မွန်ပြည်နယ်အတွင်း သွေးလွန်တုတ်ကွေးဖြစ်ပွားသူရောဂါဖြစ်ပွားသူ ၈၀၀ ကျော်၊ သေဆုံးသူ ၃ ဦးရှိ

မွန်ပြည်နယ်အတွင်း သွေးလွန်တုတ်ကွေးဖြစ်ပွားသူရောဂါဖြစ်ပွားသူ ၈၀၀ ကျော်၊ သေဆုံးသူ ၃ ဦးရှိ

စိုင်းထွန်းစံ - မွန်ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ဩဂုတ်လ ၈ ရက်နေ့အထိ (၈၇၆) ဦးခန့် သေဆုံးသူ (၃) ဦးရှိကြောင်း မွန်ပြည်နယ်ပြည်သူ့ကျန်မာရေးဦးစီးဌာန ဒုတိယလက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာစည်သူရဲနောင် ထံမှသိရသည်။

သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုအများဆုံးစာရင်းတွင် မွန်ပြည်နယ်ပါဝင်နေသည့်အတွက် ပြည်သူများအနေဖြင့် ကိုဗစ် ၁၉ ကြိုတင်ကာကွယ်ခြင်းများဆောင်ရွက်သကဲ့သို့ သွေးလွန်တုတ်ကွေးရောဂါကိုလည်း မပေါ့ဆသင့်ကြောင်း ၎င်းက ဆိုသည်။

"မွန်ပြည်နယ်ကတော့ နှစ်တိုင်းဖြစ်ပွားတာပေါ့။ အဓိကတော့ ရေသိုလှောင်မှုပေါ့ ခြင်လောက်လန်းပေါက်တဲ့နေရာတွေ များတယ်။ လူတွေကလဲစနစ်တကျရေသိုလှောင်မှုမရှိဘူး။ တချို့အိမ်တွေကလည်း ပိတ်ထားကြတယ် ရွာထဲမှာနေပြီး အဲ့နေရာလေးတွေကျန်နေတယ် နောက်ပြီးတော့အမှိုက်တွေကလဲ စနစ်တကျသိမ်းဆည်မှု မရှိဘူး အားနည်းတာတွေရှိတယ်။ သေဆုံးမှုကတော့ သူကရောဂါတစ်ခုခုနဲ့တွဲလာပြီးတော့ သေဆုံးတာများတယ် "၎င်းမှ ပြောကြားခဲ့သည်။

သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်သူလူထုအနေဖြင့် လိုက်နာဆောင်ရွက်ခြင်း၊ ပူပေါင်းပါဝင်မှုအားနည်းနေသေးကြောင်း ၎င်းကဆိုသည်။

"လိုက်နာမှုအခြေနေကတော့ အားနည်းနေတာပေါ့ ဆေးရုံတက်တဲ့အိမ်တွေကိုသွားကြည့်တာတောင်မှ တစ်ပတ်သွားတယ် သွေးလွန်တုပ်ကွေးက ခြင်လောက်လန်းကြောင့် ဖြစ်တယ် ဆေးတွေခတ်ထားတယ် နောက်တစ်ပတ်လောက်ကြာရင် အဲ့မှာစွန့်ပစ်ပစ္စည်းတွေမှာပေါ့အဲ့ကနေပြီးတော့ပိုးလောက်လန်းတွေပြန်ပြီးတွေ့နေရတယ် အဲ့တော့ပတ်ဝန်းကျင်သန့်ရှင်းရေးလေးလည်း ပူပေါင်းဆောင်ရွက်ဖို့လိုတယ်"ဟု ၎င်းက ဆက်ပြောသည်။

သွေးလွန်တုပ်ကွေးဖြစ်ပွားမှု မွန်ပြည်နယ်မှာ မော်လမြိုင်မြို့နှင့် ပေါင်မြို့နယ်တို့တွင်ဖြစ်ပွားမှုအများဆုံးဖြစ်ပြီး ကျိုက်မရောမြို့နယ်မှ ၁ ဦး၊ ပေါင်မြို့နယ်မှ ၁ ဦးသေဆုံးကြောင်း ၎င်းထံမှသိရသည်။

တစ်နိုင်ငံလုံးတွင် ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ သွေလွန်တုပ်ကွေးရောဂါဖြစ်ပွားသူပေါင်း ၁၇၄၀ ဦး ၊ သေဆုံးသူ ၁၂ ဦးရှိကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနစာရင်းအရ သိရသည်။

Photo-သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးဆောင်ရွက်စဉ် (Mon State Health Department)

March 6, 2026
အရပ်သားပြည်သူများကို ပိုမိုဆိုးရွားစွာ စောင့်ကြည့်နိုင်ရန် ဗဟိုမိုဘိုင်းလ်စက်ပစ္စည်း သက်သေခံ...
March 5, 2026
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းကို ဖွင့်လှစ်နိုင်ရေး စစ်ကော်မရှင်ဘက်မှ...
March 4, 2026
ထိုင်းနိုင်ငံမှ ပြည်ပလောင်စာဆီ တင်ပို့မှုရပ်ဆိုင်းလိုက်ပြီဟု ထုတ်ပြန်ထားသည့်အပြင်...
March 2, 2026
မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောၚ်အသီးသီးက အကျဉ်းသား အကျဉ်းသူ ၁၆၀ ကျော် ပြန်လွတ်လာပြီး...