SSPP/SSA ဌာနချုပ် ဝမ်ဟိုင်းရှိဒေသခံများ ဝမ်ဟိုင်းအထက်တန်းကျောင်းနှင့်ပါခီးလမ်းခွဲတွင် မဲသွားပေးရမည်

SSPP/SSA ဌာနချုပ် ဝမ်ဟိုင်းရှိဒေသခံများ ဝမ်ဟိုင်းအထက်တန်းကျောင်းနှင့်ပါခီးလမ်းခွဲတွင် မဲသွားပေးရမည်
by -
သျှမ်းသံတောဆင့်
ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် နယ်မြေများတွင် SSPP/SSA သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် ဌာနချုပ်တည်ရှိရာ ဝမ်ဟိုင်းအုပ်စုလည်း ပါဝင်နေရာ မဲပေးပိုင်ခွင့်ရှိသူ အုပ်စုသားများ အတွက် ဝမ်ဟိုင်းကျေးရွာတွင် မဲပုံးထောင်မည်ဖြစ်ကြောင်း သိရသည်။

ဝမ်ဟိုင်းရှိ အခြေခံပညာအထက်တန်းကျောင်းတွင် မဲရုံ နှစ်ရုံနှင့် ပါခီးလမ်းခွဲရှိ မူလတန်းကျောင်းတွင် မဲရုံများ ထားရှိမည်ဖြစ်ကြောင်း ကျေးသီးမြို့နယ် ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားသည်။

‘ ဝမ်ဟိုင်း အထက်တန်းကျောင်းမှာ နှစ်ရုံ ပါခီးလမ်းခွဲမှာ တစ်ရုံရှိမယ်။ ‘ ဟု ကျားခေါင်းပါတီ SNLD ၏ ကျေးသီမြို့နယ် ပြည်နယ်လွှတ်တော်ကို်ယ်စားလှယ်လောင်းဖြစ်သည့် စိုင်းစံမိန်းက သျှမ်းသံတော်ဆင့် သို့ ပြောသည်။

ဝမ်ဟိုင်းကျေးရွာအုပ်စုတွင် မဲဆန္ဒရှင် စုစုပေါင်း ၁၂၆၉ ဦးရှိသည်ဟု သိရသည်။

ကျေးသီးတမြို့နယ်လုံးတွင် မဲဆန္ဒရှင် စုစုပေါင်း ၅ သောင်း ၂ ထောင်ကျော်ရှိပြီး ပြည်နယ်မဲဆန္ဒနယ် အမှတ် (၁) တွင် မဲရုံပေါင်း ၂၇ ရုံနှင့် အမှတ် (၂) တွင် မဲရုံပေါင်း ၃၇ ရုံရှိသည်ဟု သိရသည်။

မြို့အဆင့် သတ်မှတ်ထားသည့် မိုင်းနောင်မြို့မှာ ပြည်နယ်လွှတ်တော် အမှတ်(၂) မဲဆန္ဒနယ်တွင် ပါဝင်ကာ ဝမ်စိမ်း ၊ ဝိန်းကောင် မိုင်းနန်းစသည့် ကျေးရွာကြီးများ အပြင် တပ်မတော်တပ်ရင်းများလည်း ရှိနေကာ လားဟူနှင့် ပလောင်လူမျိုးများနေထိုင်သည့် ကျေးရွာများလည်း ရှိနေသည်။ ကျေးသီးအမှတ် (၁) ပြည်နယ် မဲဆန္ဒနယ်မြေတွင် SNLD သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ၊ ကျားဖြူပါတီ SNDP ၊ NLD နှင့် ပြည်ခိုင်ဖြိုးစသည့် ပါတီ လေးပါတီ ယှဉ်ပြိုင်မည်ဖြစ်ကာ အမှတ် (၂) တွင်မူ လားဟူပါတီပါ ဝင်ရောက်ယှဉ်ပြိုင်သဖြင့် စုစုပေါင်း ၅ ပါတီ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ကျေးသီးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက်မူ ကျားခေါင်း ၊ ကျားဖြူ၊ NLDနှင့် ပြည်ခိုင်ဖြိုးစသည့်ပါတီ လေးပါတီ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

April 2, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် နောင်တောင်းကျေးရွာအပါဝင် ညောင်ပင်ကျေးရွာအနီးနားရှိ...
April 1, 2026
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင်အတွင်း စက်သုံးဆီ ရှားပါးလာမှုကြောင့် ပရဟိတ...
March 31, 2026
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့်...
March 30, 2026
ကာချုပ်တာဝန်ကနေ အနားယူလိုက်တဲ့ ဗိုလ််ချုပ်မှူးကြီးမင်းအောင်လှိုင် ၊ KIO ဒုဥက္ကဋ္ဌဟောင်း...