AA ထံ ဖမ်းဆီးခံထားရသူများ လွတ်မြောက်ရေးအတွက် ဆောင်ရွက်နေကြောင်း တပ်မတော်ပြော

AA ထံ ဖမ်းဆီးခံထားရသူများ လွတ်မြောက်ရေးအတွက် ဆောင်ရွက်နေကြောင်း တပ်မတော်ပြော

အောင်ထိန် — ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးထိန်းသိမ်းထားသည့် တပ်မတော်သားများ လွတ်မြောက်ရေးနှင့်ပတ်သက်၍ လွတ်မြောက်ရေးစစ်ဆင်များကို ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်သတင်းမှန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ် ဇော်မင်းထွန်းကပြောသည်။

တပ်မတော်တပ်ဖွဲ့ဝင်များဖြစ်စေ၊ ရဲတပ်ဖွဲ့ဝင်များဖြစ်စေ ဖမ်းဆီးခံထားရသူများနှင့်ပတ်သက်၍ တပ်မတော် အနေဖြင့် လျစ်လျူရှုထားခြင်းမရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက စက်တင်ဘာလ ၂၆ ရက်နေ့တွင် ပြုလုပ်သည့် Online သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

“အချို့နေရာတွေမှာ ကျနော်တို့လူဦးရေနဲ့ အတိအကျမပြောနိုင်ပေမယ့် စစ်ဆင်ရေးကြောင့် လွတ်မြောက် လာတဲ့ သူတွေရှိခဲ့တယ်။ အခုလည်း သူတို့ရဲ့လွတ်မြောက်ရေး၊ သူတို့ရဲ့အသက်ဘေးအန္တရာယ် ကင်းရှင်း စေရေး၊ ပြန်လည်လွတ်မြောက်စေရေးအတွက် တတ်နိုင်သမျှနည်းလမ်းတွေနဲ့ ဆောင်ရွက်လျက်ရှိတယ်” ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆိုသည်။

တပ်မတော်နှင့် AA တို့ တိုက်ပွဲကြားဖမ်းဆီးရမိသည့် တပ်မတော်မှအရာရှိများနှင့် ရဲအရာရှိတို့ ပြောကြားသည့် ဗွီဒီယိုဖိုင်များအား ယခုလအတွင်းမှာ ရက္ခိုင့်တပ်တော်(AA)က ထုတ်ပြန်ခဲ့သည်။

“ကျွန်တော်အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ ရဲဘော်ရဲဖက်တွေကို နှစ်ဖက် လူကြီးအချင်းချင်းသော်လည်းကောင်း၊ တိုင်းရင်းသားညီအစ်ကိုတွေဖြစ်တဲ့အတွက် ပြည်သူလူထုတွေ ထိခိုက် နစ်နာမှုမရှိဘဲနဲ့ ကောင်းမွန်တဲ့နည်းလမ်းတွေနဲ့ညှိနှိုင်းပြီး ကျွန်တော်တို့ကိုကယ်တင်ဖို့ ဆောင်ရွက်စေချင်တယ်”ဟု အေအေထံ ဖမ်းဆီးခံထားရသည်ဆိုသော ဒုတိယတပ်ရင်းမှူး ဗိုလ်မှူးသက်နိုင်ဦးက စက်တင်ဘာ ၁၉ ရက်တွင် အေအေကထုတ်ပြန်ခဲ့သည့် ဗွီဒီယို၌ပြောဆိုထားသည်။

အလားတူ အေအေမှ စက်တင်ဘာလ ၂၅ ရက်ကထုတ်ပြန်ခဲ့သည့် ဗွီဒီယိုဖိုင်တွင်လည်း ဖမ်းဆီးခံထားရသော တပ်ကြပ်သက်ဆွေဦးက “စစ်ပွဲတွေကို စစ်ပွဲနဲ့ပဲဖြေရှင်းနေမယ်ဆိုရင်တော့ “စစ်ကိုမုန်း၍တိုက်ခဲ့သည် ဇာတ်ကားက” ဇာတ်သိမ်းကိုမရောက်ရှိဘဲ အပိုင်းအပြတ်ဇာတ်လမ်းတွဲတွေနဲ့ပဲ ဆက်လက်ရှိနေဦးမှာ ဖြစ်တယ်လို့ ကျနော်ပြောချင်ပါတယ်”ဟု ပြောဆိုသည်။

တပ်မတော်သားများအနေဖြင့် ရန်သူထံဖမ်းဆီးခံရထားရသည့်အချိန်၌ ၎င်းတို့အား ပျောက်ဆုံးစာရင်းတွင် ထည့်သွင်းထားကာ လစာ၊ နေထိုင်ခွင့်များစသည်များကို ရာခိုင်နှုန်းအလိုက်ပေးထားပြီး မိသားစုဝင်များကိုလည်း ဆက်လက်စောင့်ရှောက်ပေးထားကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။

ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...