ရွေးကောက်ပွဲ ရွှေ့ဆိုင်းပါက အောက်တိုဘာတွင် ကြေညာမည်

ရွေးကောက်ပွဲ ရွှေ့ဆိုင်းပါက အောက်တိုဘာတွင် ကြေညာမည်

ကူးစက်နှုန်း မြှင့်တက်လာသည့် COVID- 19 ကပ်ရောဂါကြောင့် ရွေးကောက်ပွဲ ရွှေ့ဆိုင်းမည်ဆိုပါက  အောက်တိုဘာလတွင် ကြိုတင်အသိ ပေးသွားမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် UEC က ပြောသည်။

COVID- 19 ကပ်ရောဂါကြောင့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲအား ရွှေ့ဆိုင်းမည်ဆိုပါက ကြိုတင်အသိပေး သွားမည်ဟု စက်တင်ဘာလ ၂ ရက်နေ့ နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် UEC အဖွဲ့ဝင် ဦးမြင့်နိုင်က  သတင်းမီဒီယာများကို ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ရွေ့ဖို့အကြောင်း အခုထိမရှိသေးဘူးပေါ့။ ရွှေ့ရင် အခုနလို အောက်တိုဘာလ ကြိုတင်ပြီးတော့ ပြောမှာပေါ့။”

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် အောက်တိုဘာလ ၃ ရက်နေ့ အထိ COVID– 19 ကူးစက်ခံရသူ ၁၀၅၈ ရှိဦးရှိပြီး ကူးစက်ခံရသူ အများစုမှာ ရခိုင်ပြည်နယ်နှင့် ရန်ကုန် တိုင်းဒေသကြီးမှ ဖြစ်သည်ဟု သိရသည်။

ထို့အပြင် စောင့်ကြည့်လူနာ ၇၆၈၅ ဦး၊ ပြန်သက်လာသူ ၃၅၉ ဦးနှင့် သေဆုံးသူ ၆ ဦးရှိသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ဦးမြင့်နိုင်က “များများလာတယ်ဆိုတာလည်းပဲ စစ်တွေနဲ့ ရန်ကုန်ပေါ့နော်။ ကျန်တဲ့ နေရာတွေမှာတော့ ဒီ  လောက် မရှိဘူးပေါ့။ စစ်တွေနဲ့ ရန်ကုန်လောက်မှာပဲ များတာ ရွှေ့ဖို့ရှိတယ်ဆိုရင် ခါတိုင်း အောက်တိုဘာ လမှာ ကြိုတင်အသိပေးတာပေါ့။ အခုက အများကြီးမရှိပါဘူး။ ရခိုင်ထဲပဲ။ အခုနက ပြောသလို “ဝ” ဒေသ ၅ မြို့နယ်နဲ့ ရခိုင်ထဲက မြို့နယ် တချို့ ပေါ့။ အဲ့လိုမျိုး မကျင်းပနိုင်မယ့်ဟာကိုလည်း ကြိုပြီးတော့ ကြေညာ သွား မှာပါ” ဟု ပြောသည်။

ယခုနှစ် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး စီစဉ်နေပြီး၊ COVID-19 ကူးစက်ရောဂါ ကူးစက်မှုများ နေ့စဉ်ရက်ဆက်မြှင့်တက်လာနေသည့်အတွက် မဲရုံများတိုးချဲ့ နိုင်ရေးအပြင် အခြားသော ကြိုတင်ပြင်ဆင်များအားလည်း ကော်မရှင်အနေဖြင့် လုပ်ဆောင်နေသည်ဟု ဦးမြင့်နိုင်က သတင်းထောက်များအား ပြောသည်။

COVID- 19 ကာလဖြစ်နေသော်လည်း ၂၀၂၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် နေရာအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၈၆၃ ဦး၊  တစ်သီးပုဂ္ဂလလွှတ်တော် ကိုယ်စားလှယ်ပေါင်း ၇၁ ဦး၊ အမျိုးသားလွှတ်တော်နေရာ အတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း ၉၄၇ ဦး နှင့် တစ်သီးပုဂ္ဂလလွှတ်တော် ကိုယ်စားလှယ်လောင်း ၂၉ ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်မည်ဟု သိရသည်။

ထို့အပြင် တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်နေရာအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း ၃၇ဝဝ ဦး၊ တစ်သီးပုဂ္ဂလလွှတ်တော် ကိုယ်စားလှယ်လောင်းနှင့် တိုင်းရင်းသားလူမျိုး လွှတ်တော်မဲဆန္ဒနယ် အတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၇၉ ဦး၊ တစ်သီးပုဂ္ဂလလွှတ်တော် ကိုယ်စားလှယ်လောင်း ၃၃ ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဆိုသည်။

COVID- 19 ကာလအတွင်းတွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲကြီးတွင် လွှတ်တော် ၃ ရပ်လုံးအတွက် လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း ၇၀၀၀ နီးပါးခန့် ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။

Most read this week

ဓာတ်ပုံ - လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် ရွှေကူမြို့နယ်အတွင်းမှ နေအိမ်တစ်လုံး
August 22, 2026
ကချင်ပြည် ရွှေကူမြို့နယ်အတွင်း လူနေရပ်ကွက်များနှင့် ကျေးရွာများကို စစ်တပ်က ဂျက်ဖိုက်တာများဖြင့်...
August 21, 2026
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ ကျေးရွာဘုန်းကြီးကျောင်းတွင် ဒေသခံပြည်သူများ ဥပုသ်သီလ ဆောက်တည်...
ဓါတ်ပုံ - (ပေးပို့ / Crd)
August 21, 2026
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် တောင်ခြမ်းနှင့် ချင်းတွင်းမြစ်ရိုးတစ်လျှောက်ကို စစ်အုပ်စုတပ်က...
August 21, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာတွင် စစ်ကျန် ဗုံးသီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ...