မွန်ပြည်နယ်တွင် အမျိုးသားထက် အမျိုးသမီးမဲဆန္ဒရှင် အနည်းငယ်ပိုများ

မွန်ပြည်နယ်တွင် အမျိုးသားထက် အမျိုးသမီးမဲဆန္ဒရှင် အနည်းငယ်ပိုများ
မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး(သံလွင်တိုင်းမ်)
မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး(သံလွင်တိုင်းမ်)

နေမင်း — လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသည့် မွန်ပြည်နယ် မဲဆန္ဒရှင်အရေအတွက် ၁၇ သိန်း ၆ သောင်းကျော်ရှိသဖြင့် အမျိုးသားထက် အမျိုးသမီးမဲဆန္ဒရှင် အနည်းငယ်ပိုများကြောင်း မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

၂၀၂၀ ရွေးကောက်ပွဲ၌ မွန်ပြည်နယ်တွင် မဲပေးခွင့်ရှိသူ ၂ သိန်းခွဲကျော်တိုးလာရာ အမျိုးသားမဲဆန္ဒရှင် ၈၃၄,၀၀၀ ကျော်နှင့် အမျိုးသမီးမဲဆန္ဒရှင် ၈၈၆,၀၀၀ ကျော်ရှိပြီး အမျိုးသားမဲဆန္ဒရှင်ထက် အမျိုးသမီးမဲဆန္ဒရှင် ငါးသောင်းကျော် (၅၂,၀၀၀ ဦး) ပိုများသည်။

မော်လမြိုင်ခရိုင်ရှိ ကျိုက်မရောမြို့နယ်တွင် မဲဆန္ဒရှင် ၁၈၀,၀၀၀ ကျော်၊ ချောင်းဆုံမြို့နယ်တွင် ၁၃၀,၀၀၀ ကျော်၊ မုဒုံမြို့နယ်တွင် ၁၇၀,၀၀၀ ကျော်၊ မော်လမြိုင်မြို့နယ်တွင် ၂၃၀,၀၀၀ ကျော်၊ ရေးမြို့နယ်တွင် ၂၀၀,၀၀၀ ကျော်နှင့် သံဖြူဇရပ်မြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူ ၁၄၀,၀၀၀ ကျော်ရှိသည်။

သထုံခရိုင်ရှိ ကျိုက်ထိုမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူ ၁၂၀,၀၀၀ ကျော်၊ ပေါင်မြို့နယ်တွင် ၂၀၀,၀၀၀ ကျော်၊ ဘီးလင်းမြို့နယ်တွင် ၁၄၀,၀၀၀ ကျော်နှင့် သထုံမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူ ၂၀၀,၀၀၀ ကျော် ရှိသည်။

မွန်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲ၌ မဲပေးနိုင်သူ ၁၅ သိန်း ၃ သောင်းကျော်ရှိခဲ့ပြီး ဆန္ဒမဲပေးသူ ၅၁ ဒဿမ ၃ ရာခိုင်နှုန်းသာရှိကြောင်း၊ ထို့အပြင် ၂၀၁၀ ရွေးကောက်ပွဲတွင် မဲပေးနိုင်သူ ၁၀ သိန်း ၁ သောင်းကျော်သာရှိကြောင်း သတင်းမှတ်တမ်းများက ဖော်ပြခဲ့သည်။

လာမည့်နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲအတွက် မဲပေးပိုင်ခွင့်ရှိသူစာရင်းကို သက်ဆိုင်ရာ ကျေးရွာရပ်ကွက်ရုံးအသီးသီး၌ ဇူလိုင်လ ၂၅ ရက်နေ့မှစတင်ကပ်ထားခဲ့ပြီးဖြစ်ရာ မဲဆန္ဒရှင်များက လိုအပ်သည့် တောင်းဆိုလွှာ၊ ကန့်ကွက်လွှာ၊ ပြင်ဆင်လွှာများ တင်ပြရာတွင် အချိန်ပိုမိုရရှိစေရန်အတွက် မဲဆန္ဒရှင်စာရင်းကို သြဂုတ်လ ၁၄ ရက်နေ့အထိ ရက်ထပ်မံတိုးမြှင့် ကပ်ထားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Photo- မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး(သံလွင်တိုင်းမ်)

March 6, 2026
အရပ်သားပြည်သူများကို ပိုမိုဆိုးရွားစွာ စောင့်ကြည့်နိုင်ရန် ဗဟိုမိုဘိုင်းလ်စက်ပစ္စည်း သက်သေခံ...
March 5, 2026
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းကို ဖွင့်လှစ်နိုင်ရေး စစ်ကော်မရှင်ဘက်မှ...
March 4, 2026
ထိုင်းနိုင်ငံမှ ပြည်ပလောင်စာဆီ တင်ပို့မှုရပ်ဆိုင်းလိုက်ပြီဟု ထုတ်ပြန်ထားသည့်အပြင်...
March 2, 2026
မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောၚ်အသီးသီးက အကျဉ်းသား အကျဉ်းသူ ၁၆၀ ကျော် ပြန်လွတ်လာပြီး...