နှစ် ၇၀ ပြည့် ကရင်အာဇာနည်နေ့ ကျင်းပသည့်အတွက် တရားစွဲခံရသည့်အမှု ၈ ရက်နေ့ အမိန့်ချမည်

နှစ် ၇၀ ပြည့် ကရင်အာဇာနည်နေ့ ကျင်းပသည့်အတွက် တရားစွဲခံရသည့်အမှု ၈ ရက်နေ့ အမိန့်ချမည်

စောထွန်းလင်း — ရန်ကုန်တွင် နှစ် ၇၀ ပြည့် ကရင်အာဇာနည်နေ့ ကျင်းပသည့်အတွက် ကျောက်တံတား ရဲစခန်းက ငြိမ်း၊ စု၊ စီ ပုဒ်မ ၂၀ ဖြင့် တရားစွဲထားခံရသည့် စသိန်းဇော်မင်း၊ စောဆာကွာလာနှင့် မစိန်ထွေးတို့ အမှုကို လာမည့် ၈ ရက်နေ့ရုံးချိန်းတွင် အပြီးသတ် အမိန့်ချသွားမည် ဖြစ်သည်။

အဆိုပါ အမှုအတွက် တတိယမြောက် ရုံးချိန်းကို စက်တင်ဘာ ၁ ရက်နေ့ ကျောက်တံတားမြို့နယ် တရားရုံး၌ ကြားနာပြီးနောက် တရားသူကြီးက စက်တင်ဘာ ၈ ရက်နေ့တွင်အပြီးသတ် အမိန့်ချရန် ထပ်မံချိန်းဆိုလိုက်သည်။

“ကျနော်တို့ကို ၈ ရက်နေ့ရုံးချိန်းမှာ အမိန့်ချမယ်လို့ ပြောပါတယ်။ ထောင်အချုပ်မှာ နေရတာ အဆင်ပြေပါတယ်။ ကျန်းကျန်းမာမာ ရှိပါတယ်” ဟု စသိန်းဇော်မင်းက ရုံးချိန်းအပြီးတွင် ကေအိုင်စီသို့ ပြောသည်။  

ရုံးချိန်းသို့ တရားစွဲခံရသူ ၃ ဦး၏ ဆွေမျိုးများ၊ ကရင်လူငယ်များ အသီးသီး ကိုဗစ် ကာကွယ်ရေးနှင့်အညီ လာရောက် အားပေးနှုတ်ဆက်ခဲ့သည်။

Photo: CJ
April 3, 2026
မြဝတီ-ကော့ကရိတ်-ဖားအံသို့ သွားလာ၍ရသည့် တောင်ပေါ်လမ်းမတက်ခင်နေရာကို ဧပြီ ၂ ရက်နေ့တွင် စစ်အုပ်စုက...
Photo:KIC
April 2, 2026
ဖားအံ-ကော့ကရိတ်-မြဝတီ ကုန်သွယ်ရေးအချက်အချာကျ အာရှလမ်းမကြီးပြန်လည်ဖွင့်လှစ်မည့်...
April 1, 2026
နန်းဝေဖြိုးဇာ — “ အလုပ်လည်းမရှိတော့ အစ်မက ဘန်ကောက်ကို တက်လာခိုင်းတာ။ ရွာက သူငယ်ချင်းတွေလည်း...
April 1, 2026
တိုင်းရင်းသားလက်နက်ကိုင်(၄)ဖွဲ့နှင့် အမျိုးသားညီညွှတ်ရေးအစိုးရ-NUG၊...