အစ္စလာမ်သာဘာဝင် ကိုယ်စားလှယ်လောင်း ပယ်ဖျက်ခံရမှု မကျေလည်

အစ္စလာမ်သာဘာဝင် ကိုယ်စားလှယ်လောင်း ပယ်ဖျက်ခံရမှု မကျေလည်

ကိုယ်စားလှယ်လောင်း ပယ်ဖျက်သည့်ကိစ္စနှင့် ပတ်သက်ပြီး ကော်မရှင်က ပေးသည့် အကြောင်းပြချက်သည် ခိုင်လုံ မှုမရှိကြောင်း နှင့် အစ္စလာမ်ဘာသာဝင်ဖြစ်သည့်အတွက် ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ယူဆကြောင်း ပယ်ဖျက်ခံရသူ ဦးမောင်မောင်က ပြောသည်။

“ရွေးကောက်ပွဲကော်မရှင်ကလည်း ကြေညာထားပြီးသား ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတရတဲ့ ရွေး  ကောက်ပွဲဖြစ်ရမယ်။ တစ်ခါ နိုင်ငံရေးအရ လူမျိုးရေး ဘာသာရေးခွဲခြားခြင်းမရှိဘူး အဲတော့ မွန်တစ်ပြည်နယ် လုံးမှာ အစ္စလာမ်ဘာသာဝင်ဆိုလို့ ကျနော်တစ်ယောက်ပဲရှိတယ်ဗျာ အခု ကျနော်တစ်ယောက်ပဲ တိုင်ပတ်နေ တယ်။ ကျနော် အစ္စလာမ်ဖြစ်လို့ ခွဲခြားခြင်းခံရတယ်လို့ပဲ ကျနော် ယူဆတယ်” ဟု ဦးမောင်မောင်က ပြောသည်။

မွေးဖွားစဉ်က အဖေ နိုင်ငံသားမဖြစ်သေးသည့်အတွက်ဟုဆိုကာ မွန်ပြည်နယ် မော်လမြိုင်ခရိုင် ကျိုက်မရော မြို့ နယ် ပြည်နယ်မဲဆန္ဒနယ်အမှတ် (၁) နေရာတွင် တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် အမည် စာရင်း တင်သွင်းထားသည့် ဦးမောင်မောင် အား ကိုယ်စားလှယ်လောင်းအမည်စာရင်း မှ ပယ်ဖျက်ခံ ရသည်။

ကိုယ်စားလှယ်လောင်း ပယ်ခံရသည့် ဦးမောင်မောင်က ၎င်း၏ ဖခင်သည် ကျောင်းသားအရွယ်ကတည်းက (အမတ) AG မှတ်ပုံတင် ကိုင်ဆောင်ကြောင်း ထိုစဉ်က (အမတ) AG ကိုင်ဆောင်သူသည် နိုင်ငံသားဖြစ်ကြောင်း လက်ရှိတွင်လည်း အထောက်အထား အပြည့်အစုံရှိကြောင်း ပြောသည်။

ရွေးကောက်ပွဲကော်မရှင်ကတော့ ဦးမောင်မောင်ဖွေးဖွားစဉ် ၎င်း၏ဖခင်သည် နိုင်ငံသားမဖြစ်သေးခြင်းသည် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၈(ခ)၊ ပုဒ်မ ၁၀(င) တို့နှင့် ကိုက်ညီမှု မရှိသည့်အတွက် ပယ် ဖျက်လိုက်ခြင်းဖြစ်သည်ဟု ပြောသည်။

မော်လမြိုင်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အရာရှိ ဦးထင်ကျော် “ဘာဖြစ်လို့လဲဆိုတော့ သူ့ (ဦးမောင်မောင်) ရဲ့ အဖေ ၎င်းမွေးဖွားတဲ့ (၁၆ ရက်၊ ၁၀ လ၊ ၁၉၇၂) မြန်မာနိုင်ငံသား မဖြစ်သေးတဲ့ အတွက်ကြောင့်မို့ သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၈(ခ)၊ ပုဒ်မ ၁၀ (င) တို့နဲ့ ကိုက်ညီမှုမရှိတဲ့အတွက်ကြောင့်မို့ ကိုယ်စားလှယ်လောင်းစာရင်းကနေ ပယ်ဖျက်လိုက်ခြင်းဖြစ်တယ်” ဟု ပြောသည်။

ကိုယ်စားလှယ်လောင်း ပယ်ဖျက်ခံရသည့်နှင့်ပတ်သက်၍ နိုင်ငံသားတစ်ဦး ကိုယ်စားလှယ်လောင်းတစ်ဦး ရသင့် ရထိုက်သည့် အခွင့်အရေး အားလုံး ချိုးဖောက်ခံရသည် ဟု လည်း ဦးမောင်မောင်က ဆက်ပြောသည်။

“ကျနော်နိုင်ငံသား အခွင့်အရေး ချိုးဖောက်ခံရတယ်။ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ယောက်ရဲ့  ရသင့် ရထိုက်တဲ့ အခွင့်အရေး အကုန်လုံးချိုးဖောက်ခြင်းခံရတယ်။ ဘာကြောင့်လဲဆိုတော့ ပယ်ခံရတာနဲ့ ပတ်သက်ပြီး complain တက်ခွင့်မရှိဘူး။ အယူခံတက်ခွင့်မရှိဘူး။ အထောက်အထား ဘယ်လောက်များများ ကျနော့်ကို အချိန်ဆွဲပြီးတော့ တိုင်ပတ်အောင် လုပ်နေတယ်၊ ရည်ရွယ်ချက်ရှိရှိလုပ်နေတယ်လို့ပဲ မြင်တယ်။”

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ လက်ရှိ ရွေးကောက်ပွဲကော်မရှင်၏ လုပ်ရပ်သည် တရားမျှတမှုမရှိပဲ ဥပဒေကို  ကျော်လွန်လုပ်ဆောင်နေသည် ဟု ဦးမောင်မောင် က ဆက်ပြောသည်။

ဦးမောင်မောင်သည် ယခင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တစ်ဦးဖြစ်ပြီး ပါတီကိုယ်စားပြု အနေ နှင့် ရွေးကောက်ပွဲဝင်အခြေအနေမပေးသည့်အတွက် ၂၀၂၀ ခုနှစ်တွင် NLD ပါတီမှ နှုတ်ထွက်ခဲ့ပြီး တသီး ပုဂ္ဂလကိုယ်စားလှယ်လောင်းအနေဖြင့် ရွေးကောက်ပွဲဝင်ပြိုင်ရန် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းခဲ့ခြင်းဖြစ်သည်။

လာမည့်ရွေးကောက်ပွဲတွင် လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်များအတွက် မွန်ပြည်နယ်တွင် ကိုယ်စားလှယ်လောင်း ၃၀၂ ဦးဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

Most read this week

ဓာတ်ပုံ - လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် ရွှေကူမြို့နယ်အတွင်းမှ နေအိမ်တစ်လုံး
August 22, 2026
ကချင်ပြည် ရွှေကူမြို့နယ်အတွင်း လူနေရပ်ကွက်များနှင့် ကျေးရွာများကို စစ်တပ်က ဂျက်ဖိုက်တာများဖြင့်...
August 21, 2026
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ ကျေးရွာဘုန်းကြီးကျောင်းတွင် ဒေသခံပြည်သူများ ဥပုသ်သီလ ဆောက်တည်...
ဓါတ်ပုံ - (ပေးပို့ / Crd)
August 21, 2026
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် တောင်ခြမ်းနှင့် ချင်းတွင်းမြစ်ရိုးတစ်လျှောက်ကို စစ်အုပ်စုတပ်က...
August 21, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာတွင် စစ်ကျန် ဗုံးသီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ...