မောင်တောခရိုင်အတွင်းသို့ တရားမဝင် ဝင်ရောက်လာသူ ၁၃ ဦးအား လဝကဥပဒေဖြင့် အရေးယူ

မောင်တောခရိုင်အတွင်းသို့ တရားမဝင် ဝင်ရောက်လာသူ ၁၃ ဦးအား လဝကဥပဒေဖြင့် အရေးယူ

ကျော်မျိုးအောင် — ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်းသို့ ဘင်္ဂလားဒေရ်ှ့နိုင်ငံမှ တရားမဝင် ဝင်ရောက်လာသည့် မွတ်ဆလင် ၁၃ ဦးအား လူဝင်မှုကြီးကြပ်ရေးဥပဒေပုဒ်မ ၁၃(၁)ဖြင့် သက်ဆိုင်ရာတရားရုံးအသီးသီးက ထောင်ဒဏ် ၆ လစီ အမိန့်ချမှတ်လိုက်ကြောင်း မောင်တောခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ သိရသည်။

“ဒုတိယအကြိမ် အရေးယူတာဖြစ်တယ်။ ခရိုင်တစ်ခုလုံးမှာ ၁၃ ဦး၊ မောင်တောမှာ ၅ ဦး၊ ဘူးသီးတောင်မှ ၈ ဦး ဖြစ်တယ်။ သက်ဆိုင်မြို့နယ်တရားရုံးတွေက ထောင်ဒဏ် ၆ လစီ ချမှတ်လိုက်တာ”ဟု အဆိုပါဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးထိန်လင်းက ရှင်းပြသည်။

၎င်းတို့ ၁၃ ဦးကို မတရားဝင်ရောက်မှုအား ကာကွယ်တားဆီးရေးအဖွဲ့(မကဖ)မှ အမှုဖွင့်လှစ်ပြီး ဇူလိုင်လ ၆ ရက်နေ့မှ ၁၄ ရက်နေ့အတွင်း၌ သက်ဆိုင်ရာမြို့နယ်တရားရုံးများက ယင်းသို့ အမိန့်ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

အလားတူ ကပ်ဘေးကာလအတွင်း မောင်တောခရိုင်အတွင်းသို့ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက် လာသူ ၂၃ ဦးကိုလည်း ပထမအကြိမ်အဖြစ် ဇွန်လနှင့် ဇူလိုင်လဆန်းပိုင်းအတွင်းက လူဝင်မှုကြီးကြပ်ရေးဥပဒေ ပုဒ်မ ၁၃(၁)၊ ၁၃(၅)တို့ဖြင့် တရားစွဲဆိုကာ ထောင်ဒဏ် ၆ လစီ အမိန့်ချမှတ်ခဲ့သည်။

ကိုဗစ်-၁၉ ကာလအတွင်း ပြန်လည်လက်ခံရေးအစီအစဉ်များကို ပိတ်ထားစဉ် နယ်စပ်ဖြတ်ကျော် တရားမဝင် ဝင်ရောက်လာသူဦးရေ ၈၀ ကျော်ထဲမှ ကလေးသူငယ်များနှင့် UEHRD အစီအစဉ်တွင် စာရင်းပါရှိသူများအား ဖယ်ထုတ်ကာ ကျန်လူများကို အရေးယူဆောင်ရွက်နေခြင်းဖြစ်သည်။

အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ကုန်တင်ယာဉ်အချို့။ / Credit: DMG
September 16, 2026
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်း နယ်စပ်၌ ဒေသခံလူငယ်များနှင့် ရခိုင် စက်လှေသမားများ အချေ...
September 15, 2026
ရခိုင်ပြည်၊ စစ်တွေ-ပုဏ္ဏားကျွန်း အစပ်နေရာများတွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား...
ဓာတ်ပုံ - (DMG / သရုပ်ပြပုံ။)
September 15, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ အောင်သုခကျေးရွာတွင် ဖြစ်ပွားခဲ့သည့် သက်ငယ်မုဒိမ်းမှုနှင့် လူသတ်မှု...
စစ်အုပ်စုတပ်၏ မြေပြင် စစ်ရေးလေ့ကျင့်မှု တစ်ခု (ဓာတ်ပုံ - mmmilitary)
September 14, 2026
တိုက်ပွဲပြင်းထန်နေသည့် စစ်တွေ-ပုဏ္ဏားကျွန်းအစပ် နေရာများကို စစ်အုပ်စုတပ်က အင်အား ၁,၀၀၀ ခန့်ပါ...