စစ်ကြောရေးတွင် တစ်ဦးသေဆုံးသွားပြီးနောက် အတူဖမ်းဆီးခံရသူများအတွက် မိသားစုဝင်များ စိုးရိမ်နေ

စစ်ကြောရေးတွင် တစ်ဦးသေဆုံးသွားပြီးနောက် အတူဖမ်းဆီးခံရသူများအတွက် မိသားစုဝင်များ စိုးရိမ်နေ

နှင်းနွယ် — တပ်မတော်က ဖမ်းဆီးသွားသည့် ရမ်းဗြဲဒေသခံ ၆ ဦးထဲမှ တစ်ဦးမှာ စစ်ကြောရေးတွင် သေဆုံးသွားပြီးနောက် ကျန်ရှိသူ ၅ ဦးအတွက် မိသားစုဝင်များက စိုးရိမ်နေကြသည်။

ရမ်းဗြဲမြို့နယ်၊ အလယ်ချောင်းကျေးရွာသားများဖြစ်ကြသည့် ဦးစိုးမြင့်ထွန်း၊ ဦးမောင်ထွန်းဝင်း၊ ဦးဇော်လွင်၊ ဦးမောင်မြင့်ထွန်း၊ ကိုမြင့်ဝင်းနှင့် ကိုချမ်းငြိမ်းတို့ (၆)ဦးအား ဇူလိုင်လ ၁၃ ရက်နေ့တွင် တပ်မတော်က ဖမ်းဆီးပြီး မအီမြို့မရဲစခန်းရှိ သီးသန့်အဆောက်အဦးများတွင် တစ်ဦးချင်းထားရှိကာ စစ်ဆေးမေးမြန်းမှုများပြုလုပ် ခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။

ထိုသို့ မအီမြို့မရဲစခန်းရှိ အဆောင်များတွင်သီးသန့်ထားရှိစဉ် ဇူလိုင် ၁၃ ရက်နေ့ ညနေပိုင်းအချိန်တွင် ဦးစိုးမြင့်ထွန်းသည် ၎င်းအားချည်နှောင်ထားသည့်ကြိုးကိုဖြုတ်ကာ ခေါင်းမိုးထုပ်တန်း၌ ကြိုးဆွဲချသေဆုံး သွားကြောင်း တပ်မတော်ကထုတ်ပြန်ထားသည်။

သို့သော် တောင်ကုတ်မြို့နယ်ရဲတပ်မှူးသန်းနိုင်ကမူ ဦးစိုးမြင့်ထွန်းမှာ မအီမြို့မရဲစခန်းတွင် ကြိုးဆွဲချသေဆုံး သွားခြင်းမဟုတ်ကြောင်း ပြောဆိုခဲ့သည်။

“ကျွန်တော့်သားနဲ့ တခြားသူတွေကို ဘယ်နေရာမှာ ဘယ်လိုပုံစံထားလဲဆိုတာ မသိရတော့ ပိုစိတ်ပူတယ်။ သူနဲ့ အတူအဖမ်းခံရတဲ့ ကျွန်တော့်ယောက်ဖကလည်း လည်ပင်းမှာကြိုးစွပ်ဒဏ်ရာတွေ၊ ခေါင်းပြိုအောင် ထုခံထားရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးသွားတယ်။ အဲဒါကြောင့် ကျွန်တော့်သားနဲ့ တခြားလူတွေလည်း သူ့လိုမျိုးသေသွားမှာကို စိုးရိမ်တယ်။ အခုတောင် သူတို့တွေနှိပ်စက်တာ ခံနေရလောက်တယ်” ဟု ဖမ်းဆီးခံထားရသူ ကိုချမ်းငြိမ်း၏ဖခင် ဦးကျော်လှိုင်က DMG သို့ပြောသည်။

တပ်မတော်က စစ်ဆေးမေးမြန်းစရာရှိသည်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သော်လည်း ပြန်လွှတ်ပေးခြင်း မရှိသည့်အပြင် မိသားစုဝင်များနှင့်လည်း တွေ့ဆုံခွင့်မပေးသည့်အတွက် ဥပဒေအရဆောင်ရွက်ပေးရန် မိသားစု ဝင်များက လိုလားနေကြသည်။

“ကျွန်တော့်ကတော့ သားနဲ့အတူ ဖမ်းဆီးထားတဲ့သူတွေကို သက်ဆိုင်ရာ ရဲလက်ကိုအပ်နှံပြီး အမှုဖွင့် စစ်ဆေး စေချင်တယ်။ တရားဥပဒေနဲ့အညီ ဆောင်ရွက်ပေးစေချင်တယ်’’ ဟု ဦးကျော်လှိုင်က ဆက်ပြောသည်။

အလယ်ချောင်းကျေးရွာသား ၆ ဦး ဖမ်းဆီးခံထားရခြင်းနှင့်ပတ်သက်ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက ဥပဒေကြောင်းအရဖြစ်စေရန်အတွက် သက်ဆိုင်ရာဝန်ကြီးများသို့ တင်ပြထားကြောင်း ဇူလိုင်လ ၁၅ ရက်နေ့က ၎င်း၏လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ရေးသားဖော်ပြခဲ့သည်။

အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ကုန်တင်ယာဉ်အချို့။ / Credit: DMG
September 16, 2026
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်း နယ်စပ်၌ ဒေသခံလူငယ်များနှင့် ရခိုင် စက်လှေသမားများ အချေ...
September 15, 2026
ရခိုင်ပြည်၊ စစ်တွေ-ပုဏ္ဏားကျွန်း အစပ်နေရာများတွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား...
ဓာတ်ပုံ - (DMG / သရုပ်ပြပုံ။)
September 15, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ အောင်သုခကျေးရွာတွင် ဖြစ်ပွားခဲ့သည့် သက်ငယ်မုဒိမ်းမှုနှင့် လူသတ်မှု...
စစ်အုပ်စုတပ်၏ မြေပြင် စစ်ရေးလေ့ကျင့်မှု တစ်ခု (ဓာတ်ပုံ - mmmilitary)
September 14, 2026
တိုက်ပွဲပြင်းထန်နေသည့် စစ်တွေ-ပုဏ္ဏားကျွန်းအစပ် နေရာများကို စစ်အုပ်စုတပ်က အင်အား ၁,၀၀၀ ခန့်ပါ...