ချင်းမီဒီယာ ကွန်ယက် (၆) ကြိမ်မြောက် နှစ်ပါတ်လည် အစည်းအဝေးကို မတူပီမြို့တွင် ကျင်းပ

ချင်းမီဒီယာ ကွန်ယက် (၆) ကြိမ်မြောက် နှစ်ပါတ်လည် အစည်းအဝေးကို မတူပီမြို့တွင် ကျင်းပ
by -
ချင်းဝေါလ်
ချင်းမီဒီယာ ကွန်ယက် (၆) ကြိမ်မြောက် နှစ်ပါတ်လည် အစည်းအဝေးကို ၁၅ရက် ၃လ ၂၀၁၇နေ့မှ ၁၇ရက် ၃လ ၂၀၁၇နေ့ထိ ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့နယ်ရှိ ဘုံတလာခန်းမတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်းသိရှိရသည်။

၁၅ရက် ၃လ ၂၀၁၇ခုနှစ် နံနက် (၉)နာရီမှ စတင်၍ ညနေ ၄နာရီထိ ပထမရက်ကို ကျင်းပ ပြုလုပ်ပြီး၊ ချင်းပြည်နယ်ရှိိ မီဒီယာ ကွန်ယက်အဖွဲ့များ၊  မြန်မာနိုင်ငံရှိ  သတင်းမီဒီယာဌာနမှ အထူးဧည့်သည်တော် အဖွဲ့    (၁၆)ဖွဲ့ နှင့် စုစုပေါင်း လူဦးရေ (၃၅) ဦး ပါဝင်တက်ရောက်ခဲ့ကြသည်။

ယခုနှစ် ချင်းမီဒီယာကွန်ယက်အစည်းအဝေးတွင် လာမည့်နှစ်နှစ်အတွက် လုပ်ငန်းစဉ်များရေးဆွဲခြင်း၊ ဦးဆောင်မည့်သူများ ရွေးချယ်ခြင်းများလည်း ပြုလုပ်မည်ဟု သိရသည်။

ချင်းမီဒီယာကွန်ယက်သည် ချင်းမီဒီယာအဖွဲ့များအကြား မီဒီယာနှင့် စပ်လျဉ်းသည့် သင်တန်းများပြုလုပ်ခြင်းများ၊ မြို့များတွင် ဒေသတွင် ဖြစ်ပေါ်နေသော ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လူထုနှင့် တွေ့ဆုံဆွေးနွေးပွဲများပြုလုပ်ခြင်းများ၊ ဝေးလံခေါင်သီသော ဒေသများတွင် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် သတင်းမီဒီယာစပ်လျှဉ်းသော သတင်းများအား ပြုလုပ်ခဲ့သည်ဟု ချင်းမီဒီယာကွန်ယက်၏ အမှုဆောင် ဒါရိုက်တာ ဆလိုင်းဟုန်းထွန်းဂေမှ ပြောသည်။

ချင်းမီဒီယာကွန်ယက်၏ အစီရင်ခံစာမှတ်တမ်းအရ- ၂၀၁၅နှင့် ၂၀၁၆ခခုနှစ်တွင်း တစ်နှစ်အတွင်း ချင်းမီဒီယာနှင့် ချင်းပြည်နယ် အစိုးရအဖွဲ့တို့ အစိုးရနှင့် သတင်းမီဒီယာများ ဆက်သွယ်နိုင်မှု အတွက် ဆွေးနွေးပွဲ နှစ်ကြိမ်ပြုလုပ်ခဲ့ခြင်း၊ မတူပီမြို့ ၌ ကြံုတွေ့ခဲ့ရသော ဖုန်းလိုင်းပြသနာများအား ဒေသခံများနှင့် တာဝန်ရှိသူအချို့နှင့် ဆွေးနွေးပွဲများပြုလုပ်ခြင်း၊  မင်းတပ်မြိို့၌ ကြုံတွေနေရသော ရိုးရာဓလေ့ မြေယာပိုင်ဆိုင်မှုများ နှင့် ပါတ်သက်သည့် ဆွေးနွေးမှုများ၊ တီးတိန်မြို့ ၌ ရေပေးဝေမှု စနစ်နှင့် ပါတ်သက်၍ ဆွေးနွေးမှုများ၊ ဖလမ်းမြို့ပေါ်ရှိ လမ်းများ၏ အမည်များ နှင့် ပါတ်သက်၍ ချင်းသူရဲကောင်းများ အမည် ပြန်လည်အမည်တွင်စေရေး ဆွေးနွေးမှုများ၊ထို့အပြင်  CADAW နှင့် ပါတ်သက်သည့် အမျျိုးသမီး အခွင့်အရေး၊ ကလေးသူငယ် အခွင့်အရေးနှင့် အခြေခံ သတင်းရေးသားနည်းများ သင်တန်းပို့ချမှု၊၂၀၁၅ ခုနှစ်တွင် ချင်းပြည်နယ် မီဒီယာ ကွန်ယက် အဖွဲ့ဝင် (၁၃) ဖွဲ့မှ လူဦးရေ (၂၇) ဦး တို့သည် မီဇိုရမ်ပြည်နယ်ရှိ သတင်းဌာနကြီးများ၊ အသံလွှင့် ရုံကြီးများသို့ လေ့လာရေး ခရီးစဉ်သွားခဲ့ ကြသည် ဟုုသိရသည်။

စုစုပေါင်း ချင်းမီဒီယာ၏ ပြုလုပ်မှု သင်တန်းမျာမှာ (၉) ကြိမ်ရှိခဲ့ပြီး၊ ပြည်မဘက်မှ သင်တန်းဆရာ (၆)ဦး နှင့် ဒေသတွင်းမှ သင်တန်းဆရာ (၂)ဦး စုစုပေါင်း (၈) ဦးကို ဖိတ်ခေါ်ခဲ့ပြီး သင်တန်းသား စုစုပေါင်း (၁၆၂)ဦး တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ်ရှိ သတင်းဌာနများမှာ ဒေသသုံး ချင်းဘာသာစကားများဖြင့် အများဆုံး ထုတ်ဝေလျက် ရှိပြီး၊ မြန်မာဘာသာဖြင့် ထုတ်ဝေသော သတင်းဌာန (၂)ခုရှိသည် ဟုသိရသည်။

အဆိုပါ ချင်းသတင်းဌာန အောက်တွင် အလုပ်လုပ်နေကြသော အယ်ဒီတာများနှင့် သတင်းထောက် လုပ်သား စုစုပေါင်း (၈၀) ဦးခန့်ရှိသည်ဟုလည်း သိရသည်။

၂၀၁၂ခုနှစ် ပထမအကြိမ် ချင်းမီဒီယာ ကွန်ယက်ကို  ချင်းပြည်နယ် မြောက်ပိုင်း ထန်တလန်မြို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး၊ ၂၀၁၃ခုနှစ် ဒုတိယအကြိမ်ကို ဖလမ်းမြို့၊ ၂၀၁၄ခုနှစ် တတိယ အကြိမ်ကို၂၀၁၄ ဟားခါးမြို့၊ ၂၀၁၅ခုနှစ် စတုတ္ထ အကြိမ်ကို တီးတိန်မြို့၊ ၂၀၁၆ခုနှစ် ပဥ္စမအကြိမ်မြောက်ကို မင်းတပ်မြို့နှင့် ဆဌမအကြိမ်ကို ၂၀၁၇ခုနှစ် ဆဌမအကြိမ်ကို  မတူပီမြို့တွင် ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...