မွန်ပြည်နယ်မှ ကျန်းမာရေးဝန်ထမ်းနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင် ၈၀ ဦးခန့် ရန်ကုန်သို့စေလွှတ်

မွန်ပြည်နယ်မှ ကျန်းမာရေးဝန်ထမ်းနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင် ၈၀ ဦးခန့် ရန်ကုန်သို့စေလွှတ်

စိုင်းထွန်းစံ — ရန်ကုန်မြို့တွင် ကိုဗစ် ၁၉ ရောဂါပိုးကူးစက်မှုနှုန်းမြင့်မားနေသည့်အတွက် အားဖြည့်ကူညီဖို့ မွန်ပြည်နယ်မှ ကျန်းမာရေးဝန်းထမ်းနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင် ၈၀ ဦးခန့်စေလွှတ်ထားကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ထံမှသိရသည်။

ကျန်းမာရေးဝန်ထမ်း ၄၀ ဦးကို ပထမအသုတ် စက်တင်ဘာလအတွင်းကစေလွှတ်ထာပြီး ကြက်ခြေနီတပ်ဖွဲ့ဝင် ၄၁ ဦးကို အောက်တိုဘာလ ၁၂ ရက်နေ့က ဒုတိယအသုတ်အဖြစ် မော်လမြိုင်မြို့မှစတင်ထွက်ခွာသွားကြောင်း သိရသည်။

“ကျန်းမာရေးဝန်ထမ်းနဲ့ ကြက်ခြေနီနဲ့ ပူးပေါင်းပြီးတော့ ကိုဗစ်လူနာတွေကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း တွေလုပ်ဖို့အတွက် ပို့ရတာဖြစ်ပါတယ်။ ရွေးချယ်တာကတော့ ၁၀ မြို့နယ်ကို အကြောင်းကြားလိုက်တယ် သူတို့ဆန္ဒနဲ့ မိဘသဘောတူညီမှုနဲ့ ကျွန်တော်တို့ကိုလာပြီး သတင်းပို့ပါတယ်” ဟု မွန်ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးကျော်မြင့်က ပြောသည်။

ယင်းကြက်ခြေနီတပ်ဖွဲ့ဝင်တို့သည် ရန်ကုန်မြို့ လှိုင်ဆေးရုံတွင် ကိုဗစ် ၁၉ ရောဂါပိုးတွေ့လူနာများကို လာမည့်နိုဝင်ဘာလ ၁ ရက်နေ့အထိ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ရန်ကုန်မှာက ကိုဗစ်လူနာတွေထားဖို့စင်တာတွေကို တိုးပြီးဆောက်ထားတယ်။ အဲ့တော့တိုင်းနဲ့ပြည်နယ်တွေကနေ ကူညီပေးဖို့အတွက် အကူခေါ်လိုက်တာ စစ်ပြီးပိုးတွေ့လူတွေရဲ့ ၇၅ ရာခိုင်နှုန်းလောက်က ရန်ကုန်မှာပဲလေ မွန်ပြည်နယ်ထက်ပိုပြီးလိုအပ်တယ်။မွန်ပြည်နယ်မှာလည်း များလာတယ်ဆိုပေမယ့် နိုင်နင်းတဲ့အနေအထားမှာရှိသေးတော့ ဒီဘက်ကိုလာလိုက်တာ” ဟု သွားရောက်ကူညီဆောင်ရွက်ပေးနေသူ ဒေါက်တာအေးမြတ်မွန်က ဆိုသည်။

အချို့တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ရန်ကုန်မြို့ကို လာရောက်ကူညီဆောင်ရွက်ရန် မဲနှိုက်စနစ်ဖြင့် လာရောက်မှုများရှိသော်လည်း မွန်ပြည်နယ်မှ မိမိသဘောဆန္ဒဖြင့်သာ လာရောက်ကြကြောင်း ၎င်းထံမှသိရသည်။

“သွားတာကတော့ အစ်မတို့အချိန်အကန့်အသတ်မပြောလိုက်ဘူး တစ်လလောက်ရှိရင်တော့ ပြန်မေးကြည့်ရ မှာပေါ့ သူတို့လဲပြန်ချင်မှာပေါ့။ အခုလောလောဆယ်မှာတော့ သွားတဲ့သူတွေထဲက အချို့မြို့နယ်တွေထဲက ထိုင်သင့်သလောက်အခက်အခဲကတော့ နဲနဲရှိသွားတာပေါ့ ထူးထူးခြားခြားတင်ပြလာတာတော့မရှိဘူး” ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွန်ကြားရေးမှူး ဒေါက်တာဝတ်မှုံမှ ပြောသည်။

အလားတူ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပုဂ္ဂလိက ဆေးရုံ ၇ ရုံနှင့် တောင်ကြီးမြို့မှ ဆေးရုံ ၁ရုံတို့မှ ကျန်းမာရေး ဆေးဝန်ထမ်း ၅၀ ဦးသည် ကိုဗစ် ၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပူးပေါင်းကူညီဆောင်ရွက်ရန် အောက်တိုဘာလဆန်းပိုင်းက ရန်ကုန်မြို့သို့ သွားရောက်ခဲ့ကြောင်း သိရသည်။

March 6, 2026
အရပ်သားပြည်သူများကို ပိုမိုဆိုးရွားစွာ စောင့်ကြည့်နိုင်ရန် ဗဟိုမိုဘိုင်းလ်စက်ပစ္စည်း သက်သေခံ...
March 5, 2026
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းကို ဖွင့်လှစ်နိုင်ရေး စစ်ကော်မရှင်ဘက်မှ...
March 4, 2026
ထိုင်းနိုင်ငံမှ ပြည်ပလောင်စာဆီ တင်ပို့မှုရပ်ဆိုင်းလိုက်ပြီဟု ထုတ်ပြန်ထားသည့်အပြင်...
March 2, 2026
မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောၚ်အသီးသီးက အကျဉ်းသား အကျဉ်းသူ ၁၆၀ ကျော် ပြန်လွတ်လာပြီး...