ရခိုင်က ကျောင်းသားသုံးဦးကို ဘေးစီမံဥပဒေဖြင့် စွဲချက်မတင်မီပြန်လွှတ်၊ ငြိမ်းစုစီဥပဒေဖြင့် ဆက်လက်တရား ရင်ဆိုင်ရမည်

ရခိုင်က ကျောင်းသားသုံးဦးကို ဘေးစီမံဥပဒေဖြင့် စွဲချက်မတင်မီပြန်လွှတ်၊ ငြိမ်းစုစီဥပဒေဖြင့် ဆက်လက်တရား ရင်ဆိုင်ရမည်

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့၌ ဆန္ဒဖော်ထုတ်ခဲ့သဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ-၂၅ နှင့်အမှုဖွင့်ခံထားရသည့် ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ကျောင်းသားသုံးဦးအား စက်တင်ဘာလ ၂၂ ရက်တွင် စစ်တွေမြို့နယ်တရားရုံးမှ စွဲချက်မတင်မီပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။

စစ်တွေကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုတိုးတိုးအောင်၊ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ကိုကျော်နိုင်ဌေး၊ စစ်တွေကွန်ပျူတာတက္ကသိုလ်က ပြန်ကြားရေးတာဝန်ခံ ကိုသန်းနိုင်တို့သည် စက်တင်ဘာလ ၉ ရက်နေ့က ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။

လက်ရှိ ၎င်းတို့သုံးဦးမှာ ဘေးစီမံဥပဒေပုဒ်မ-၂၅ ဖြင့် စွဲချက်မတင်မီ လွတ်မြောက်ခဲ့သော်လည်း ငြိမ်းစုစီဥပဒေ ပုဒ်မ-၁၉ နှင့်စွဲချက်တင်ခဲ့သဖြင့် အာမခံရရှိကာ ပြင်ပမှတရားရင်ဆိုင်ရမည်ဖြစ်သည်။

အဆိုပါကျောင်းသားသုံးဦးက “ဖက်ဆစ်လူသတ်ဝါဒဆန့်ကျင်ကြ၊ သွေးစွန်းတဲ့အစိုးရအလိုမရှိ၊ လူသတ်စစ်တပ် အလိုမရှိ၊ ပြည်နယ်အစိုးအားအလိုမရှိ၊ 4G အင်တာနက်ပြန်လည်ရရှိရေး” စသည့်အချက်များကို ဆန္ဒဖော်ထုတ် ခဲ့ကြခြင်းဖြစ်သည်။

ယင်းသို့ဆန္ဒဖော်ထုတ်ခဲ့သည့် ကျောင်းသားသုံးဦးအား ဘေးစီမံဥပဒေနှင့် အမှုဖွင့်ဖမ်းဆီးထားသည့်အပေါ် ရခိုင်ရှေ့နေအဖွဲ့အစည်း ၄ ခုက ကန့်ကွက်ရှုတ်ချခဲ့ကြသည်။

အဆိုပါကျောင်းသားသုံးဦးအား ဖြစ်ရပ်မှန်နှင့်အညီ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတရေးတို့ကိုရှေ့ရှုကာ သက်ဆိုင်သည့် ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေပုဒ်မ-၁၉ ဖြင့်သာ အမှုဖွင့်အရေးယူသင့်ကြောင်း ရှေ့နေအဖွဲ့အစည်းများက စက်တင်ဘာလ ၁၃ ရက်နေ့တွင် ကြေငြာထုတ်ပြန် ထောက်ပြခဲ့ကြသည်။

ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...