မွန်ပြည်နယ် ပင်လယ်ဆိပ်ကမ်းနှင့် အထူးစက်မှုဇုန်တည်ဆောက်မည်ဖြစ်ကြောင်း Online ရင်းနှီးမြှုပ်နှံမှုဖိုရမ်တစ်ခုတွင် နိုင်ငံတော်အတိုင်ပင်ခံ ပြောကြား

မွန်ပြည်နယ် ပင်လယ်ဆိပ်ကမ်းနှင့် အထူးစက်မှုဇုန်တည်ဆောက်မည်ဖြစ်ကြောင်း Online ရင်းနှီးမြှုပ်နှံမှုဖိုရမ်တစ်ခုတွင် နိုင်ငံတော်အတိုင်ပင်ခံ ပြောကြား

မွန်ပြည်နယ်ကမ်းရိုးတန်း၌ ပင်လယ်ဆိပ်ကမ်းနှင့် အထူးစက်မှုဇုန်တည်ဆောက်မည်ဖြစ်ကြောင်း ဇူလိုင် ၂၉ ရက်နေ့က ဂျပန်ကုမ္ပဏီများတက်ရောက်သော Online ရင်းနှီးမြှုပ်နှံမှုဖိုရမ်တစ်ခုတွင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ပြောကြားလိုက်သည်။

အိန္ဒိယသမုဒ္ဒရာနှင့်ဆက်စပ်လျှက်ရှိသော မွန်ပြည်နယ်ကမ်းရိုးတန်းတွင် ဆောက်လုပ်ရန်စီစဉ်ထားသည့် အဆိုပါ ပင်လယ်ဆိပ်ကမ်းနှင့် အထူးစက်မှုဇုန်စီမံကိန်းသည် ထိုင်းနှင့်ဗီယက်နမ်တို့အား ဆက်သွယ်မည့်အဝေးပြေးလမ်းမကြီးလည်း ပါဝင်မည်ဖြစ်ကြောင်း  NIKKEI Asia Review Online က ရေးသားဖော်ပြသည်။

ဒေါ်အောင်ဆန်းစုကြည်က"အလုပ်အကိုင်ဖန်တီးပေးမှုဟာ ကျမတို့ နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်ရဲ့ အဓိကအချက်ပဲ” ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော မြန်မာအစိုးရအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို အားပေးမြှင့်တင်ရန်အတွက် မွန်ပြည်နယ်တွင် အထူးစီးပွားရေးဇုန်အသစ်တစ်ခု တည်ဆောက်ရန် ကြေငြာခြင်းဖြစ်သည်။

ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဦးသောင်းထွန်းက “ဒီစီးပွားရေးဇုန်အသစ်ဟာ မြန်မာနိုင်ငံရဲ့အခြားစီးပွားရေးဇုန်တွေထက်ပိုကြီးပြီး ပိုကောင်းတဲ့ချိတ်ဆက်မှုရှိပါလိမ့်မယ်” ဟု အဆိုပါ Online ရင်းနှီးမြှုပ်နှံမှုဖိုရမ်တွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကို ပိုမိုဆွဲဆောင်ရန်မျှော်လင့်နေပြီး ၂၀၁၁ ခုနှစ်မှ လက်ရှိကာလအထိ ဂျပန်နိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုမှာ ဒေါ်လာ ၁.၇ ဘီလီယံရှိခဲ့သည်။

ဂျပန်-မြန်မာစီးပွားရေး ကော်မတီ ဥက္ကဌ Ken Kobayashi က “ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထောက်ပံ့ရေးကွင်း ဆက်တွေကို ပြန်လည်လှုပ်ရှားနိုင်ဖို့ စဉ်းစားရပါတယ်၊ မြန်မာနိုင်ငံဟာ စက်ရုံတွေ ပြန်လည်နေရာချထားနိုင်မှာဖြစ်တဲ့အတွက် ပိုမိုအာရုံစိုက်စရာ ဖြစ်လာလိမ့်မယ်လို့ ထင်ပါတယ်” ဟု ပြောသည်။

လက်ရှိမြန်မာနိုင်ငံတွင် ဂျပန်နှင့်ပူးတွဲဖွင့်လှစ်သော သီလဝါအထူးစီးပွားရေးဇုန်ရှိနေပြီး တရုတ်နိုင်ငံနှင့်ပူးတွဲဖွင့်လှစ်သွားမည့် ရခိုင်ပြည်နယ် ကျောက်ဖြူအထူးစီးပွားရေးဇုန်ဆောက်လုပ်ရေးအတွက် လုပ်ငန်းစတင်နိုင်ခြင်းမရှိသေးပေ။

 COVID-19 ကပ်ရောဂါကြောင့် ကမ္ဘာ့စီးပွားရေးကျဆင်းလာမှုတွင် မြန်မာပြည် အထည်လိပ်နှင့် အထည်ချုပ်လုပ်ငန်းမှ အလုပ်သမား ၈ သိန်းခန့်ထိခိုက်ခဲ့ကြာင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ILO က ထုတ်ပြန်ခဲ့သည်။

Photo-Online ရင်းနှီးမြှုပ်နှံမှုဖိုရမ်တွင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ပြောကြားစဥ်(NIKKEI Asia Review)

March 6, 2026
အရပ်သားပြည်သူများကို ပိုမိုဆိုးရွားစွာ စောင့်ကြည့်နိုင်ရန် ဗဟိုမိုဘိုင်းလ်စက်ပစ္စည်း သက်သေခံ...
March 5, 2026
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းကို ဖွင့်လှစ်နိုင်ရေး စစ်ကော်မရှင်ဘက်မှ...
March 4, 2026
ထိုင်းနိုင်ငံမှ ပြည်ပလောင်စာဆီ တင်ပို့မှုရပ်ဆိုင်းလိုက်ပြီဟု ထုတ်ပြန်ထားသည့်အပြင်...
March 2, 2026
မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောၚ်အသီးသီးက အကျဉ်းသား အကျဉ်းသူ ၁၆၀ ကျော် ပြန်လွတ်လာပြီး...