AA အတွက်ရိက္ခာပေးပို့သည်ဟု စွပ်စွဲချက်ကြောင့် မြောက်ဦးမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး တိမ်းရှောင်နေရ

AA အတွက်ရိက္ခာပေးပို့သည်ဟု စွပ်စွဲချက်ကြောင့် မြောက်ဦးမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး တိမ်းရှောင်နေရ

ဉာဏ်ဟိန်း — ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ အောင်တပ်ရပ်ကွက်အုပ်ချုပ်ရေးမှူးအား AA အတွက် ရိက္ခာများပေးပို့နေသည်ဟု ဖုန်းဖြင့်ပြောဆိုလာသည့်အတွက် တိမ်းရှောင်နေရကြောင်း ကာယကံရှင်ထံမှ သိရသည်။

မြောက်ဦးအခြေစိုက် တပ်ရင်း ၃၇၇ မှ အရာရှိဟုဆိုသူက အုပ်ချုပ်ရေးမှူးအား AA အတွက် ထောက်ပံ့ကြေးများ ကောက်ခံနေပြီး ရိက္ခာပေးပို့နေကြောင်း အောက်တိုဘာလ ၂၈ ရက်နေ့က ဖုန်းဖြင့်ပြောဆိုလာ၍ ထွက်ပြေးနေရ သည်ဟု အောင်တပ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလှမောင်ရွှေက ဆိုသည်။

“အဲဒီတပ်ရင်း ၃၇၇ က ဗိုလ်ကြီးတစ်ယောက် ဖုန်းဆက်လာတယ်။ AA အတွက် ထောက်ပံ့ကြေးတွေစုနေတယ်၊ ရိက္ခာတွေထောက်ပံ့နေတယ်ဆိုပြီး သတင်းရထားတယ်ဆိုပြီးတော့ ခြိမ်းခြောက်လာတယ်။ ကျွန်တော် ရိက္ခာ ကောက်ခံတာလည်းမရှိဘူး။ AA ကို ထောက်ပံ့တာလည်းမရှိဘူး” ဟု ၎င်းကပြောသည်။

စက်တင်ဘာ ၃၀ ရက်ကလည်း ထပ်မံ၍ဖုန်းဖြင့်ပြောဆိုလာ၍ အုပ်ချုပ်ရေးမှူး၏ မိသားစုဝင်များပါ စိုးရိမ် ကြောက်လန့်၍ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဦးလှမောင်ရွှေက ဆက်၍ပြောသည်။

“ကျွန်တော့်ကိုတွေ့ချင်တယ်ဆိုပြီးတော့ ဖုန်းဆက်လာတယ်။ ကျွန်တော်က AA နဲ့ပတ်သက်မှုလည်းမရှိဘူး။ ကျွန်တော်လည်း မသွားရဲဘူး။ အဲဒီတော့ အခုကျွန်တော့်မိသားစုတွေလည်း ထွက်ပြေးနေရတယ်။ မြို့နယ် အုပ်ချုပ်ရေးမှူးကိုတော့ အကြောင်းကြားထားပါတယ်” ဟု ၎င်းကဆိုသည်။

ထိုသို့ မြောက်ဦးအခြေစိုက် တပ်မတော်တပ်ရင်းမှ အရာရှိတစ်ဦးက ဖုန်းဖြင့်ခြိမ်းခြောက်သည်ဆိုသောကိစ္စနှင့် ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို DMG မှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်းမရှိခဲ့ပေ။

ရက္ခိုင့်တပ်တော်(AA)အတွက် ရိက္ခာသိုလှောင်ထားသည်ဟုဆိုကာ ဖမ်းဆီးခံထားရသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ စပါးထားကျေးရွာမှ ဆန်စက်ပိုင်ရှင်ဦးရဲကျော်ထွန်းကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၀(ည)၊ ၅၂(က) တို့ဖြင့် စစ်တွေခရိုင်တရားရုံး၌ အောက်တိုဘာလ ၁ ရက်နေ့က တရားစွဲတင်ခဲ့သည်။

ထို့ပြင် မြေပုံမြို့နယ်မှ အငူရွာသစ်ကျေးရွာမှအုပ်ချုပ်ရေးမှူး ဦးမောင်ဇော်(၄၀နှစ်)နှင့် ရွာသစ်ကေကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်(၄၂ နှစ်)တို့ကို အေအေနှင့်ဆက်နွယ်သည်ဆိုသည့် သံသယဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(ခ)တို့ဖြင့် အမှုဖွင့်လှစ်ထားသည်။

ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...
Wai Hun Aung / စက်တင်ဘာလ ၄ ရက်နေ့က စစ်အုပ်စုတပ်၏ လက်နက်ကြီးနှင့် လေကြောင်း တိုက်ခိုက်မှုများကြောင့် သမိုင်းဝင် ဂူဝဘုရား ထိခိုက်ပျက်စီးခဲ့ရစဉ်။
September 10, 2026
တိုက်ပွဲများ ဖြစ်ပွားနေသည့် ရခိုင်ဒေသတွင် စစ်အုပ်စုတပ်က အကာအကွယ်ပေးရမည့် ဥပဒေများကို ချိုး ဖောက်...