ပလက်ဝသို့ ကျောင်းသုံးစာအုပ်များ မရောက်ရှိသေးသဖြင့် ကျောင်းအချိန်မီ မဖွင့်နိုင်မည်ကို ဒေသခံများ စိုးရိမ်နေ

ပလက်ဝသို့ ကျောင်းသုံးစာအုပ်များ မရောက်ရှိသေးသဖြင့် ကျောင်းအချိန်မီ မဖွင့်နိုင်မည်ကို ဒေသခံများ စိုးရိမ်နေ

ဝင်းညွန့် — ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ ကျေးရွာပေါင်း(၆၉)တွင် ကျောင်းသုံးစာအုပ်များ မရောက်ရှိသေးသည့်အတွက် ကျောင်းအချိန်မီ မဖွင့်နိုင်မည်ကို ဒေသခံများ စိုးရိမ်လျက်ရှိနေသည်။

အဆိုပါ စာအုပ်များ ပလဝက်မြို့နယ်၊ ဆမီးမြို့သို့ ရောက်ရှိနေသည်မှာ တစ်လနီးပါးကြာပြီဖြစ်သော်လည်း ကားလမ်းများပျက်စီးနေ၍ ယင်းကျေးရွာများသို့ မရောက်ရှိနိုင်ခြင်းဖြစ်ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ သတင်းအချက်အလက်ရှာဖွယ်ရေးဌာန တာဝန်ခံ ဆလိုင်းတေရက DMG သို့ ပြောသည်။

ထိုသို့ စာအုပ်များမရောက်ရှိသောကျေးရွာများတွင် ပလက်ဝမြို့နယ် လေးမြို့ဒေသအတွင်းရှိ သံထောင်၊ ပိန်းဝ စသည့်ကျေးရွာများဖြစ်ကြပြီး ကျောင်းသုံးစာအုပ်များ အချိန်မှီရောက်နိုင်ရန် ဆောင်ရွက်နေကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်ဝန်ကြီး ဦးစိုးထိုက်က ပြောသည်။

“ကားလမ်းပြတ်နေတော့ အဲဒီစာအုပ်တွေကို ဆမီးကထုတ်လို့ အဆင်မပြေဘူး။ အဲဒါကြောင့် ကျွန်တော်တို့ အဲဒီ စာအုပ်တွေကို ရခိုင်က မြောက်ဦးကိုပြန်ပို့လိုက်ပြီ။ မြောက်ဦးကနေထုတ်ဖို့အတွက် အုပ်ချုပ်ရေးမှူးတွေ အကြောင်းကြားပြီးပြီ။ မြို့နယ်ပညာရေးမှူးကိုလည်း အကြောင်းကြားထားတယ်”ဟု ၎င်းကဆိုသည်။

ဆမီးမြို့ကနေ သံထောင်ကျေးရွာသို့သွားလျှင် ဆမီးမြို့မှ ပိန်းဝကျေးရွာအထိ မိုင် (၆၀)ခန့် ကားလမ်းဖြင့် သွားရမည်ဖြစ်ပြီး ပိန်းဝကျေးရွာမှ သံထောင်ကျေးရွာသို့ ရေလမ်းဖြင့် မိုင်(၅၀)ခန့် သွားရဖြစ်သည်။

ပလက်ဝမြို့နယ်၊ လေးမြို့ဒေသအတွင်းမှာ အစိုးရအထက်တန်းကျောင်း (၃)ကျောင်း၊ အထက်တန်းခွဲကျောင်း (၂)ကျောင်း၊ အလယ်တန်းကျောင်း (၈)ကျောင်း၊ မူလွန်ကျောင်း (၄)ကျောင်းနှင့် မူလတန်းကျောင်း (၅၀)ကျောင်း၊ စုစုပေါင်း (၆၉)ကျောင်းရှိသည်ဟု သိရသည်။

စစ်အုပ်စုတပ်၏ ဂျက်ဖိုက်တာများ စစ်ရေးလေ့ကျင့် ပျံသန်းနေစဉ်။ / MOI
September 17, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ စစ်တွေနယ်စပ် ပုဏ္ဏားကျွန်းမြို့နယ်ရှိ...
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ကုန်တင်ယာဉ်အချို့။ / Credit: DMG
September 16, 2026
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်း နယ်စပ်၌ ဒေသခံလူငယ်များနှင့် ရခိုင် စက်လှေသမားများ အချေ...
September 15, 2026
ရခိုင်ပြည်၊ စစ်တွေ-ပုဏ္ဏားကျွန်း အစပ်နေရာများတွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား...
ဓာတ်ပုံ - (DMG / သရုပ်ပြပုံ။)
September 15, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ အောင်သုခကျေးရွာတွင် ဖြစ်ပွားခဲ့သည့် သက်ငယ်မုဒိမ်းမှုနှင့် လူသတ်မှု...