ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ နေရာကွက်ပြီး မိုးကြီးနိုင်သေး

ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ နေရာကွက်ပြီး မိုးကြီးနိုင်သေး

မုတ်သုန်လေအားလျော့နည်းနေသည့်အတွက်  မြန်မာတစ်နိုင်ငံလုံး မိုးရွာသွန်းမှုလျော့ကျလာနိုင်သော်လည်း ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၌နှစ်ရက်အတွင်း နေရာကွက်ပြီး မိုးကြီးနိုင်သေးကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ပြောပြချက်အရ သိရသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက “ မြန်မာနိုင်ငံတောင်ပိုင်းဇုန်နဲ့ မြောက်ပိုင်းဇုန်မှာ မိုးများနိုင်တယ်။ စာရင်းပေးထားတာကတော့ နောက်နှစ်ရက်၊ သုံးရက်နေရင် ကချင်နဲ့ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းတွေမှာတော့ နေရာကွက်မိုးကြီးနိုင်သေးတဲ့ အနေအထားမျိုးတော့ ပေးထားတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံမြောက်ပိုင်းတွင် တရုတ်ဘက်မှ ရွေ့လျားလာသောတိမ်တိုက်များကြောင့် မိုးဆက်လက်ရွာသွန်းနိုင်သည်။ မြန်မာနိုင်ငံတောင်ပိုင်းတွင် ထိုင်းပင်လယ်ကွေ့မှတိမ်တိုက်အချို့ ဖြတ်မည့် အနေအထားရှိသည့်အတွက် မိုးပိုများနိုင်ကြောင်း ဒေါက်ကျော်မိုးဦးကရှင်းပြသည်။

မိုးလယ်ကာလမှာ ဖြစ်ပေါ်တတ်သော မိုးကြီးခြင်း၊ မြစ်ရေလျှံခြင်းတို့ကို သတိပြုရန်နှင့် မြေပြိုခြင်းအန္တရာယ်များရှိသည်ဟု ဆိုသည်။

“ဒီဇူလိုင်လ၊ သြဂုတ်လမှာ ပထမအနေနဲ့ သတိပြုရမှာ မြစ်ရေစိုးရိမ်အမှတ်ရောက်လာတာနဲ့ သတိပြုဖို့ လိုပါတယ်။ မိုးအဆက်မပြတ်ရွာတဲ့အတွက်ကြောင့် တောင်ကုန်းတောင်တန်းဒေသတွေမှာ မြေပြိုမှုဘေးအန္တရာယ် တွေပေါ့။ ဒီဟာမျိုးတွေ သတိပြုဖို့ လိုပါတယ်။ တောင်ကုန်းတောင်တန်းတွေမှာ မြေသားခိုင်မာမှုမရှိတဲ့ အနေအထားတွေ၊ သစ်တောတွေ ပြုန်းလာတဲ့ အနေအထားတွေကြောင့် မြေပြိုမှုဘေးအန္တရာယ်တွေ အခုနောက်ပိုင်း မှာတော့ သတိပြုရမယ့် အနေအထားရှိပါတယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မုတ်သုန်လေအားကောင်းခဲ့သည့်အတွက် ရခိုင်ပြည်နယ်တွင် ဒေသအလိုက် မိုးကြီးခြင်း၊ ကချင်ပြည်နယ်တွင် နေရာကွက်မိုးကြီးခြင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် တို့တွင် မိုးကြီးခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်းနှင့် နောက်နှစ်ရက်အတွင်း မိုးပိုလာနိုင်ကြောင်းကိုလည်း မိုးဇလက ထုတ်ပြန်ထားသည်။            

 ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားနည်းနေပြီး မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် (၄)ပေမှ (၇)ပေခန့် ရှိနိုင်ကြောင်းလည်း ဇူလိုင်လ ၇ ရက် နေ့လည်ပိုင်းတွင် မိုးဇလက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ - Crd
September 14, 2026
စစ်အုပ်စုတပ် ပြန်လည်ထိန်းချုပ်ထားသည့် တနင်္သာရီတိုင်း၊ မောတောင်မြို့သို့ သွားသည့်...
ဓာတ်ပုံ - စစ်အုပ်စု (ညောင်တုန်းချောင်းဝတာ ပြိုကျပျက်စီးမှုများအား ပြင်ဆင်ထားသည်ကို ဩဂုတ်လ ၂၆ ရက်နေ့က တွေ့ရစဉ်။)
September 14, 2026
ကြံ့ခိုင်မှုမရှိခြင်းကြောင့် ယခုရက်ပိုင်းအတွင်း ပင်မတာဘောင် မကြာခဏ ပြိုကျမှုများ ဖြစ်ပွားနေသည့်...
ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...