ရသေ့တောင်တွင် ကျည်ထိမှန်၍ စစ်ဘေးရှောင်တစ်ဦး ဒဏ်ရာပြင်းထန်

ရသေ့တောင်တွင် ကျည်ထိမှန်၍ စစ်ဘေးရှောင်တစ်ဦး ဒဏ်ရာပြင်းထန်
ဒဏ်ရာရရှိသွားသည့် ဦးသင်္ကြန်လုံးအား စစ်တွေဆေးရုံကြီးသို့ ပို့ဆောင်ရန် သယ်ဆောင်လာသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - facebook)
ဒဏ်ရာရရှိသွားသည့် ဦးသင်္ကြန်လုံးအား စစ်တွေဆေးရုံကြီးသို့ ပို့ဆောင်ရန် သယ်ဆောင်လာသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - facebook)

အောင်ထိန် — ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ရှိ စဖိုကျွန်းကံပြင် စစ်ဘေးရှောင်စခန်းသို့ လက်နက်ငယ်ကျည် ကျရောက် မှုကြောင့် ယင်းစခန်းတွင် ခိုလှုံနေသည့် စစ်ဘေးရှောင်တစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိသွားကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ (အောက်တိုဘာ ၅ ရက်) နေ့လည်ပိုင်းတွင် မယူမြစ်အတွင်းရှိ တပ်မတော်ရေယာဉ်မှ လက်နက်ငယ် များဖြင့် ပစ်ခတ်သဖြင့် စစ်ဘေးရှောင်စခန်းသို့ ကျည်ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။

ဒဏ်ရာရရှိသူမှာ ဦးသင်္ကြန်လုံး(၇၃)နှစ်ဖြစ်ပြီး ဘယ်ဘက်တင်ပါးမှ ကျည်ထိမှန်ကာ ဆီးခုံဘက်သို့ဖောက်ထွက် သွားခဲ့ပြီး ဒဏ်ရာပြင်းထန်သဖြင့် စစ်တွေဆေးရုံသို့ ပို့ဆောင်ထားကြောင်း ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။

၎င်းမှာ ရသေ့တောင်မြို့နယ် ထီးစွဲကျေးရွာမှနေရပ်စွန့်ခွာကာ စဖိုကျွန်း ကံပြင်စစ်ဘေးရှောင်စခန်း၌ ခိုလှုံနေသူ ဖြစ်သည်။

“နေဗီက ထီးစွဲချောင်းဝနားလောက်မှာရပ်ပြီး အကုန်လုံးကို လှမ်းပစ်တယ်။ ရွာသားတွေက အကုန်လုံး ကြောက်ပြီး ဘုန်းကြီးကျောင်းမှာ ပုန်းနေကြတယ်။ အဲမှာ သူ(ဦးသင်္ကြန်လုံး)က တဲအောက်ပုန်းမယ်ဆိုပြီး အောက်ကိုဆင်းတဲ့အခါ ထိမှန်သွားတာ” ဟု ထီးစွဲကျေးရွာမှ စဖိုကျွန်းကံပြင် စစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေသည့် ဦးကျော်တင်မောင်က ဆိုသည်။

လက်ရှိ ဒုက္ခသည်များသည် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာရခြင်းနှင့် ကိုဗစ် ၁၉ ရောဂါကူးစက်မှုပြဿနာကို တစ်ပြိုင်တည်း ရင်ဆိုင်ဖြေရှင်းနေကြရကြောင်း ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောသည်။

“တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာမှာဆိုရင် ကိုယ့်အိမ်ကိုယ့်ယာမနေရဘဲ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ နီးစပ်ရာ ဒေသတွေကို သွားရတယ်။ အခုအချိန်ထိ ကိုဗစ်ရောဂါက ပျံ့ပွားမှုတွေရှိနေတယ်။ အဲဒါကိုလည်း ဒုက္ခသည်တွေ အနေနဲ့ တွေးပြီးကြောက်နေရတယ်” ဟု ဒေါ်ခင်စောဝေက ဆိုသည်။

ဇွန်လအတွင်းကလည်း ရသေ့တောင်မြို့အနီး ပြားချောင်းကြီးတံတားအနီး တိုက်ပွဲဖြစ်ပွားမှုကြောင့် ရသေ့တောင်မြို့ပေါ်ရှိ ရွှေပါရမီစစ်ဘေးရှောင်စခန်းသို့ လက်နက်ငယ်ကျည်ကျရောက်၍ စစ်ဘေးရှောင်တစ်ဦး ဒဏ်ရာရရှိသွားခဲ့သည်။

လက်ရှိတွင် ကိုဗစ်ကူးစက်နှုန်း မြင့်မားနေသည့် ကာလဖြစ်သော်လည်း ရခိုင်ပြည်နယ်တွင် စစ်ရေးလှုပ်ရှားမှုများ ရှိနေပြီး စစ်ရေးပဋိပက္ခအတွင်း ဒေသခံများ သေဆုံးဒဏ်ရာရရှိမှုများလည်း ဆက်လက်တိုးလာလျက်ရှိကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး(REC)၏ ထုတ်ပြန်ချက်များအရ သိရသည်။

ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...
Wai Hun Aung / စက်တင်ဘာလ ၄ ရက်နေ့က စစ်အုပ်စုတပ်၏ လက်နက်ကြီးနှင့် လေကြောင်း တိုက်ခိုက်မှုများကြောင့် သမိုင်းဝင် ဂူဝဘုရား ထိခိုက်ပျက်စီးခဲ့ရစဉ်။
September 10, 2026
တိုက်ပွဲများ ဖြစ်ပွားနေသည့် ရခိုင်ဒေသတွင် စစ်အုပ်စုတပ်က အကာအကွယ်ပေးရမည့် ဥပဒေများကို ချိုး ဖောက်...