ဘူးသီးတောင်မြို့နယ်မြောက်ပိုင်း သရဖီ ကျေးရွာအနီး တိုက်ပွဲဖြစ်

ဘူးသီးတောင်မြို့နယ်မြောက်ပိုင်း သရဖီ ကျေးရွာအနီး တိုက်ပွဲဖြစ်

ခိုင်လူလှ - ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ သရဖီ ကျေးရွာအနီးတွင် ဇူလိုင် ၂၇ ရက် နံနက်က ၉ နာရီမှ စတင်ပြီး ညနေပိုင်းထိ မြန်မာတပ်မတော်နှင့် AA တို့ အကြားတိုက်ပွဲဖြစ်ပွားနေသည်ဟု သတင်းရရှိသည်။

သရဖီကျေးရွာ အရပ်လူကြီးတစ်ဦးက “ ရွာအနီးက တောင်ချိုင်မှာ ဖြစ်နေကြပါတယ်။ မနက် ၉ နာရီကနေ ပစ်နေကြတာ အခုညနေထိ ကြားနေရပါတယ်။ လက်နက်ကြီး လက်နက်သံရော အစုံကြားနေရပါတယ်” ဟု ညနေ ၆ နာရီကဆက်သွယ်စဉ် ပြောကြားသည်။

သရဖီကျေးရွာတွင် အိမ်ခြေ ၁ဝဝ ခန့်ရှိပြီး ရခိုင်၊ ခမီး၊ မြိုတိုင်းရင်းသားများ နေထိုင်ကြကြောင်း၊ ရွာအနောက်ဘက် မနီးမဝေးတွင် ခမရ ၅၅၂ တပ်ရင်းရှိကြောင်း၎င်းက ပြောကြားသည်။

“ အခုက ရွာသားတွေက ရွာကို စွန့်ခွာထွက်ပြေးတာတော့ မရှိဘူး။ ဒါပေမယ် တစ်ရွာလုံး ဘုန်းကြီးကျောင်းမှာ စုနေကြတယ်။ ဒီမှာဘဲ စုပြီး အိပ်ကြမယ်။ ဘယ်လိုလုပ်မလဲ။ ရွာနဲ့ မနီးမဝေးမှာ တိုက်ပွဲ ဖြစ်တော့ အကုန်လုံးကြောက်နေကြတယ်။ ဦးလေး ဗိုက်အောင့်ပြီး အိပ်ရာထဲမှာ လဲနေရတယ်။ အခု အိပ်ရာထဲက ပြောနေရတာပါ” ဟု ပြောကြားသည်။

တိုက်ပွဲမည်သို့ မည်ပုံ ဖြစ်ပွားသည်ကို မသိရှိကြောင်း၊ ယခုတိုက်ပွဲဖြစ်ပွားသည့် နေရာတောင်ချိုင်မှာ ရွာ၏ အရှေ့ဘက်တွင် တည်ရှိပြီး တောင်တန်းပေါ်မှ စစ်တပ်မှ တောင်ချိုင်ကြားထဲကို ပစ်ခတ်နေသည်ကို မြင်ရကြောင်း ၎င်းက ပြောဆိုသည်။

ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံသို့ ဆက်သွယ်ရာ တောင်ဘဇားနှင့် ဘူးသီးတောင်အကြား သရဂူဘက်တွင် တိုက်ပွဲ ဖြစ်ပွားနေသည်ဟု ရွာသားများ ဖုန်းဆက်လာ၍ သိရကြောင်း၊ နောက်ပြန်ဆက်ရာတွင် ရွာသားများ ဖုန်းပိတ်ထားကြကြောင်း ၎င်းက ပြောကြားသည်။

ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်းက အခမဲ့ဖွင့်လှစ်ခဲ့သည့်ကျောင်းများရှိ စစ်ရှောင်ကျောင်းသူ၊ ကျောင်းသားများအား ယခင်နှစ်က တွေ့ရစဉ်။
May 22, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်းရှိ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သော လင်းရောင်ခြည်ဖောင်ဒေးရှင်းက ယခု...
May 21, 2026
“အာရက္ခပြည်မှာ ကြိုးပမ်းတည်ဆောက်နေတဲ့ လူမျိုးပေါင်းစုံချစ်ကြည်ရေး၊...
May 20, 2026
မောင်စာဂ — ရခိုင်ပြည်၊ မြေပုံမြို့နယ်မှ အရပ်သားရှစ်ဦးကို စစ်အုပ်စု၏နေဗီတစ်စီးက ဖမ်းဆီးသွားသည်ဟု...
May 19, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး၊ရေတပ်စခန်း...