စာရင်းသစ်တွင် မွန်ပြည်နယ် မဲပေးနိုင်သူ ၄ သောင်းကျော်တိုးလာ

စာရင်းသစ်တွင် မွန်ပြည်နယ် မဲပေးနိုင်သူ ၄ သောင်းကျော်တိုးလာ

ပြင်ဆင်ဖြည့်စွက် ထုတ်ပြန်သည့် မဲစာရင်းအရ မွန်ပြည်နယ်တွင် မဲပေးပိုင်ခွင့်ရှိသူ ၄ သောင်းကျော် တိုးလာကြောင်း မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရှိ စာရင်းအရ သိရသည်။

ပထမအကြိမ် မဲစာရင်း ကြေညာစဉ်က မွန်ပြည်နယ်တွင် မဲပေးပိုင်ခွင့်ရှိသူ ၁၇ သိန်း ၆ သောင်းကျော်ရှိပြီး ယခု နောက်ဆုံးအကြိမ် ကပ်ထားကြေညာမည့် မဲစာရင်းတွင် မဲပေးပိုင်ခွင့်ရှိသူ ၁၈ သိန်းကျော် ရှိလာခြင်းဖြစ်သည်။

နောက်ဆုံးအကြိမ် မဲစာရင်းကို အောက်တိုဘာ ၁ ရက်နေ့မှ ၁၄ ရက်နေ့ထိ ၁၄ ရက်တိုင် ကပ်ထားကြေညာ မည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန် ကြေညာထားသည်။

“မဲစာရင်းကို ပထမအကြိမ်တုန်းကလိုပဲ ဒုတိယအကြိမ်မှာလည်း သက်ဆိုင်ရာ ရပ်/ကျေးကော်မရှင် အဖွဲ့ခွဲရုံး တွေမှာ ကပ်ဖို့ လုပ်ထားတယ်၊ အွန်လိုင်းကနေ ကြည့်လို့ရအောင်လည်း ပြည်ထောင်စုက ဆောင်ရွက်ပေးထား တယ်၊ အဲဒီမှာ ကြည့်လို့ရတယ်၊ ကြည့်လို့ မပါဘူး ဘာညာဆိုရင် သက်ဆိုင်ရာ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲ တွေ မှာ သွားစစ်လို့ရတယ်၊ ပြင်ဆင်လို့ရတယ်” ဟု မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ခံအရာရှိ ဦးဟိဏ်းလင်းထက်က ပြောသည်။

မဲစာရင်းကို အွန်လိုင်းမှတဆင့် ကြည့်ရှုလိုသူများသည်  https://findyourpollingstation.uec.gov.mm  ဆိုသည့် အင်တာနက်စာမျက်နှာတွင် ကြည့်နိုင်သည့်အပြင် မိုဘိုင်းဖုန်းတွင် findyourpollingstation ဆိုသည့် အက်ပလီကေးရှင်းမှလည်း ကြည့်နိုင်သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။

ယခုတစ်ကြိမ်သည် မဲစာရင်းစစ်ဆေးရန် နောက်ဆုံးအခွင့်အရေးဖြစ်သည့်အတွက် မဲစာရင်းတွင် ပါဝင်ရန်နှင့် အချက်အလက်မှားယွင်းမှုမရှိစေရန် မဲစာရင်း ကြည့်ရှုစစ်ဆေးကြရန်လည်း ကော်မရှင်က တိုက်တွန်းထားသည်။

“မဲစာရင်းမှာ ပါ မပါ ပြီးတော့ မှားနေတာ စသဖြင့်ပေါ့ စစ်ဆေးနိုင်ဖို့က ဒီတစ်ခါ နောက်ဆုံးပဲ အဲဒါကြောင့် မဖြစ်မနေ စစ်ကြည့်ကြဖို့လိုတယ်၊ ဒီတစ်ခါ ကောင်းတာက အွန်လိုင်းကနေလဲ ကြည့်လို့ရမယ်ဆိုတော့ အတော် အဆင်ပြေမယ်ထင်တယ်၊ မဲပေးနိုင်ဖို့က မဲစာရင်းမှာ ကိုယ့်နာမည်ပါမှဖြစ်မှာဖြစ်တဲ့အတွက် မဲစာရင်းကို ကြည့် ရမယ်” ဟု မွန်လူငယ် မင်းစိုးထိုက် က ပြောသည်။

မဲဆန္ဒရှင်များအနေနှင့် မဲစာရင်းတွင် မိမိအမည် မပါ သို့မဟုတ် အချက်အလက်မှားယွင်းမှုရှိပါက သက်ဆိုင်ရာ ရပ်ကျေးကော်မရှင်အဖွဲ့တို့တွင် လိုအပ်သည့်ပုံစံ တောင်းယူပြီး ပြင်ဆင်ဖြည့်စွက် လျှောက်ထားရမည် ဖြစ်သည်။

မဲစာရင်းတွင် အမည်မပါပါက ပုံစံ (၃) ဖြင့် လျှောက်ရမည်ဖြစ်ပြီး အချက်အလက်မှားယွင်းပါက ပုံစံ (၄-ဂ) ပြင်ဆင်ဖြည့်စွတ်ရမည်ဖြစ်သည်။

မဲစာရင်းတွင် ကွယ်လွန်ပြီးသူများ၊ မဲပေးပိုင်ခွင့်မရှိသူများ ပါဝင်နေပါက အထောက်အထားများနှင့်အတူ ပုံစံ (၄) ဖြင့် ကန့်ကွက်ရမည်ဖြစ်သည်။

Most read this week

ဓာတ်ပုံ - လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် ရွှေကူမြို့နယ်အတွင်းမှ နေအိမ်တစ်လုံး
August 22, 2026
ကချင်ပြည် ရွှေကူမြို့နယ်အတွင်း လူနေရပ်ကွက်များနှင့် ကျေးရွာများကို စစ်တပ်က ဂျက်ဖိုက်တာများဖြင့်...
August 21, 2026
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ ကျေးရွာဘုန်းကြီးကျောင်းတွင် ဒေသခံပြည်သူများ ဥပုသ်သီလ ဆောက်တည်...
ဓါတ်ပုံ - (ပေးပို့ / Crd)
August 21, 2026
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် တောင်ခြမ်းနှင့် ချင်းတွင်းမြစ်ရိုးတစ်လျှောက်ကို စစ်အုပ်စုတပ်က...
August 21, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာတွင် စစ်ကျန် ဗုံးသီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ...