ကချင် လုံ/နယ်နဲ့ တပ်မှူးကို စစ်ဘက်တရားရုံးနဲ့စစ်ဆေးဖို့ပြင်

ကချင် လုံ/နယ်နဲ့ တပ်မှူးကို စစ်ဘက်တရားရုံးနဲ့စစ်ဆေးဖို့ပြင်

ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာဖြစ်စဉ်နှင့်ပတ်သက်ပြီးကချင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးနှင့်တပ်မှူးကို စစ်ဘက်တရားရုံးတင်ကာ စစ်ဆေးရန် ပြင်ဆင်နေကြောင်းတပ်မတော်ဘက်ကပြောသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေး အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက “စစ်ဘက်ဥပဒေလုပ်ထုံးလုပ်နည်းအရ စုံစမ်းစစ်ဆေးရေးလုပ်ရလိမ့်မယ်။ သက်သေခံကောက်နုတ်ချက်တို့ ကျွန်တော်တို့အခေါ်အဝေါ်ပေါ့။ အစသဖြင့် ဒါတွေယူရလိမ့်မယ်။ ခိုင်လုံပြီဆိုရင် စစ်ဘက်တရားစီရင်ရေးအတွက် စစ်ဘက်တရားရုံးဖွင့်ရလိမ့်မယ်” ဟုပြောသည်။

လက်ရှိတွင် ၎င်းတို့ကို မူလစစ်ဘက်တာဝန်များ ပြန်လည်ထမ်းဆောင်စေပြီး အရေးယူနိုင်ရန်အတွက် လိုအပ်သည်များပြင်ဆင်နေကြောင်းနှင့်လစ်လပ်နေသည့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနေရာအတွက် အစားထိုး ခန့်အပ်နိုင်ရေးဆာင်ရွက်နေကြောင်းသိရသည်။

ဒေသတစ်ခုလုံးတွင်လုံခြုံရေးအရ တာဝန်ရှိသူများမှ တားဆီး၊ ပိတ်ပင်ရမည့်ဒေသန္တရအမိန့်များအား လိုက်နာရန်ပျက်ကွက်သူများရှိလျှင် တားဆီးခြင်း၊ သတင်းပို့တင်ပြရခြင်းများဆောင်ရွက်ရသည်။ ယခုကဲ့သို့ လုံခြုံရေး ကြပ်မတ်သည့်နေရာတွင် လိုက်နာမှုအားနည်းသည်များတွေ့ရှိခဲ့ပါက အရေးယူဆောင်ရွက်ရမည်ဖြစ်ကြောင်းဗိုလ်မှူးချုပ်ဇော်မင်းထွန်းကဆိုသည်။

“သက်ဆိုင်ရာဝန်ကြီးဌာနတွေဟာ အဲ့ဒီလုပ်ကွက်တွေနဲ့ပက်သက်ပြီး စည်းမျဉ်းစည်းကမ်းတွေရှိတယ်။ သက်ဆိုင်ရာဒေသအာဏာပိုင်တွေကထုတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေရှိတယ်။ စည်းမျဉ်းတွေအရလိုက်နာ ဖို့ဆိုတာက အားလုံးက ပူးပေါင်းဆောင်ရွက်မှရလိမ့်မယ်။ တပ်မတော်တစ်ရပ်တည်းတော့ ဆောင်ရွက်လို့မရနိုင်ပါဘူး” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောသည်။

ဇူလိုင်လ ၂ ရက်နေ့ မနက်ပိုင်းက ဝှေခါကျေးရွာအနီး ကျောက်မျက်စုပေါင်းလုပ်ကွက်ဟောင်းတွင် မြေသားပြိုကျမှုကြောင့် ရေးမဆေးလုပ်သား ၁၇၀ ကျော် သေဆုံးပြီး  ၅၀ ထက်မနည်းဒဏ်ရာရခဲ့ကြသည်။

ဇူလိုင် ၈ ရက်နေ့မှာတော့ အလောင်းရှာဖွေမှုများအားရပ်တန့်လိုက်ပြီး ပြိုကျသည့်နေရာတွင်လည်း ရဲအင်အားတစ်ရာခန့်က လုံခြုံရေးယူပြီး အဝင်၊အထွက်ကိုပိတ်ပင်ထားကြောင်းသိရသည်။

ယခုကဲ့သို့လူအများအပြားသေဆုံးရသည့်ကိစ္စနှင့်ပတ်သက်ရျ်တပ်မတော်သာမကဘဲ ကုမ္ပဏီများ၊ အုပ်ချုပ်ရေးတာဝန်ရှိသူများ၊ လက်နက်ကိုင်များနှင့်ပြည်ထဲရေးဝန်ကြီးဌာနတွင်ပါ တာဝန်ရှိကြောင်း ဖားကန့်အခြစိုက် ပရဟိအဖွဲ့မှ ဦးမောင်ခိုင်ကတော့သုံးသပ်လိုက်သည်။

ဖားကန့်ဒေသတွင် မြေစာပုံများပြိုကျမှုကြောင့် လူအများအပြားသေဆုံးနေကြရခြင်းသည် ဖြစ်ရိုးဖြစ်စဉ်ပုံစံတစ်ခုဖြစ်လာနေပြီး ဒီလိုမျိုးဖြစ်ရပ်များအား ပပျောက်အောင်လုပ်ရန်ဆိုလျှင်လည်း အစိုးရအတွက် စိန်ခေါ်မှုတစ်ခုဖြစ်နေချိန်သာဖြစ်သည်။

ဓာတ်ပုံ - Crd
September 14, 2026
စစ်အုပ်စုတပ် ပြန်လည်ထိန်းချုပ်ထားသည့် တနင်္သာရီတိုင်း၊ မောတောင်မြို့သို့ သွားသည့်...
ဓာတ်ပုံ - စစ်အုပ်စု (ညောင်တုန်းချောင်းဝတာ ပြိုကျပျက်စီးမှုများအား ပြင်ဆင်ထားသည်ကို ဩဂုတ်လ ၂၆ ရက်နေ့က တွေ့ရစဉ်။)
September 14, 2026
ကြံ့ခိုင်မှုမရှိခြင်းကြောင့် ယခုရက်ပိုင်းအတွင်း ပင်မတာဘောင် မကြာခဏ ပြိုကျမှုများ ဖြစ်ပွားနေသည့်...
ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...