင်ရင်းမှ ကျည်ထိလူနာတစ်ဦး စစ်တွေဆေးရုံတွင်သေဆုံး
ဓာတ်ပုံ - ဆရာသန်းထွန်း
ဓာတ်ပုံ - ဆရာသန်းထွန်း

ထွန်းခိုင် — ရသေ့တောင်မြို့နယ် ပြာပင်ရင်းမှ ကျည်ထိလူနာတစ်ဦးသည် စစ်တွေဆေးရုံတွင် ညနေ ၆ နာရီ ၂ဝ မိနစ်အချိန်ခန့်က သေဆုံးသွားကြောင်း သတင်းရရှိသည်။

သေဆုံးသွားသူမှာ ရသေ့တောင်မြို့နယ်၊ ပြာပင်ရင်းကျေးရွာမှ ဦးဘရွှေ အသက် ၅၇ နှစ်ဖြစ်သည်။

ရင်ဘတ်တွင် ကျည်ထိမှန်သွားခဲ့သ့ဖြင့် ရသေ့တောင်မြို့နယ် ဆေးရုံမှ စစ်တွေဆေးရုံကြီးသို့ အောက်တိုဘာ ၁၅ ရက် မနက်ပိုင်းဆေးကုသရန် ရောက်ရှိလာပြီးနောက် ညနေပိုင်းတွင် သေဆုံးသွားကြောင့် လူမှုရေး ကူညီဆောင်ရွက်ပေးနေသူ ဆရာဦးသန်းထွန်းက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

“ ဒီနေ့မနက်က ရသေ့တောင်ကနေပြီးတော့ တဆင့် စစ်တွေဆေးရုံကြီးကို ၁ဝ နာရီလောက်မှာ ရောက်လာတယ်။ ၂ နာရီလောက်မှာ ခွဲစိပ်ခန်းထဲဝင်တယ်။ ၆ နာရီ မထိုးခင် အချိန်လောက်မှာ ထွက်လာတယ်။ ခွဲစိပ်ခန်းကထွက်လို့ သိပ်မကြာဘူး။ သူဆုံးသွားတယ်” ဟုပြောသည်။

သေဆုံးသွားသူ၏ ရုပ်အလောင်းအား စစ်တွေဆေးရုံ၊ ရင်ခွဲရုံထဲတွင် ထားရှိပြီး မနက်မိုးလင်းမှာ သူ၏ နာရေးကို မည်သို့ စီစဉ်မည်ကို ဆွေးနွေး ဆောင်ရွက်သွားမည်ဟု ဦးသန်းထွန်းက ဆက်လက်ပြောကြားသည်။

ပြာပင်ရင်းကျေးရွာအတွင်းသို့ ယမန်နေ့ နေ့လယ် ၂ နာရီအချိန်ခန့်က ရသေ့တောင်မြို့ပေါ် တပ်ရင်း များဘက်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်များ ကျရောက် ပေါက်ကွဲခဲ့ပြီး လူလေးဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ကျည်စထိမှန်ခဲ့သူ ဦးသိန်းစိန်မောင်အပါအဝင် ရွာသားများက ပြောသည်။

အဆိုပါ ဖြစ်ရပ်နှင့် တပ်မတော်ဘက်ကို တစ်စုံတစ်ရာ မေးမြန်း၍ မရသလို အဆိုပါ သတင်းနှင့်ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ညနေပိုင်းထိ သတင်းထုတ်ပြန်မှုလည်း မရှိသေးပါ။

ဒဏ်ရာများဖြင့် ရသေ့တောင်ဆေးရုံတွင် နောက်ထပ်ဆေးကုသနေရသူ ၃ ဦးမှာ ဦးမောင်မြထွန်း (၅၆) နှစ်၊ ဦးသိန်းစိန်မောင် (၃၅) နှစ်နှင့် ဦးမောင်မြခင် (၃၄) နှစ်တို့ဖြစ်ကြသည်။

ဓါတ်ပုံ - ပုံဟောင်း
August 15, 2026
မကွေးတိုင်းဒေသကြီး၊ ပဒန်းမြို့၊ ရိုးတောင်ကျော်လမ်းပေါ်ရှိ နတ်ရေကန်သို့ ပို့ဆောင်သော စစ်အုပ်စုတပ်...
ဓါတ်ပုံ - PTC News (စစ်တပ်၏ တိုက်ခိုက်ရေး ဒရုန်းအား တွေ့ရစဉ် - ပုံဟောင်း)
August 13, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ကျောက်ဖြူမြို့နယ်တို့တွင် နှစ်ဖက်တိုက်ပွဲများ ရပ်တန့်နေသော်လည်း...
August 11, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ပလက်ဝမြို့ကို စစ်တပ်က ယနေ့နံနက်ပိုင်းတွင် လေကြောင်းမှ...
ဓာတ်ပုံ - AA Info Desk
August 11, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာကို စစ်အုပ်စုက လေကြောင်းမှ...