မိုးဗြဲ၌ စစ်အုပ်စု စစ်ကြောင်းထိုး၍ တိုက်ပွဲ ပြင်းထန်နေ

မိုးဗြဲ၌ စစ်အုပ်စု စစ်ကြောင်းထိုး၍ တိုက်ပွဲ ပြင်းထန်နေ
ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)

ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့် တော်လှန် ရေး ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိကြောင်း စစ်ရေး သတင်းရင်းမြစ်များ က ပြောသည်။

ကရင်နီဒေသကို နယ်မြေစိုးမိုးမှု ပြန်လည်ရရှိရန် စစ်အုပ်စုက ရှမ်း-ကရင်နီအစပ် မိုးဗြဲမြို့မှတစ်ဆင့် စစ်ကြောင်း ထိုးလာသဖြင့် အပြန်အလှန် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်သည်။

စစ်ရေး သတင်းရင်းမြစ်တစ်ဦးက “ တိုက်ပွဲတော့ ပြင်းထန်တယ်၊ ဒီတမနက်လုံး အခုထိပဲ။ ကျနော့် ရဲဘော် တစ်ဦးတော့ ဒဏ်ရာရတယ် ” ဟု ပြောသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်အုပ်စုဘက်မှ ထိခိုက်သေဆုံးမှု အခြေအနေများကိုမူ မသိရှိရသေးပေ။

တိုက်ပွဲများသည် စက်တင်ဘာလအတွင်း တောက်လျှောက် ဖြစ်ပွားနေခြင်းဖြစ်ပြီး မိုးဗြဲမြို့မှတစ်ဆင့် လွယ်ယင်း မင်္ဂလာတောင်ခြေသို့ စစ်အုပ်စုက ပြည်သူ့စစ် အင်အားများအသုံးပြု၍ စစ်ကြောင်းထိုးလာခြင်း ဖြစ်သည်။

အဆိုပါ စစ်အုပ်စု စစ်ကြောင်းသည် အင်အား ၂၀၀ ဝန်းကျင် ပါဝင်ပြီး စစ်ကြောင်းထိုးစဉ် ဒရုန်းနှင့် လက်နက် ကြီး ပစ်ကူများကို အသုံးပြုလျက်ရှိသည်။ ထိုစစ်ကြောင်းကို ဗိုလ်မှူး ကျော်ဇေယျ ကွပ်ကဲနေခြင်းဖြစ်ကြောင်း တော်လှန်ရေးအဖွဲ့များ သိမ်းပိုက်ရရှိထားသည့် တပ်ထိန်းချုပ်ရုံး မှတ်တမ်းများအရ သိရသည်။

မိုးဗြဲဒေသတွင် နှစ်ဖက် ထိတွေ့တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေသည်မှာ ၄ လနီးပါး ကြာမြင့်လာပြီဖြစ်သည်။

ရှေ့ဆက်၍ တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သည့်အပြင် စစ်အုပ်စုဘက်က လက်နက်ကြီးနှင့် ဒရုန်းများကို ရမ်း သန်း ပစ်ခတ်နေသဖြင့် ပြည်သူများအနေဖြင့် ထုတ်ပြန်ထားသည့် သွားလာခွင့် ပိတ်ပင်ထားသော လမ်းကြောင်း များအားလုံးကို ဖြတ်သန်းသွားလာခြင်း လုံးဝ မပြုကြရန် မိုးဗြဲ PDF က ဩဂုတ်လ ၂၈ ရက်နေ့တွင် ထုတ်ပြန် ထားသည်။

ထို့ပြင် လွယ်ဝိုင်း၊ လွယ်ယင်းတောင်ခြေ၊ လီဝိုးနှင့် နန်းမယ်ခုံ တို့ကို ဆက်သွယ်ထားသည့် မည်သည့်လမ်းကိုမျှ ဖြတ်သန်းသွားလာခြင်း မပြုကြရန်လည်း အရေးပေါ် သတိပေးချက် ထုတ်ပြန်ထားသည်။

မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...
September 10, 2026
၈၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ (81st Session of the United Nations General Assembly) ၏...