ထိုင်းနိုင်ငံရောက် ဆန္ဒမဲပေးခွင့်ရှိသူ မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် ပုံစံ(၁၅) များရယူနိုင်ပြီ

ထိုင်းနိုင်ငံရောက် ဆန္ဒမဲပေးခွင့်ရှိသူ မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် ပုံစံ(၁၅) များရယူနိုင်ပြီ

ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ကြိုတင်ဆန္ဒမဲပေးခွင့်ရှိစေရန် ပုံစံ (၁၅) များကို လူကိုယ်တိုင်ဖြစ်စေ ကိုယ်စားလှယ်ဖြစ်စေ Website များမှဖြစ်စေ Download ရယူနိုင်ကြောင်း ဘန်ကောက်မြို့ မြန်မာသံရုံးက အသိပေးကြေညာချက်ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် မိမိတို့နေထိုင်ခဲ့သော ရပ်ကွက်/ကျေးရွာ၊ မြို့နယ်ကော်မရှင် အဖွဲ့ခွဲများသို့ ဆန္ဒမဲပေးပို့ပါရန် တောင်းဆိုသည့် ပုံစံ (၁၅) များကို ဇူလိုင်လ ၃ ရက်နေ့မှစ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် Website: www.uec.gov.mm နိုင်ငံခြားရေးဝန်ကြီးဌာန Website: www.mofa.gov.mm သံရုံး Website: www.mebangkok.org တို့မှ Download ရယူနိုင်ပါကြောင်းနှင့် ဘန်ကောက်မြို့မြန်မာသံရုံး၊ ဘန်ကောက်၊ ချင်းမိုင်း၊ မဲဆောက်နှင့် ရနောင်းရှိ အလုပ်သမားသံအရာရှိရုံးသို့လည်း ကိုယ်တိုင်ဖြစ်စေ ကိုယ်စားလှယ်ဖြစ်စေ အခမဲ့လာရောက်ထုတ်ယူနိုင်ကြောင်း ကြေညာထားသည်။

ကြိုတင်ဆန္ဒမဲပေးလိုသူ မဲဆန္ဒရှင်များမှ အဆိုပါ ပုံစံ(၁၅) များအား အချက်အလက်ပြည့်စုံမှန်ကန်စွာဖြည့်သွင်း လက်မှတ်ရေးထိုးပြီး သံရုံးသို့ ဇူလိုင်လ ၁၆ ရက်နေ့မှ သြဂုတ်လ ၅ ရက်နေ့အတွင်း ပြန်လည်ပေးပို့ရပါမည်။

ထိုသို့ပြန်လည်ပေးပို့ရာတွင် ကာယကံရှင်ကိုယ်တိုင်ဖြစ်စေ ကိုယ်စားလှယ်ဖြစ်စေ စာတိုက်မှဖြစ်စေ သံရုံးလိပ်စာ No.110, Sathom Nua Road, Bangkok    10500 သို့၎င်း၊  သံရုံးအီးမေးလ် [email protected] သို့ဖြစ်စေ ပြန်လည်ပေးပို့နိုင်ပါကြောင်းနှင့် ပုံစံ(၁၅) နှင့်အတူ မိမိကိုင်ဆောင်ထားသည့် မြန်မာနိုင်ငံကူးလက်မှတ်မိတ္တူ၊ ဆက်သွယ်ရမည့်ဖုန်းနံပါတ်၊ အီးမေးလ်တို့အား တစ်ပါတည်း ပူးတွဲပေးပို့ရန် မေတ္တာရပ်ခံထားသည်။

အဆိုပါ ပုံစံ(၁၅) ဖြည့်သွင်းရာတွင် မြန်မာအက္ခရာ သို့မဟုတ် အင်္ဂလိပ်အက္ခရာဖြင့် ပြည့်စုံစွာရေးသား၍ လက်မှတ်ထိုးရန်သို့မဟုတ် လက်ဗွေနှိပ်ထားရန်နှင့် အထူးသတိပြုရမည့်အချက်မှာ အမှတ်စဉ် (၈) တောင်းဆိုသူ၏ ယခုရောက်ရှိနေသည့် ရပ်ကွက်/ကျေးရွာ၊ မြို့နယ်/ဌာန(ပြည်တွင်း) ဆိုသည့်နေရာအား ချန်လှပ်ထားရမည်ဖြစ်သည်။

ထို့အပြင် အစိုးရခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပရောက်ရှိနေသူဟုတ်/မဟုတ်၊ သက်တမ်းရှိသော တရားဝင်မြန်မာနိုင်ငံကူးလက်မှတ်တစ်မျိုးမျိုး ကိုင်ဆောင်ထားခြင်းရှိမရှိကိုလည်း စိစစ်သွားမည်ဖြစ်ပါသည်။

ထိုင်းနိုင်ငံရောက် မဲဆန္ဒရှင်များအနေဖြင့် ၂၀၂၀ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့မတိုင်ခင်တွင် ကြိုတင်မဲထည့်ရမည့်နေ့ရက်နှင့် နေရာတို့ကို သံရုံးမှဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ပုံစံ (၁၅) နမူနာဖြည့်သွင်းထားပုံ (Copy)

March 7, 2026
“၂ နှစ်ပြည့်ရင် အိမ်ပြန်ခွင့်ရပြီ။ ၂ နှစ်ပြည့်တဲ့နေ့ကို စောင့်နေတာ” ဒါကတော့ မကြာခင်ကမှ...
March 6, 2026
အရပ်သားပြည်သူများကို ပိုမိုဆိုးရွားစွာ စောင့်ကြည့်နိုင်ရန် ဗဟိုမိုဘိုင်းလ်စက်ပစ္စည်း သက်သေခံ...
March 5, 2026
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းကို ဖွင့်လှစ်နိုင်ရေး စစ်ကော်မရှင်ဘက်မှ...
March 4, 2026
ထိုင်းနိုင်ငံမှ ပြည်ပလောင်စာဆီ တင်ပို့မှုရပ်ဆိုင်းလိုက်ပြီဟု ထုတ်ပြန်ထားသည့်အပြင်...