မြောက်ဦး လက်ကောက်ဈီးစစ်ရှောင်စခန်းမှ လူတစ်ဦး ဖမ်းဆီးခံရ

မြောက်ဦး လက်ကောက်ဈီးစစ်ရှောင်စခန်းမှ လူတစ်ဦး ဖမ်းဆီးခံရ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ လက်ကောက်ဈေး စစ်ရှောင်ကယ်ဆယ်ရေးစခန်းတွင် နေထိုင်သူတစ်ဦး ညဉ့်အချိန်မတော် သွားလာရာမှ ဖမ်းဆီးခံရပြီး မြောက်ဦးရဲစခန်းချုပ်နှောင်ခံထားရသည်ဟု သတင်းရရှိသည်။

၎င်းဖမ်းဆီးခံရသူမှာ မြောက်ဦးမြို့နယ်၊ အုတ်ဖော်ကန်ကျေးရွာမှ လက်ကောက်ဈီး စစ်ရှောင်ကယ်ဆယ်ရေး စခန်းတွင် နေထိုင်သူ ဦးကျော်ဇံ(၃၆) နှစ်၊ (ဘ) ဦးမောင်သန်းချေဖြစ်ကြောင်း သိရသည်။

ဖခင်ဖြစ်သူ ဦးမောင်သန်းချေက “ မနေ့က ညဉ့်အချိန် ၉ နာရီကျော်မှာ မြောက်ဦးကားဂိတ်ကနေ လက်ကောက်ဈီး ကယ်ဆယ်ရေးစခန်းကို ပြန်ပါတယ်။ လမ်းမှာ လုံခြုံရေးတပ်ဖွဲ့တွေ့ပြီး အဖမ်းခံရပါတယ်။ ဒီနေ့ မနက်က သူ့ကို မြောက်ဦးမြို့ရဲစခန်းမှာ ဖမ်းချုပ်ထားတယ်လို့ သိရတဲ့ အတွက် သွားကြည့်ခဲ့ပါတယ်။ ဒီကနေ့မှာ တရားရုံးမှာ အမှုဖွင့်လိုက်ပြီလို့ သိရပါတယ်။ ဘယ်အမှုနဲ့ ဖွင့်တယ်ဆိုတာတော့ ကျွန်တော်လည်း မသိပါ” ဟု ပြောသည်။

ဦးကျော်ဇံမှာ အုတ်ဖော်ကန်ကျေးရွာမှ ဖြစ်ပြီး မြောက်ဦးမြို့ လက်ကောက်ဈီးစစ်ရှောင်စခန်းတွင် ဇနီးဖြစ်သူအပါအဝင် မိသားစုနှင့် နေထိုင်သူ ဖြစ်ကြောင်း သိရသည်။

“ ညဉ့်အချိန် မသွားသင့်တဲ့ အချိန်မှာ သွားတဲ့အတွက် စိတ်မကောင်းဖြစ်မိပါတယ်။ သူ့မှာ ညဉ့်မထွက်ရ အမိန့်ထုတ်ထားချိန်မှာ သွားလာတဲ့ အတွက် အပြစ်ရှိပေမယ့် သူက ရိုးရိုးသားသားနေထိုင်သူဖြစ်ပါတယ်။ အရက်သေစာသောက်ပြီး ပြန်လာချိန်မှာ အဖမ်းခံရတာလို့ သိရပါတယ်။ မိသားစုအနေနဲ့ စိုးရိမ်နေကြပါတယ်” ဟု ဖခင်ဖြစ်သူက ပြောသည်။

မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ဖမ်းဆီးခံရခြင်းမှာ မှန်ကန်ပြီး မိသားစုများက ဆက်သွယ်လာသည်ဟု ပြောကြားသည်။

“ အဖမ်းခံရတာက မနေ့က ညဉ့် ၉ နာရီကျော်မှာလို့ ကြားတယ်။ ရဲစခန်းမှာ ဖမ်းထားတယ်လို့ သိရပါတယ်။ ဘယ်ပုဒ်မနဲ့ အမှုဖွင့်တယ်ဆိုတာတော့ မသိရဘူး” ဟု ပြောကြားသည်။

မြောက်ဦးမြို့နယ်တွင် ပုဒ်မ ၁၄၄ ညထွက်ရအမိန့်ကို ည ၉ နာရီမှ နံနက် ၅ နာရီထိ သတ်မှတ်ထားကြောင်း သိရသည်။

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...