ထိုင်းနိုင်ငံသို့တရားမဝင်နယ်စပ်ဖြတ်ကျော်သည့်အတွက်တစ်ပတ်အတွင်း ပြန်လွှဲခံရသူ မြန်မာ ၁၀၀ ကျော်ရှိ

ထိုင်းနိုင်ငံသို့တရားမဝင်နယ်စပ်ဖြတ်ကျော်သည့်အတွက်တစ်ပတ်အတွင်း ပြန်လွှဲခံရသူ မြန်မာ ၁၀၀ ကျော်ရှိ

တာချီလိတ်မှ မယ်ဆိုင်ချောင်းဖြတ်ပြီး ထိုင်းနိုင်ငံကိုတရားမဝင်နယ်စပ်ဖြတ်ကျော်သည့်အတွက် ထိုင်းအာဏာပိုင်များက ဖမ်းဆီးအရေးယူပြီး  တစ်ပတ်အတွင်း ပြန်လည်လွဲပြောင်းခံရသော မြန်မာနိုင်ငံသား  ၁ဝဝ ကျော်ရှိနေပြီဖြစ်ကြောင်းသိရသည်။

တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူးရုံး၊ ထိုင်း-မြန်မာဆက်ဆံရေး တာဝန်ခံ ဦးထွန်းက“ထိုင်းဘက်ကနေ ဖမ်းပြီးတော့ သက်ဆိုင်ရာက အရေးယူပြီးတော့ လဝကကနေတစ်ဆင့် ပြန်ပို့တာပေါ့နော်။ တစ်ပတ်အတွင်းမှာ ဦးရေတစ်ရာကျော်တယ်။ တစ်ချို့ကလည်း မသိလို့။ ထိုင်းနိုင်ငံအနှံ့အပြားမှာဆိုတော့ သတင်းမရောက်တာလည်း ရှိတယ်။ တစ်ချို့ကျတော့လည်း ပွဲစားစကားနားယောင်တာပေါ့နော်။ တစ်ချို့ကလည်း ကွာရန်တင်းဝင်ရမှာ ကြောက်လို့နေမှာပေါ့နော်။ တစ်ချို့ကလည်း အမြန်သွားချင်တာပေါ့နော်” ဟု ပြောသည်။

ထိုသို့ မယ်ဆိုင်ချောင်းကို ဖြတ်ပြီးနယ်စပ်ဖြတ်ကျော်ဝင်ရောက်သူများ လွတ်မြောက်သွားပါက ဖြစ်လာနိုင်သည့် အကျိုးဆက်များနှင့် ပတ်သက်၍ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများအကြားတွင် စိုးရိမ်မှုရှိနေကြောင်းလည်း သိရသည်။

ထိုင်း-မြန်မာဆက်ဆံရေး တာဝန်ခံ ဦးထွန်းက “ဟိုရောက်မှ မတော်တဆ ကိုဗစ်လက္ခဏာပြလို့ ကိုဗစ်ရှိတယ်ဆို သူလမ်းတစ်လျှောက်သွားခဲ့တဲ့ဟာတွေက အကုန်လုံးပြဿနာတက်ပြီလေ။ ကျွန်တော်တို့ ဒီမှာ တရားဝင်သွား တော့ နှစ်ဖက်ကျန်းမာရေးစစ်ဆေးတယ်။ ဟိုရောက်ရင် ကွာရန်တင်းဝင်တယ်။ ထိန်းချုပ်တာပေါ့။ ချောင်းကို ခိုးပြီး ကူးသွားရင် ရောဂါပိုးပါလား၊ မပါလား မသိနိုင်ဘူးလေ” ဟု ပြောသည်။

COVID-19 ကူးစက်ဖြစ်ပွားနေမှုအခြေအနေများကြောင့် တာချီလိတ်-မယ်ဆိုင် အမှတ်(၁) ချစ်ကြည်ရေးတံတားကို မတ်လ ၂၃ ရက်နေ့ကစပြီး ပိတ်ထားခဲ့သော်လည်း နေရပ်ပြန်လိုသည့် မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် အစိုးရက အထူးအစီအစဉ်တစ်ရပ်အနေဖြင့် တံတားမှ တရားဝင်ဖြတ်သန်းဝင်ရောက်ခွင့်ပြုထားသည်။

သို့သော် မြန်မာနိုင်ငံ၊ တာချီလိတ်မြို့ကနေ ထိုင်းနိုင်ငံ၊ မယ်ဆိုင်ဘက်သို့ အချိန်တိုအတွင်း ဖြတ်ကူးသွားနိုင်သည့်အတွက် မယ်ဆိုင်ချောင်းမှ ခိုးကူးသွားလာနေသူအများအပြားရှိနေခြင်းဖြစ်သည်။

တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက “ကျွန်တော်တို့ကတော့ ရှိတဲ့ ဝန်ထမ်းအင်အားနဲ့ အဖွဲ့ ရှစ် ဖွဲ့ ဖွဲ့ပြီးတော့ လုပ်နေတယ်။ ဒါပေမယ့် မယ်ဆိုင်ချောင်းရဲ့ အရှည်က ၃၈ မိုင်ရှိတော့ မလွှမ်းခြုံနိုင်ဘူးပေါ့ဗျာ။ ချောင်းရေကလည်း ခြေမျက်စိလောက်ပဲ ရှိတယ်။ ဟိုဘက်ဒီဘက် ချောင်းအကျယ်က ၁၅ ပေ၊ တစ်ချို့နေရာတွေမှာ၂ဝ ပေ လောက်ပဲ ရှိတယ်ဆိုတော့ ဒီတိုင်းဖြတ်ပြီးတော့ ဆင်းသွားရင်တောင် ရတာပေါ့။ အဲ့တော့ ဌာနဆိုင်ရာ ချည်းပဲ လုပ်လို့ မအောင်မြင်နိုင်ဘူးပေါ့” ဟု ပြောသည်။

COVID-19ကာလတွင် မယ်ဆိုင်ချောင်းမှ ခိုးကူးလာသူများကို နှစ်နိုင်ငံတာဝန်ရှိသူများက စောင့်ကြပ်ဖမ်းဆီးမှုများပြုလုပ်နေသော်လည်း အခက်အခဲအချို့ရှိနေသည့်အတွက် အများပြည်သူများ ပူးပေါင်းပါဝင်ကြရန်၊ မယ်ဆိုင်ချောင်းမှ ခိုးကူးလာသူများကို တွေ့ရှိပါက အကြောင်းကြားရန် တာဝန်ရှိသူများက တိုက်တွန်းထားသည်။

ဓာတ်ပုံ - Crd
September 14, 2026
စစ်အုပ်စုတပ် ပြန်လည်ထိန်းချုပ်ထားသည့် တနင်္သာရီတိုင်း၊ မောတောင်မြို့သို့ သွားသည့်...
ဓာတ်ပုံ - စစ်အုပ်စု (ညောင်တုန်းချောင်းဝတာ ပြိုကျပျက်စီးမှုများအား ပြင်ဆင်ထားသည်ကို ဩဂုတ်လ ၂၆ ရက်နေ့က တွေ့ရစဉ်။)
September 14, 2026
ကြံ့ခိုင်မှုမရှိခြင်းကြောင့် ယခုရက်ပိုင်းအတွင်း ပင်မတာဘောင် မကြာခဏ ပြိုကျမှုများ ဖြစ်ပွားနေသည့်...
ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...