ရခိုင်တွင် ပထမဆုံးအကြိမ် အမျိုးသမီး ၃ ဦး အကြမ်းဖက်ပုဒ်မများဖြင့်အမှုဖွင့်ခံရ

ရခိုင်တွင် ပထမဆုံးအကြိမ် အမျိုးသမီး ၃ ဦး အကြမ်းဖက်ပုဒ်မများဖြင့်အမှုဖွင့်ခံရ

အိမ်စိုးဖြူ - ရခိုင်ပြည်နယ်တွင် ပထမဆုံးအကြိမ် အမျိုးသမီးသုံးဦးကို အကြမ်းဖက်မှုပုဒ်မများဖြင့် တပ်မတော်က အမှုဖွင့်လိုက်သည်ဟု သတင်းရရှိသည်။

၎င်းအမျိုးသမီးသုံးဦးမှာ ကျောက်ဖြူမြို့နယ်၊ ရေနံဒွိန်ကျေးရွာမှ ဒေါ်ဗြားမ(၅၃)နှစ်၊ ဒေါ်လှသန်းခင်(၄ဝ)နှစ်နှင့် အသက် ၃၇ နှစ်အရွယ် ရတနာအောင်ဇာတ်သဘင်ပိုင်ရှင် ဇာတ်မင်းသမီးတစ်ဦးတို့ဖြစ်သည်။

သူမတို့ ၃ယောက်ကို အကြမ်းဖက်မှုဥပဒေပုဒ်မ ၅ဝ(ည)၊ ၅၂(က)ဖြင့် အမှုဖွင့်လိုက်ခြင်းဖြစ်ကြောင်း ကျောက်ဖြူမြို့ ရဲစခန်းမှ ဒုရဲမှူးကျော်ဇောက နိရဉ္စရာသတင်းဌာနအားပြောသည်။

“အကြမ်းဖက်ဥပဒေနဲ့ငြိလို့ထည့်လိုက်တာ။ သူတို့ကို ထောင်ကိုပို့ဖို့လုပ်နေတယ်။ သုံးယောက်လုံးကို” ဟုပြောသည်။

သူတို့ သုံးဦးကို AA ကို ရိက္ခာထောက်ပံ့သည့် သံသယဖြင့် ဇူလိုင်လ ၂၂ ရက်နေ့ ညက တပ်မတော်မှ ဖမ်းဆီးသွားခဲ့သည်။ ၎င်းနောက် ၎င်း အမျိုးသမီး ၃ဦးကို တပ်မတော်မှ အကြမ်းဖက်မှုပုဒ်မဖြင့် ကျောက်ဖြူရဲစခန်းတွင် အမှုဖွင့်ခဲ့သည်ဟု သိရသည်။

ဖမ်းဆီးအမှုဖွင့်ခံရသူ ဒေါ်လှသန်းခင်၏ ညီမဖြစ်သူဒေါ်လှသန်းဌေးက “ကျွန်မတို့က ရဲစခန်းမှာသူတို့ကို တွေ့ခွင့်မရဘူးဆိုလို့ သွားမတွေ့ခဲ့ရဘူး။ အမှုဖွင့်မယ်လို့တော့သိတယ်။ ကျွန်မအစ်မတို့မှာ ဘာအပြစ်မှ မရှိပါဘူး။ ရွာဘုရားပွဲအတွက် ဆန်ကောက်ခဲ့တာပါ။ ဇာတ်အဖွဲ့မှာလည်း ဇာတ်ခေါင်ကွဲလို့ စားစရာမရှိတော့လို့ ရွာက ဆန်အလှူခံခဲ့တာပါ။ အဲဒါကို ဖမ်းသွားကြပါတယ်။ စိတ်မကောင်းပါဘူး” ဟုပြောသည်။

၎င်းတို့ သုံးဦးကို ဖမ်းဆီးခေါ်ဆောင်ခံရသူ ကျေးရွာတာဝန်ခံဖြစ်သူ ဦးမောင်ထောင်(၆ဝ)နှစ်ကို ဇူလိုင် ၂၅ ရက်နံနက် ၁၁ နာရီခန့်က ပြန်လွှတ်လိုက်ကြောင်း မိသားစုဝင်များမှ သိရသည်။

၎င်းဖမ်းဆီးမှု အပေါ် ကျောက်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမိုးကျော်ကလည်း အတည်ပြု ပြောဆိုသည်။

ကျောက်ဖြူမြို့နယ်၊ ရေနံဒွိန်ကျေးရွာမှ ညီအစ်ကိုနှစ်ဦးဖြစ်ကြသည့် ဦးစောမောင် (၃၈) နှစ်နှင့် ဦးညီညီထွန်း (၃၁) နှစ်တို့လည်း AA အမာခံ စွပ်စွဲချက်ဖြင့် ဇူလိုင် ၁၃ ရက်နေ့က ဖမ်းဆီးခံထားရသည်။

ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်းက အခမဲ့ဖွင့်လှစ်ခဲ့သည့်ကျောင်းများရှိ စစ်ရှောင်ကျောင်းသူ၊ ကျောင်းသားများအား ယခင်နှစ်က တွေ့ရစဉ်။
May 22, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်းရှိ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သော လင်းရောင်ခြည်ဖောင်ဒေးရှင်းက ယခု...
May 21, 2026
“အာရက္ခပြည်မှာ ကြိုးပမ်းတည်ဆောက်နေတဲ့ လူမျိုးပေါင်းစုံချစ်ကြည်ရေး၊...
May 20, 2026
မောင်စာဂ — ရခိုင်ပြည်၊ မြေပုံမြို့နယ်မှ အရပ်သားရှစ်ဦးကို စစ်အုပ်စု၏နေဗီတစ်စီးက ဖမ်းဆီးသွားသည်ဟု...
May 19, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး၊ရေတပ်စခန်း...