လွှတ်တော်တွင်း အတိုက်အခံကောင်းအဖြစ်ရပ်တည်နိုင်ရေး ရွေးကောက်ပွဲတွင် အကောင်းဆုံးယှဉ်ပြိုင်မည်ဟု လူဘောင်သစ်ပါတီကြုံးဝါး

လွှတ်တော်တွင်း အတိုက်အခံကောင်းအဖြစ်ရပ်တည်နိုင်ရေး ရွေးကောက်ပွဲတွင် အကောင်းဆုံးယှဉ်ပြိုင်မည်ဟု လူဘောင်သစ်ပါတီကြုံးဝါး
by -
စောဇင်မောင် (Hintha)

လွှတ်တော်အတွင်း အတိုက်အခံကောင်းအဖြစ် ရပ်တည်နိုင်ရန် ၂၀၂၀ ရွေးကောက်ပွဲတွင် အကောင်းဆုံး ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း လူဘောင်သစ်ပါတီဥက္ကဌ၊ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဇေယျကပြောသည်။

 

“ပါတီအနေနဲ့ အနိုင်ရရှိခဲ့ရင် လွှတ်တော်အတွင်းမှာ အတိုက်အခံပါတီပီသစွာနဲ့ ကြိုးစားသွားမှာဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။

 

ထို့ပြင် ၎င်းတို့ပါတီအနေဖြင့် ရွေးကောက်ပွဲအောင်နိုင်ပါက  နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးပြဿနာ အကျပ်အတည်းများနှင့်အတူ ဒီမိုကရေစီအရေးလှုပ်ရှားမှု၊ လူ့အခွင့်အရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖက်ဒရယ်စနစ်ပေါ်ပေါက်ရေးနှင့် တိုင်းပြည်ဖွံ့ဖြိုးရေးတို့အတွက် လွှတ်တော်အတွင်း အပြုသဘောဆောင်၍ လုပ်ဆောင်သွားမည်ဟုဆိုသည်။

 

သို့သော် လတ်တလောဖြစ်ပေါ်နေသည့် ကိုဗစ်ဗိုင်းရပ်စ်ကြောင့် ရွေးကောက်ပွဲကျင်းပနိုင်ရေး ခန့်မှန်းရခက်နေပြီး မဲဆွယ်စည်းရုံးရေးကာလသည် အခက်အဲအကျပ်အတည်းများနှင့် ရင်ဆိုင်ရလိမ့်မည်ဖြစ်ကြောင်း ဦး‌ဇေယျက သုံးသပ်သည်။

 

"ကိုဗစ်ကပ်ရောဂါကြောင့် ရွေးကောက်ပွဲအခြေအနေက ဘာတွေဖြစ်လာမလဲ ခန့်မှန်းရခက်နေတယ်။ မဲဆွယ်စည်းရုံးရေးကာလ အချိန်တွေမှာလည်း အခက်အခဲအကျပ်အတည်းတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်" ဟု ၎င်းကပြောသည်။

 

လူဘောင်သစ်ပါတီအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် ၂ နှင့် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တို့တွင်တစ်ဦးစီ၊ တောင်ဒဂုံမြို့နယ်ပြည်သူလွတ်တော် မဲဆန္ဒနယ်တွင် တစ်ဦး၊  ပန်းဘဲတန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ် ၁ တွင်တစ်ဦး ၊လှိုင်သာယာမြို့နယ် (အနောက်ပိုင်း) ပြည်သူ့လွတ်တော်မဲဆန္ဒနယ်တွင် တစ်ဦး၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ် ၂ တွင်တစ်ဦး  စုစုပေါင်းခြောက်ဦး ဝင်ရောက်ယှဉ်ပြိုင်မညဖြစ်ပြီး အမျိုးသားလေးဦးနှင့် အမျိုးသမီးနှစ်ဦးတို့ဖြစ်ကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...