ဝေါမြို့ပေါ်ရှိ အလကခွဲ ကျောင်းအုပ်ဆရာထံမှ စိတ်ကြွဆေးပြား ၁၃၀၀ ခန့် ဖမ်းဆီးရမိ

ဝေါမြို့ပေါ်ရှိ အလကခွဲ ကျောင်းအုပ်ဆရာထံမှ စိတ်ကြွဆေးပြား ၁၃၀၀ ခန့် ဖမ်းဆီးရမိ

ပဲခူးတိုင်းဒေသကြီး၊ဝေါမြို့နယ်ရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲ (အလကခွဲ)မှ ကျောင်းအုပ်ဆရာတစ်ဦးထံမှ မူးယစ်ဆေးဝါးဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်ဟု ဝေါမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်သူ ဦးတင်ထွေးက မဇ္ဈိမသတင်းဌာနကို အတည်ပြုပြောကြားသည်။

 “ မနေ့က ညနေပိုင်းလောက်မှာ မိတယ်လို့ကြားပါတယ်။ ” ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ သတင်းပေးချက်ကို ကိုးကား၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွေးက ပြောသည်။

ထို့အပြင် အမှုကွင်းဆက်အရ စည်ပင်ဝန်ထမ်းတစ်ဦးကိုလည်း ထပ်မံဖမ်းဆီးခဲ့သည်ဟု သိရသည်။

ဖြစ်စဉ်မှာ ဇွန်လ ၅ ရက်နေ့ ညနေပိုင်းအချိန်ခန့်က ပဲခူးတိုင်းဒေသကြီး ၊ဝေါမြို့ရှိ အခြေခံပညာ အလယ်တန်းကျောင်းခွဲသို့ တိုင်း နှင့် ခရိုင်မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ဝင်များက သတင်းအရ ဝင်ရောက် ရှာဖွေစစ်ဆေးမှုများပြုလုပ်ရာတွင် အသက် ၅၀ ဝန်းကျင်ရှိ ကျောင်းအုပ်ဆရာ၏ ရုံးခန်းအတွင်းမှ WY အမှတ်တံဆိပ်ပါ စိတ်ကြွဆေးပြားများ တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ကျောင်းအုပ်ဆရာကို ရဲက စစ်ဆေးချက်အရ လတ်တလောတွင် ခွင့်ယူထားသော စည်ပင်သာယာဝန်ထမ်းတစ်ဦးကိုလည်း ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။

စွပ်စွဲခံရသူနှစ်ဦးကို ဝေါမြို့ရဲစခန်းတွင် ထိန်းသိမ်းစစ်ဆေးလျှက်ရှိပြီး မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုဖြင့် အမှုဖွင့်ထားသည်။

 

ဝေါမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဦးမျိုးကြည် က “  အခုကအများကြီးမိတယ်ဆိုတော့ ဖြန့်တဲ့ပုံစံမျိုးပါ။... ဝန်ထမ်းတစ်ယောက်ရဲ့လုပ်ပိုင်ခွင့်ကနေ့ ဖြန့်တဲ့ပုံစံမျိုးဖြစ်နေတယ်။" ဟု ပြောကြားသည်။

အခင်းဖြစ်ပွားရာကျောင်းသည် လူစိမ်းအဝင်အထွက်များသည်ဟု ဒေသခံများက ပြောကြသည်။ ဖမ်းဆီးရရှိမှုနောက်ဆက်တွဲစုံစမ်းစစ်ဆေးမှုများကို ရဲက ဆက်လက်ပြုလုပ်နေသည်ဟု သိရသည်။

ဓာတ်ပုံ - Crd
September 14, 2026
စစ်အုပ်စုတပ် ပြန်လည်ထိန်းချုပ်ထားသည့် တနင်္သာရီတိုင်း၊ မောတောင်မြို့သို့ သွားသည့်...
ဓာတ်ပုံ - စစ်အုပ်စု (ညောင်တုန်းချောင်းဝတာ ပြိုကျပျက်စီးမှုများအား ပြင်ဆင်ထားသည်ကို ဩဂုတ်လ ၂၆ ရက်နေ့က တွေ့ရစဉ်။)
September 14, 2026
ကြံ့ခိုင်မှုမရှိခြင်းကြောင့် ယခုရက်ပိုင်းအတွင်း ပင်မတာဘောင် မကြာခဏ ပြိုကျမှုများ ဖြစ်ပွားနေသည့်...
ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...