အိမ်ခြံမြေအငြင်းပွားမှုဝင်ရောက်ဖြေရှင်းသည့် အမျိုးသမီးအုပ်ချုပ်ရေးမှူး အမှုရှုံးသဖြင့် တာဝန်မှယာယီရပ်ဆိုင်းခံရ

အိမ်ခြံမြေအငြင်းပွားမှုဝင်ရောက်ဖြေရှင်းသည့် အမျိုးသမီးအုပ်ချုပ်ရေးမှူး အမှုရှုံးသဖြင့် တာဝန်မှယာယီရပ်ဆိုင်းခံရ

စသောင်းနွန် — မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကော့ပနောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဒေါ်မိနီနီအောင်နှင့်အဖွဲ့သည်  ရွာသားအချင်းချင်း အိမ်ခြံမြေအငြင်းပွားမှုဝင်ရောက်ဖြေရှင်းရာမှ တရားစွဲခံရပြီးအမှုရှုံးသဖြင့် သြဂုတ်လ ၁၄ ရက်နေ့က တာဝန်မှယာယီရပ်ဆိုင်းခံရကြောင်း သိရသည်။

ဒေါ်မိနီနီအောင် မော်လမြိုင်ခရိုင်တရားရုံးသို့ ဆက်လက်အယူခံဝင်သွားမည်ဖြစ်သဖြင့် (၁၄-၈-၂၀၂၀) ရက်နေ့တွင် ပြုလုပ်သည့် မြို့နယ်စီမံခန့်ခွဲရေးဆုံးဖြတ်ချက်အရ တာဝန်မှ ယာယီရပ်ဆိုင်းလိုက်ကြောင်း ကျိုက်မရောမြို့နယ် အုပ်ချုပ်ရေးမှူး ပေးပို့သည့်အကြောင်းစာတွင် ဖော်ပြထားသည်။

“ကျွန်မတို့ အမှုရှုံးပြီးတော့ အခု (၁၄.၈.၂၀၂၀) ရက်နေ့က အကြောင်းကြားစာရောက်လာပြီ၊ ကျွန်မ အခုအုပ်ချုပ်ရေးမှူး ရားထူကနေ နှုတ်ထွက်လိုက်ပြီ (၁၅.၈.၂၀၂၀) ရက်နေ့က တတိယမဲရရှိထားသူ ဦးအောင်ဝင်း (ခ) အနော်ကို အုပ်ချုပ်ရေးမှူးတာဝန်းအား လွှဲပြောင်းခဲ့ပါတယ်” ဟု ဒေါ်မိနီနီအောင်က ပြောသည်။

ကော့ပနောကျေးရွာ ရွာသစ်ပိုင်း အိမ်ခြံမြေကိစ္စဝင်ရောက် ဖြေရှင်းရာမှ ဒေါ်မိနီနီအောင် အပါအဝင် ရပ်မိရပ်ဖ ၅ ဦး ရာဇသတ်ကြီးပုဒ်မ-၄၂၇ ဖြင့်တရားစွဲခံရပြီး ငွေဒဏ်ငါးသောင်းကျပ်စီ ပေးဆောင်စေရန်(သို့မဟုတ်) ထောင်ဒဏ်(၁)လစီ ကျခံစေရန် ရက်နေ့တွင် ကျိုက်မရောမြို့နယ်တရားရုံးမှ သြဂုတ်လ ၁၃ ရက်နေ့က အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

“ရွာသား တစ်ယောက်နဲ့တစ်ယောက် ပြဿနာဖြစ်နေတာကို အုပ်ချုပ်ရေးမှူးတစ်ယောက်အနေနဲ့ သွားတားလို့မရတော့ဘူးလား၊ ဒီလိုမျိုးတားပိုင်ခွင့်မရှိရင် အုပ်ချုပ်ရေးမှူးတစ်ယောက်အနေနဲ့ ဘာတွေလုပ်သွားရမှာလဲ၊ ည ၁၂ နာရီလာတိုင်လဲ အုပ်ချုပ်ရေးမှူးတာဝန်အနေနဲ့ မသွားဘဲနေလို့ရလား၊ အခုတော့လဲ ပြဿနာကို ကိုယ်သွားပြီးဖြေးရှင်းပေးတာ ကိုယ့်မှာပြစ်ဒဏ် ခံရပြန်တယ်” ဟု ဒေါ်မိနီနီအောင်က ဆိုသည်။

ကော့ပနောကျေးရွာ ရွာသစ်ပိုင်း၌ အိမ်ခြံမြေအငြင်းပွား၍ ညဘက်အချိန်အခါတွင် ဓား၊ သံတူရွင်းဖြင့် ခြံစည်းရိုးကာနေသည်ကို အုပ်ချုပ်ရေးမှူး ဒေါ်မိနီနီအောင်ထံ လာရောက်တိုင်ကြားသဖြင့် ဆယ်အိမ်မှူး ဦးရှိန်၊ ရာအိမ်မှူး ဦးမြင့်ဦး၊ ဦးသာအောင်၊ ဦးလှထွန်း၊ ဦးရဲဝင်း ၅ ဦးနှင့်အတူ သွားရောက်ဖြေရှင်းရာမှ ယင်းသို့ တရားစွဲခံလိုက်ရခြင်း ဖြစ်သည်။

Most read this week

December 19, 2025
တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ က...
December 18, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင် ဌာနဆိုင်ရာရုံးများကို တော်လှန်ရေး...
Photo credit - social media
December 17, 2025
မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များအား အဓမ္မတပ်သားသစ်စုဆောင်း၍ သင်တန်းပေးနေသည်မှာ...
Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...