ရခိုင်တွင် လိုအပ်ချက်အရ တပ်မတော်အရာရှိ ၅၀ ကျော်ကို နယ်ခြားစောင့်ရဲတပ်ဖွဲ့သို့ ပြောင်းရွှေ့

ရခိုင်တွင် လိုအပ်ချက်အရ တပ်မတော်အရာရှိ ၅၀ ကျော်ကို နယ်ခြားစောင့်ရဲတပ်ဖွဲ့သို့ ပြောင်းရွှေ့

မင်းထွန်း — ရခိုင်ပြည်နယ်တွင် လိုအပ်ချက်အရ တပ်မတော်အရာရှိစစ်သည် ၅၀ ကျော်ကို နယ်ခြားစောင့်ရဲတပ်ဖွဲ့သို့ ပြောင်းရွှေ့ခြင်းဖြစ်ကြောင်း အောက်တိုဘာ ၁၀ ရက် အွန်လိုင်းမှပြုလုပ်သည့် နိုင်ငံတော်သမ္မရုံး သတင်းစာရှင်းလင်းပွဲတွင် သမ္မရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်တွင် တာဝန်ထမ်းဆောင်နေသည့် နယ်ခြားစောင့်ရဲများသည် ARSA နှင့် AA အဖွဲ့များနှင့် ရင်ဆိုင်နေရသည့်အတွက် နယ်ခြားစောင့်ရဲတပ်ရင်းနှစ်ရင်းအသစ်ဖွဲ့ရန် တပ်မတော်အရာရှိ ၅၁ ဦးကို လိုအပ်ချက်အရပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်ဟု ဦးဇော်ဌေးကဆိုသည်။

“ကျနော်တို့အဓိက လိုအပ်ချက်ပေါ့။ အခုမြန်မာနိုင်ငံရဲတပ်ဖွဲ့မှာ နယ်ခြားစောင့် ရဲတပ်ရင်းနှစ်ရင်း အသစ်ဖွဲ့မှာပါ။ အဲတာက နယ်ခြားစောင့်ရဲရဲ့ သဘောသဘာဝနဲ့ နယ်မြေရဲရဲ့ သဘောသဘာဝမတူဘူး။ အခု ရခိုင် ပြည်နယ်မှာ တာဝန်ထမ်းဆောင်နေတဲ့ နယ်ခြားစောင့်ရဲတွေက ဒီ ARSA၊ AA ဒီလိုအကြမ်းဖက် အဖွဲ့အစည်း တွေနဲ့ရင်ဆိုင်နေ ရတယ်။ ပြောရရင်တော့ တိုက်ခိုက်ရေးကိုဦးစားပေးတဲ့ အဖွဲ့တွေဖြစ်တယ်။ ဖြစ်တော့ ဒီမှာ လိုအပ်ချက်အရ ခုနကပြောတဲ့ ၅၁ ယောက်ပေါ့၊ ဒုတိယဗိုလ်မှူးကြီးကနေပြီးတော့ ဗိုလ်ကြီးအဆင့်အထိ ၅၁ ယောက်ရှိပါတယ်” ဟု သူကပြောသည်။

ထိုသို့ ပြောင်းရွှေ့ရာတွင်ပါဝင်သည့် တပ်မတေ်ာအရာရှိများသည် တပ်မတော်၌ ဒုတိယဗိုလ်မှူးကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့လျှင် နယ်ခြားစောင့်ရဲတပ်ဖွဲ့တွင် ဒုတိယရဲမှူးကြီးအနေဖြင့် တာဝန်ထမ်းဆောင်ရမည် ဖြစ်ကြောင်း ဦးဇော်ဌေးက ဆက်ပြောသည်။

“အဓိက နယ်ခြားမှာ နယ်ခြားစောင့်တပ်ဖွဲ့မှာလိုအပ်ချက်အရ ဒါကိုရွှေ့ပြောင်းတာဖြစ်ပါတယ်။ ဒါတွေက ကက်ဘိနက်လည်း ခွင့်ပြုချက်ပြီးသွားပါပြီ။ ပြီးသွားတော့ အခုတပ်ဖက်ကနေပြီးတော့ ရဲဖက်ကိုတော့ သတင်း ပို့နိုင်တာမရှိသေးဘူးပေါ့။ သူတို့ လွှတ်လိုက်ပြီ၊ ကက(ထူး)အမိန့်ပေါ့။ စစ်ရာထူးခန့်ချုပ်ရုံးရဲ့ အမိန့်၊ ပြောင်းရွှေ့ မိန့်တွေထွက်သွားပြီလို့သိရတယ်။ ဒါက လိုအပ်ချက်အရ ဖြစ်ပါတယ်။ နောက်တစ်ခါ ပြောင်းတဲ့အခါမှာလည်း ဥပမာ-ဒုတိယဗိုလ်မှူးကြီးဆိုရင် ဒီဘက်မှာ ဒုတိယရဲမှူးကြီးရပါမယ်။ အဲတော့ပြောရရင် အဆင့်တူနဲ့ ပြောင်းရွှေ့တာဖြစ်တယ်။ ဒါတွေက လိုအပ်ချက်အရ ပြောင်းရွှေ့တာဝန်ထမ်းဆောင်တာဖြစ်တယ်လို့ ဖြေကြား လိုပါတယ်” ဟု ၎င်းကပြောသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည့် ၂ နှစ်နီးပါးအချိန်ကာလ အတွင်းတွင် နယ်ခြားစောင့်ရဲကင်းစခန်းများလည်း တိုက်ခိုက်ခံရမှုများရှိနေသည်။

ပြီးခဲ့သည့် သြဂုတ်အတွင်းကလည်း မောင်တောမြို့နယ် ကျောက်ပန်းဒူကျေးရွာအနီးဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်းတပ်မတော်သားများနှင့်အတူ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၆ ဦးတို့ကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA)က သတင်းထုတ်ပြန်ခဲ့သည်။

Wai Hun Aung / စက်တင်ဘာလ ၄ ရက်နေ့က စစ်အုပ်စုတပ်၏ လက်နက်ကြီးနှင့် လေကြောင်း တိုက်ခိုက်မှုများကြောင့် သမိုင်းဝင် ဂူဝဘုရား ထိခိုက်ပျက်စီးခဲ့ရစဉ်။
September 10, 2026
တိုက်ပွဲများ ဖြစ်ပွားနေသည့် ရခိုင်ဒေသတွင် စစ်အုပ်စုတပ်က အကာအကွယ်ပေးရမည့် ဥပဒေများကို ချိုး ဖောက်...
စစ်အုပ်စုတပ်၏ လက်နက်ကြီး ပစ်ခတ်လေ့ကျင့်မှုတစ်ခု။ / cincds
September 8, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ကို စစ်အုပ်စုတပ်က ယခုရက်ပိုင်းအတွင်း လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေသည့်...
စစ်ရေးလေ့ကျင့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ /DMG
September 8, 2026
စစ်အုပ်စုတပ်က စစ်တွေမြို့နယ်မှတစ်ဆင့် မင်းချောင်းတံတားကို ဖြတ်၍ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းသို့...
September 7, 2026
မြန်မာနိုင်ငံတစ်ဝန်း စစ်အုပ်စုတပ်က ကျူးလွန်နေသည့် အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေး...