ရခိုင်တွင် မဲဆွယ်စည်းရုံးရေး နှစ်ပတ်အတွင်း NLD အောင်နိုင်ရေးဆိုင်းဘုတ် ၆ ခု ဖျက်ဆီးခံရ

ရခိုင်တွင် မဲဆွယ်စည်းရုံးရေး နှစ်ပတ်အတွင်း NLD အောင်နိုင်ရေးဆိုင်းဘုတ် ၆ ခု ဖျက်ဆီးခံရ
တောင်ကုတ်မြို့နယ်၊ မအီမြို့ဈေးထိပ်၌ NLD ပါတီမှစိုက်ထူထားသည့် ဆိုင်းဘုတ်ဖျက်ဆီးခံရပုံ
တောင်ကုတ်မြို့နယ်၊ မအီမြို့ဈေးထိပ်၌ NLD ပါတီမှစိုက်ထူထားသည့် ဆိုင်းဘုတ်ဖျက်ဆီးခံရပုံ

ခင်သရဖီဦး — မဲဆွယ်စည်းရုံးရေး နှစ်ပတ်တာကာလအတွင်း ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်နှင့် မြေပုံမြို့နယ်တို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)မှ စိုက်ထူထားသည့် အောင်နိုင်ရေးဆိုင်းဘုတ် ၆ ခု ဖျက်ဆီးခံခဲ့ရကြောင်း NLD ပါတီဝင်များနှင့် ဒေသခံများထံမှသိရသည်။

ယခုလ ၁၁ ရက်နေ့မှ ၂၀ ရက်နေ့အထိ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် ၁ ခု ၊ ချောင်းသုံးခွကျေးရွာမှာ ၁ ခု၊ နတ်ကန်တွင် ၁ ခုနှင့် ရွာမကျေးရွာမှာ ၁ ခု စသည့်ဖြင့် NLD ပါတီ အောင်နိုင်ရေးဆိုင်းဘုတ်များ ဖျက်ဆီးခံခဲ့ရခြင်းဖြစ်သည်။

အလားတူ မြေပုံမြို့နယ်တွင်လည်း စက်တင်ဘာ ၁၈ ရက်က တရုတ်တန်းရပ်ကွက် မြို့မဈေးကြီးအနီးရှိ ဆိုင်းဘုတ်တစ်ခုနှင့် နတ်ချောင်းကျေးရွာမှ ဆိုင်းဘုတ်တစ်ခုတို့ ဖျက်ဆီးခံခဲ့ရသည်။

NLD ပြောရေးဆိုခွင့်ရှိသူဒေါက်တာမျိုးညွန့်က “ရွေးကောက်ပွဲဆိုတာ ပြည်သူတွေရဲ့ရင်ထဲက ဆန္ဒမဲပြားရအောင် စည်းရုံးတဲ့ပွဲဖြစ်တဲ့အတွက် ရိုးသားတဲ့နည်းတွေနဲ့ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒီလိုပြိုင်ဖက်ပါတီတွေရဲ့ ဆိုင်းဘုတ် တွေကိုဖျက်စီးတာက ရွေးကောက်ပွဲကိုလည်းအကျိုးမပြုဘူး။ ပြိုင်ဘက်နိုင်ငံရေးပါတီတွေအနေနဲ့ ဆင်ခြင် သင့်တယ်” ဟု ဆိုသည်။

ထိုသို့ဖျက်ဆီးခံရခြင်းနှင့်ပတ်သတ်ပြီး အရေးယူဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာရဲစခန်းများတွင်တိုင်တန်း အမှုဖွင့်ထားကြောင်း NLD ပါတီမှ တောင်ကုတ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်က ပြောသည်။

“ရဲစခန်းတွေမှာတော့ တိုင်ချက်ဖွင့်ထားတယ်၊ အမှုဖွင့်ထားတယ်။ မြို့နယ်အောင်နိုင်ရေးအဖွဲ့ခေါင်းဆောင်က ဦးဆောင်ပြီးတော့ ဖွင့်ထားတာရှိတယ်။ ပုဒ်မတော့ ကျနော်အတိအကျမသိဘူး” ဟု ဦးမင်းအောင်ကဆိုသည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအား နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။

ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...
April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...
April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...