မြောက်ဦးမြို့နယ်တွင် သုံးဘီးမောင်းနေသည့် အမျိုးသားတစ်ဦး ဖမ်းဆီးခံရ

မြောက်ဦးမြို့နယ်တွင် သုံးဘီးမောင်းနေသည့် အမျိုးသားတစ်ဦး ဖမ်းဆီးခံရ

မျိုးသီရိကျော် — ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် စက်တင်ဘာ ၂၇ ရက်နံနက် ၈ နာရီကျော်ခန့်က သုံးဘီးမောင်းနေသည့် ဒေသခံတစ်ဦး ဖမ်းဆီးခံထားရသည်ဟု လွှတ်တော်ကိုယ်စားလှယ်နှင့် မိသားစုဝင်များထံမှ သိရသည်။

ဖမ်းဆီးခံရသူ ဦးအေးကျော်၊ အသက်(၃၈)မှာ မြောက်ဦးမြို့၊ အောင်တိုက်အုပ်စု၊ မြို့သစ်ရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး လက်ကျိုးနေသည့် အသက် ၈၀ ကျော်အဖွားတစ်ဦးကို ဆေးကုသရန် နထင်(ခမီး)ကျေးရွာသို့ သုံးဘီးဆိုင်ကယ်ဖြင့်လိုက်ပါပို့ဆောင်သည့် တပ်ရင်း(၃၇၇)မှ ဖမ်းဆီးထိန်းသိမ်းထားလိုက်ကြောင်း မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။

“မိသားစုဝင်တွေက အကြောင်းလာတာပါ။ ဦးအေးကျော်မှာ အဲဒီအဖွားကိုလိုက်ပို့ပေးနေတာက ၅ ကြိမ်ရှိပါပြီ။ ဒီနေ့မှာတော့ တပ်ရင်း ၃၇၇ က ဦးအေးကျော်ပါ သူမောင်းတဲ့တုပ်တုပ်သုံးဘီးလေးကို အဲဒီတပ်ရင်းအထဲသို့ ခေါ်ဆောင်သွားတာပါ။ အဲဒီအဘွားကိုတော့ တခြားဆိုင်ကယ်တစ်စီးနဲ့ပြန်ခိုင်းလိုက်တာပါ” ဟု ဦးထွန်းသာစိန်က ပြောသည်။

ယင်းကိစ္စနှင့်ပတ်သတ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မိသားစုဝင်များက တပ်ရင်း ၃၇၇ ကို သွားရောက်စုံစမ်းခဲ့သော်လည်း ၎င်းအားဖမ်းဆီးထားခြင်းမရှိကြောင်းပြောသဖြင့် ဂိတ်ဝမှပြန်လာခဲ့ရသည်ဟု ဦးအေးကျော်၏ ယောက္ခထီးဖြစ်သူ ဦးမောင်နုကပြောသည်။

လက်ရှိတွင် ဖမ်းဆီးခံထားသူနှင့်အတူသွားသည့် အဘွားမှာ မိမိနေထိုင်သည့်ရပ်ကွက်ကို ပြန်လည်ရောက်ရှိ လာသော်လည်း ဦးအေးကျော်မှာ လက်ရှိအချိန်ထိပြန်လည်ရောက်လာခြင်းမရှိသည့်အတွက် မိသားစုဝင်များမှာ စိုးရိမ်နေကြသည်ဟုလည်း ၎င်းကပြောသည်။

“အခုချိန်ထိ မရောက်လာသေးတဲ့အတွက် ကျနော်တု့ိကတော့စိုးရိမ်ပါတယ်။ အပြစ်မရှိပဲ  အသတ်ခံရမှာကိုလည်း စိုးရိမ်တယ်။ သူက အိမ်မှာ အဓိကစားဝတ်နေရေးအတွက်လုပ်ကိုင်ပေးနေတာ။ သူ့မိန်းမကလည်းကလေး ငယ်ငယ်လေးရှိသေးတာကြောင့် အလုပ်မလုပ်နိုင်သေးဘူး။ ကျနော့်သမက်က ရိုးရိုးသားသားလုပ်ကိုင် စားသောက်နေတာပါ။ အမြန်ဆုံးပြန်လွှတ်ပေးစေချင်တယ်” ဟု ဦးမောင်နုကပြောသည်။

မြောက်ဦးမြို့နယ်တွင် ပြီးခဲ့သည့်စက်တင်ဘာ ၂၀ ရက်နေ့ကလည်း ငါးမြုံးထောင်ရာမှပြန်လာသည့် ဒေသခံ တစ်ဦးအား ငွေတောင်ပေါက်တံတားအနီး စစ်ဆေးရေးဂိတ်မှဖမ်းဆီးထိန်းသိမ်းထားကြောင်း မိသားစုဝင်များထံမှ သိရသည်။

ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...