ရေးမြို့မှာ မဲဆန္ဒရှင်စာရင်း လာကြည့်သူ နည်းပါး

ရေးမြို့မှာ မဲဆန္ဒရှင်စာရင်း လာကြည့်သူ နည်းပါး

မဲဆန္ဒရှင် စာရင်းကပ်ပြီး (၄)ရက်ကြာအထိ ရေးမြို့နယ်မှာ မဲစာရင်းလာကြည့်သူ (၅၀) ရာခိုင်နှုန်း မပြည့်သေးဘူးလို့ ရပ်ကွက် ကျေးရွာ ကော်မရှင်အဖွဲ့ခွဲ ရုံးတွေက ပြောပါတယ်။

မဲဆန္ဒရှင်စာရင်းတွေကို ဇူလိုင် (၂၅) ရက်နေ့က စတင်ပြီး သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာ ကော်မရှင်အဖွဲ့ခွဲ ရုံးတွေမှာ ကပ်ထားကြေညာခဲ့တာပါ။

ရပ်ကွက် ကျေးရွာတွေမှာ မဲစာရင်းလာရောက်ကြည့်ရှုဖို့ နှိုးဆော်ခဲ့ပေမယ့် ၄ ရက်အတွင်း မဲရုံ ၁၀ ရုံမှာ ၉ ရုံခန့်သာ လာရောက်ကြည့်ရှုကြတဲ့အတွက်  ၅၀ ရာခိုင်နှုန်းပင် မပြည့်သေးဘူးလို့ ရပ်ကွက်နဲ့ ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံး တာဝန်ရှိသူတွေက ပြောပါတယ်။

“ လက်ရှိအနေအထားအရ စိတ်ဝင်စားမှုက အသင့်အတင့်အနေအထားပဲရှိပါသေးတယ်၊ တစ်နေ့ကို ၃၀ လောက်ပဲလာကြည့်ကြတာရှိတယ်၊ လာကြည့်သူတွေအနေနဲ့ အဓိကလာပြောကြတာက အမည်မပါတာတွေ၊ မှားလို့ပြင်ဆင်မှာတွေနဲ့ မဲပေးဖို့အတွက် ရွှေ့ပြောင်းတွေ လာပြောကြတာ များပါတယ် ” လို့ ရန်မျိုးအောင်ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးထွန်းမြင့်ဦးက ပြောပါတယ်။

ပြည်တွင်းပြည်ပ ရောက်နေကြတဲ့ဒေသခံတွေကတော့ ကြိုတင်မဲကိစ္စ စုံစမ်းမေးမြန်းမှုတွေ ရှိနေပြီး ရွှေ့ပြောင်းလုပ်သားတွေကတော့ မဲထည့်ချင်ပေမယ့် အခြေအနေအရ လာရောက်ကြည့်ရှုဖို့ အခက်အခဲတွေ ရှိနေတယ်လို့ ဆိုပါတယ်။

” မဲစာရင်းမှာပါသော်လည်းပဲ အမည်ပါရုံနဲ့မရဘူး၊ အချက်အလက်မှန်ခြင်း မမှန်ခြင်းကိုပါ သေချာစစ်ဆေးကြစေချင်ပါတယ်၊ နိုင်ငံသားတာဝန်ကျေပွန်ဖို့နဲ့ ကိုယ်ရွေးချင်တဲ့ကိုယ့်ဒေသကောင်းကျိုးပြုနိုင်တဲ့ကိုယ်စားလှယ်ကို မဲပေးနိုင်ဖို့က မဲစာရင်းကြည့်ဖို့ကတော့ အရေးကြီးပါတယ်၊ ရွှေ့ပြောင်းလုပ်သားတွေအတွက်ဆိုလည်း မဲစာရင်းကြည့်ဖို့နဲ့ မဲပေးဖို့အတွက် ဘယ်လိုလုပ်ရမလဲဆိုတာ မသိကြသေးတာရှိနေသေးတယ် ” အောင်သုခရပ်ကွက်နေ ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးအောင်ခိုင်က ပြောပါတယ်။

ပြည်သူတွေအနေနဲ့ မဲစာရင်းကြည့်ဖို့ အခက်အခဲရှိမယ်ဆိုရင် မွန်ညီညွှတ်ရေးပါတီရဲ့ ရပ်ကျေးကော်မတီတွေကို အကူအညီတောင်းခံနိုင်တယ်လို့ မွန်ညီညွှတ်ရေးပါတီ တွဲဘက်အတွင်းရေးမှူး (၂) နိုင်စံတင်က ပြောပါတယ်။

“လိုအပ်ရင် ကျွန်တော်တို့ ရပ်ကျေးပါတီတွေကို အကူညီတောင်းလို့ ရပါတယ်။ ပြည်သူအများစုက ဒါကို နားမလည်ကြဘူး ဒါပေမယ့် အခုမဲစာရင်းက အိမ်ထောင်စုအလိုက် ကပ်မယ်ဆိုတော့ အဆင်ပြေသွားမှာပါ”လို့ ဆိုပါတယ်။

ရေးမြို့နယ်အတွင်းမှာ ကောက်ခံထားတဲ့ မဲစာရင်းတွေမှာတော့ မှတ်ပုံတင်အမှတ်ဖြည့်သွင်းဖို့ လူငါးသောင်းကျော် ကျန်ရှိနေပြီး ရွေးကောက်ပွဲအမှီဖြည့်သွင်းနိုင်အောင် စေတနာ့ဝန်ထမ်းတွေနဲ့ ဆောင်ရွက်နေပါတယ်။

ရေးမြို့နယ်အတွင်းမှာတော့ မဲပေးပိုင်ခွင့်ရှိသူ ၂ သိန်းကျော်ရှိပြီး ပထမဆုံးအကြိမ်မဲပေးမယ့် လူငယ် ၃ သောင်းကျော် ပါဝင်တယ်လို့ ရေးမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရဲ့ စာရင်းတွေအရ သိရပါတယ်။

ဓါတ်ပုံ - MOI
August 10, 2026
ထိုင်း - မြန်မာ ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေးမှုများအပြီး နယ်စပ်ရှိ တော်လှန်ရေး...
August 7, 2026
တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှု အားနည်းသွားသည့် မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း စစ်တပ်...
August 7, 2026
မွန်ပြည်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ငွေကြေး (လုပ်စားခွင်) ဖြစ်လာမှုနှင့်အတူ ပြည်သူများ...
August 6, 2026
မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ...