ချောင်းနှစ်ခွကျေးရွာ အထက်တန်းကျောင်းဆောင် မိုကြိုးထိမှန် မီးလောင်ဆုံးရှုံး

ချောင်းနှစ်ခွကျေးရွာ အထက်တန်းကျောင်းဆောင် မိုကြိုးထိမှန် မီးလောင်ဆုံးရှုံး

စသောင်းနွန် — ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာ အခြေခံပညာအထက်တန်းကျောင်းဆောင်တစ်ခု ဩဂုတ် ၂၈ ရက်နေ့နံနက်ပိုင်းတွင် မိုးကြိုးထိမှန် မီးလောင်ဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။

မီးလောင်မှုတွင် အလျား ၂၂၀ ပေ၊ အနံ ၃၀ ပေ၊ အုတ်ညှပ်(၂)ထပ် ပင်မအဆောက်အဦး တစ်ခုလုံး နာရီဝက်အတွင်း မီးလောင်ပြာကျသဖြင့် ကျောင်းအသုံးအဆောင်ပစ္စည်းအားလုံး မီးထဲပါသွားကြောင်း ကျောင်းကော်မတီဝင် ဦးလှဌေးက ဆိုသည်။

“ချောင်းနှစ်ခွကျေးရွာ အထက်တန်းကျောင်းမိုးကြိုးပစ်ချတော့ လျှပ်စစ်ဝါးယားကြိုးရှော့သွားတာ  တော့မီးလောင်သွားတာပေါ့၊ မိုးတွင်းဆိုတော့ ခါတိုင်းနှစ်လဲ မိုးကြိုးပစ်တယ်၊ အဲကျောင်းဆောင်က ဘာဖြစ်လို့လဲမသိဘူး ဒီနှစ်ကျတော့ပိုင်ပိုင်နိုင်နိုင်ကိုထိပြီးတော့ မီးလောင်းသွားတာပေါ့၊ ဆရာမကြီးနဲ့ကျောင်းသားတွေကအဲကျောင်းပေါ်မှာအိပ်နေတာ စက်ကွင်းနဲ့လွတ်သွားတယ်” ဟု ဦးလှဋ္ဌေးက ပြောသည်။

အဆိုပါမီးငြိမ်းသတ်ရာတွင် သံပုရာကျေးရွာ၊ တောင်ကလေးကျေးရွာ၊ ကျိုက်မရောမြို့ မီးသတ်ကားအပါဝင် (၇)စီးခန့် လာရောက်မီးငြိမ်းသတ်ခဲ့ကြောင်း သိရသည်။

“စာသင်ကျောင်းပင်မဆောင် နှစ်ထပ်ဆောင်တစ်လုံးလုံးမီးလောင်းသွားတယ်၊ ပစ္စည်းတန်းဖိုးက သိန်း(၅၀)၊ အဆောက်အအုံတန်ဖိုးက သိန်း (၁၆၅) ခန့်မှန်းထားတယ်လို့” ချောင်းနှစ်ခွကျေးရွာ အုပ်ချုပ်ရေးမှုး ကိုအာကာမင်းလှိုင်က ပြောသည်။

သို့ရာတွင် အာဏာပိုင်များက စာသင်ကျောင်းအဆောက်အအုံ ဆုံးရှုံးမှုတန်ဖိုး ၁၆၅ သိန်းဟု ခန့်မှန်းပြောဆိုထားသော်လည်း ကာလတန်ဖိုးအားဖြင့် ထိုထက်မက တန်ဖိုးကြီးမားနိုင်ကြောင်း ရွာသားအချို့က ထောက်ပြသည်။

အလားတူ သြဂုတ်လ (၂၇) ရက်နေ့ညက ရေးမြို့နယ် အံဒင်ကျေးရွာအုပ်စု ငါးမျှားစခန်းကျေးရွာတွင်လည်း  ငါးလှန်းစင်များ မီလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

...........

Photo- ချောင်းနှစ်ခွကျေးရွာ အထက်တန်းကျောင်းဆောင် မီးလောင်ပြီးတွေ့ရစဉ် (MNA) 

May 21, 2026
ထိုင်း-မြန်မာနယ်စပ်၊ တနင်္သာရီတိုင်း၊ မောတောင်မြို့ကို စစ်ကောင်စီအဖွဲ့များက ဒေသခံများကို...
May 20, 2026
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ကျေးရွာမှ ရေလုပ်သားအဖွဲ့များ ငါးဖမ်းရာသီရပ်နားထားသဖြင့် ...
May 19, 2026
မွန်ပြည်နယ်တွင် ကွမ်းသီးအနု ဈေးကောင်းရရှိနေခြင်းကြောင့် အသီးခူဆွတ်ရောင်းချမှုများ၍ ရေရှည်တွင်...
May 18, 2026
မွန်ပြည်နယ်အတွင်း၊ မြို့နယ်အလိုက် ရပ်ကွက်(သို့) ကျေးရွာအုပ်ချုပ်ရေးမှူးများ...