(၁၄) ကြိမ်မြောက် မွန်အမျိုးသမီးများနေ့ မော်လမြိုင်မြို့တွင် ကျင်းပ

(၁၄) ကြိမ်မြောက် မွန်အမျိုးသမီးများနေ့ မော်လမြိုင်မြို့တွင် ကျင်းပ
by -
မွန်သတင်းအေဂျင်စီ
မွန်အမျိုးသမီးများကွန်ရက် (MWN) မှ ဦးစီး၍ တပေါင်းလဆန်း (၁၂) ရက်နေ့တွင် ကျရောက်သည့် (၁၄) ကြိမ် မြောက် မွန်အမျိုးသမီးများနေ့ အခမ်းအနားကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်ရှိ ပိုင်ခေတ် ခန်းမတွင် မတ်လ ၉ ရက်နေ့ကကျင်းပခဲ့ရာ လူဦးရေ (၃၀၀) ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မွန်အမျိုးသမီးများနေ့ကို နယ်ပယ်အသီးသီးမှ အမျိုးသမီးခေါင်းဆောင်များ ပေါ်ထွန်းလာစေရန်၊ အမျိုးသမီးများ ငြိမ်းချမ်းရေးနှင့်လူမျိုးရေး ကိစ္စရပ်များတွင် တာဝန်ယူလာစေရန်၊ ကမ္ဘာအရပ်ရပ်မှ အမျိုးသမီးများနှင့် ပူးပေါင်းလက်တွဲပြီး အမျိုးသမီး အခွင့်အရေးအတွက် တိုုက်ပွဲဝင်သွားစေရန်နှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကိုု တားမြစ်နိုုင်စေရန်  ရည်ရွယ်ချက်တို့ဖြင့် ကျင်းပခဲ့့ခြင်းဖြစ်သည်။

မွန်အမျိုးသမီးများကွန်ယက်မှ မိကွန်းချမ်းနွန်က “အဓိကတော့ အမျိုးသမီးခေါင်းဆောင်တွေ မျာများပေါ်ပေါက် လာဖို့၊ ဆုံး ဖြတ်ချက်ချတဲ့ နေရာမှာ အမျိုးသမီးတွေလည်း ပါဝင်လာနိုင်ဖို့၊ နိုင်ငံရေးတွေ အမျိုးသားရေးတွေနဲ့ အခြားအဖွဲ့ အစည်းတွေမှာလည်း ပါဝင်မှုရှိလာဖို့ ပြီးတော့ ကမ္ဘာ့အမျိုးသမီးအဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ အမျိုးသမီးအကြမ်း ဖက်မှုတွေကို ကာကွယ်နိုင်ဖို့အတွက်လုပ်တာပါ” ဟုပြောသည်။

လက်ရှိမြန်မာနုုိင်ငံသည် အာဏာရှင်စနစ်ဖြစ်သော စစ်အာဏာရှင် လူမျိုးကြီးအာဏာရှင်စနစ်မှ ရုုန်းထွက်နိုင်မည့် အခက်အခဲများသည် ပြည်တွင်းစစ်များ ဆက်လက်ဖြစ်ပွားနေခြင်း၊ လူမျိုးကြီးလွှမ်းမိုုးမှု လုုပ်ရပ်များ ဆက်လက် ဖန်တီးနေခြင်း၊ ပြည်ထောင်စုုဖွား တိုုင်းရင်းသားများအရေးကိုု နားလည်ပေးမှု အားနည်းနေခြင်းတိုု့ကြောင့် နိုုင်ငံ ၏ စစ်မှန်သော ငြိမ်းချမ်းရေးဖော်ဆောင်ခြင်းမှာ နှောင့်နှေးနေပါကြောင်း ၁၄ ကြိမ်မြောက် မွန်အမျိုးသမီးများနေ့ ထုတ်ပြန်ချက်တွင်လည်း ဖော်ပြထားသည်။

ယခုကဲ့သို့ မွန်အမျိုးသမီးများနေ့အထိမ်းအမှတ်ကို မော်လမြိုင်မြို့တွင်သာမက မွန်အမျိုးသမီးအဖွဲ့ တည်ရှိသည့် မြို့နယ်၊ ကျေးရွာများတွင်လည်း ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

“အမျိုးသမီးတွေက နိုင်ငံရေးတွေမှာ၊ ဦးဆောင်တဲ့နေရာနဲ့ ဆုံးဖြတ်ချက်ချရတဲ့ နေရာတွေမှာ ပါဝင်တာ နည်း တယ်၊ ဒါပေမယ့်CSOနဲ့ လူငယ်အဖွဲ့အစည်းတို့လိုမျိုးဆိုရင်တော့ များတာပေါ့ ဒီလိုအမျိုးသမီးကဏ္ဍတွေ များ များပြခြင်းအားဖြင့် သူတို့တွေပိုပြီးအားတွေရှိလာမယ် ပြီးတော့ ခေါင်းဆောင်စိတ်ဓာတ်တွေ ပေါ်ထွန်းလာဖို့ လည်း အထောက်အကူပြုတယ်လို့ မြင်တယ်” ဟုတိုးတက်သောမွန်လူငယ်အစည်းအရုံး  MYPO ဒုဥက္ကဌ ဖြစ်သူ မိရော့ချမ်းက ပြောသည်။

ထို့အပြင် မွန်အမျိုးသမီးများနေ့ အခမ်းအနားသို့ တက်ရောက်လာကြသော အမျိုးသမီးများသည် ဗေဒါအရောင်ရှိသော မွန်ဝတ်စုံကို ဝတ်ဆင်၍ တက်ရောက်ခဲ့ကြပြီး အဓိပ္ပာယ်မှာ အမျိုးသမီးများသည် ဗေဒါပန်းများကဲ့သို့ လောကဓံကို ကြ့ံကြ့ံခံနိုင် စေရန်ဖြစ်ကြောင်း သိရသည်။

မွန်ရာဇာဝင်၌ ထင်ရှားကျော်ကြားသော ဟံသာဝတီပြည်ရှင် မွန်ဘုရင်မ ရှင်စောပု၏ ဖွားတော်မူနေ့ဖြစ်သည့် တပေါင်းလဆန်း(၁၂) ရက်နေ့ကို မွန်အမျိုးသမီးများနေ့အဖြစ် သတ်မှတ်ထားခဲ့ပြီး ၂၀၀၄ ခုနှစ်မှစတင်၍ နှစ်စဉ် ကျင်းပလာခဲ့ကြကြောင်း သိရသည်။

မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...