မီဇိုရမ်နှင့်မြန်မာနိုင်ငံရှိ ဇိုး(ချင်း)မျိုးနွယ်စုများအကြား ပို၍ကောင်းမွန်သည့် စည်းလုံးမှုဖြစ်လာရန် MWO မျော်မှန်း

မီဇိုရမ်နှင့်မြန်မာနိုင်ငံရှိ ဇိုး(ချင်း)မျိုးနွယ်စုများအကြား ပို၍ကောင်းမွန်သည့် စည်းလုံးမှုဖြစ်လာရန် MWO မျော်မှန်း
by -
ခိုနူမ်းထုန်
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် ယခုလ ၃ ရက်နေ့ကကျင်းပသော မီဇိုးရိုးရာ Chapchar Kut ပွဲတော်သို့ သွားရောက်ပါ၀င်နိုင်ခဲ့ ခြင်းအားဖြင့် မီဇိုရမ်နှင့်မြန်မာနိုင်ငံရှိ ဇိုး(ချင်း)မျိူးနွယ်စုများအကြား သွေးစည်းညီညွတ်မှုပိုမိုရှိလာမည်ဟု မျှော်လင့်ကြောင်း ကလေးမြို့ တာဟန်းရပ်ကွက် Mizo Welfare Organization(MWO) Tahan အဖွဲ့က ပြောသည်။

“Chapchar Kut ပွဲတော်ကို သွားရောက်ပြီး ပါ၀င်ခဲ့ခြင်းအားဖြင့် မီဇိုရမ်နှင့်မြန်မာပြည်ရှိ ဇိုး(ချင်း)မျိူးနွယ်စုများ ပို၍ကောင်းမွန်သည့် စည်းလုံးမှုနှင့် ဆက်ဆံမှုရှိလာနိုင်ဖို့ဟာ အလိုချင်းဆုံးဖြစ်တယ်။ ထိုနည်းတူ မတ်လ ၂၃ ရက်နေ့တွင် တာဟန်မှာပြုလုပ်မည့် Chapchar Kut ပွဲတွင် မီဇိုရမ်ပြည်သူလူထုအနေဖြင့် လာရောက်ပါဝင်ပေးရန် ဖိတ်ခေါ်ပါတယ်” ဟု MWO မှ ထုတ်ပြန်ခဲ့ကြောင်း မီဇိုရမ်ပြည်နယ် ဒေသထုတ်သတင်းစာတွင် ဖော်ပြသည်။

မီဇိုရမ် Chapchar Kut ပွဲတော်သို့ သွားရောက်ပါ၀င်ဆင်နွဲခဲ့ကြသော Mizo Welfare Organization (MWO) Tahan အဖွဲ့ကို မီဇိုရမ်ပြည်နယ် ဝန်းကြီးချုပ် Pu Lalthanhawla မှ ညနေစာ တည်ခင်းဧည့်ခံပေးခဲ့ကြောင်း၊ မြန်မာနိုင်ငံရှိ ဇိုး(ချင်း)မျိုးနွယ်စုများ ရင်ဆိုင်နေရသည့် အခက်အခဲများ ပြောဆိုခဲ့ရာ ကောင်းမွန်စွာ နားထောင်ပေးသည့်အပေါ် အထူးဝမ်းမြောက်ကြောင်း MWO ကပြောသည်။

Chapchar Kut ပွဲတော်တွင် ကလေးမြို့နယ် တာဟန်းမှ ရိုးရာအကအဖွဲ့ Mizo Welfare Organization (MWO) မှ Tahan Cultural Troupe အဖွဲ့ နှင့် နာမည်ကြီးတီးဝိုင်း T.Melody Band တို့သွားရောက်ဖျော်ဖြေခဲ့ကြသည်။

အဆိုပါ Chapchar Kut ပွဲကြီးတွင် ဧည့်သည်တော်ကြီးအဖြစ် ချင်းပြည်နယ်ဝန်ကြီးချုပ် U Lian Luai အား ဖိတ်ကြားခဲ့ သော်လည်း ပါ၀င်နိုင်ခြင်းမရှိခဲ့ ကြောင်းသိရသည်

April 4, 2026
စစ်တပ်လွှတ်တော်မှတစ်ဆင့် သမ္မတ ဖြစ်လာသည့် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို...
April 3, 2026
ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်နှင့် တွန်ဇံမြို့နယ် (ဇိုဂမ်ဒေသ)တွင် အခြေ စိုက် လှုပ်ရှားနေသော...
April 2, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် စစ်ကော်မရှင်တပ်ဖွဲ့သည် စစ်မှုထမ်းဥပဒေအကြောင်းပြုကာ...
April 1, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ခရစ်ယာန်ဘာသာဝင်များ မြေမြုပ်သဂြိုလ်သော ခရစ်ယာန်သုသာန်တွင်...