ကယားပြည်နယ်တွင် ကယန်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာ မဲဆန္ဒနယ် သတ်မှတ်ဖို့ HCKNU တောင်းဆို

ကယားပြည်နယ်တွင် ကယန်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာ မဲဆန္ဒနယ် သတ်မှတ်ဖို့ HCKNU တောင်းဆို

ခွန်းကလိုင်းဖရီး — ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကယား(ကရင်နီ)ပြည်နယ်အတွင်းတွင် ကယန်းတိုင်းရင်းသားရေးရာဝန်ကြီး မဲဆန္ဒနယ်သတ်မှတ်ပေးဖို့ လိုတယ်လို့ ကယန်းအမျိုးသားညီညွတ်ရေးဦးဆောင်ကော်မတီ (HCKNU)မှ ဥက္ကဌ ခွန်းရှမူအေးလာက ပြောပါတယ်။

“၂၀၀၈ ဖွဲ့စည်းပုံ (၁၆၁) (ဂ) အရဆိုရင် ဒီအခွင့်အရေးကို ပေးထားပြီးသားလေ။ အဲဒီအခွင့်အရေးပေးထားတဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့က ဒီအခွင့်အရေးအပေါ်မှာပဲ တောင်းဆိုတာ” ဟု ကန္တာရဝတီတိုင်းမ်သို့ ပြောဆိုပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေပြဌာန်းချက်အရ ကယန်းလူမျိုးတွေက ကယားပြည်နယ်မှာ မြန်မာနိုင်ငံလူဦးရေ ဝ.၁ ရာခိုင်နှုန်းကျော်ရှိတဲ့အတွက် ကယားပြည်နယ်အတွင်း ကယန်းတိုင်းရင်းသားရေးရာဝန်ကြီး တစ်ဦးရရှိဖို့ မဲဆန္ဒနယ်သတ်မှတ်ထည့်သွင်းဖို့ တောင်းဆိုနေကြတာလို့ဆိုပါတယ်။

ကယား(ကရင်နီ)ပြည်နယ်တွင် ကယန်းတိုင်ရင်းသားရေးရာဝန်ကြီးနေရာအတွက် လူဦးရေပြည့်မီသော်လည်း ရေးရာဝန်ကြီးနေရာသတ်မှတ်ပေးခြင်းမရှိသည့်အတွက် တိုင်းရင်းသားအခွင့်အရေးနှင့် ပတ်သက်၍ မေးစရာဖြစ်လာကြောင်း ၎င်းက ဆိုသည်။

ဇွန်လ ၂၉ ရက်နေ့က ထုတ်ပြန်လိုက်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် သတ်မှတ်ထားလိုက်တဲ့ ကယားပြည်နယ်လွှတ်တော်မဲဆန္ဒနယ်စားရင်မှာ ကယန်းတိုင်းရင်းသားရေးရာဝန်ကြီး မဲဆန္ဒနယ်ဖော်ပြခြင်းမရှိသည့်ပေါ် ကယန်းအမျိုးသားညီညွတ်ရေးဦးဆောင်ကော်မတီ (HCKNU)မှ ပြင်းထန်စွာ ကန့်ကွက်ကြောင်း ဇူလိုင်လ ၁ ရက်နေ့မှာ သဘောထားထုတ်ပြန်လိုက် တာဖြစ်ပါတယ်။

“၂၀၀၈ ဖွဲ့စည်းပုံကို မကြိုက်ပေးမယ့်လည်း ပေးထားချက်အရ ဒီလိုတိုင်းရင်းသားရေးရာဝန်ကြီးကို လိုလားကြပေမယ့်လည်း ဒါဟာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေနဲ့ မသတ်မှတ်ပေးလာတာကတော့ လူနည်းစုတိုင်းရင်းသားတွေအနေနဲ့ နှစ်နာတယ်လို့ ကျနော်တို့မြင်တယ်”ဟု LAIN နည်းပညာအထောက်အကူပြုအဖွဲ့ ဘုတ်ဥဣဌ ကိုကျော်ထင်အောင်က သုံးသပ်ပြောဆိုပါတယ်။

လက်ရှိ ကယားပြည်နယ်၊ မဲဆန္ဒနယ် (၄)၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောစိန်ထွန်းမှ လွှတ်တော်တွင် မေးမြန်းခဲ့သဖြင့် ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့က အမျိုးသားလွှတ်တော်ရုံး သုတေသန၊ ပြည်သူ့ဆက်ဆံရေးနှင့် နိုင်ငံတကာဆက်ဆံရေးဌာနကြီးမှ ပြန်လည်ပေးပို့သည့်စာအရ ကယန်းလူဦးရေသည် (၆၉,၉၁၀) ဦးရှိတယ်လို့ဆိုထားပါတယ်။

လက်ရှိရွေးကောက်ပွဲကော်မရှင်မှ ကယားပြည်နယ်တိုင်းရင်းသားရေးရာ မဲဆန္ဒနယ်တွင် ကယန်းတိုင်ရင်းသားရေးရာဝန်ကြီးနေရာ သတ်မှတ်ပေးခြင်းမရှိသေးပါ။

၂၀၂၀ ပြည့်နှစ် ၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် သတ်မှတ်ထားတဲ့ ကယားပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်ထဲမှာ ၂၀၁၀ ၊၂၀၁၅ ရွေးကောက်ပွဲနည်းတူ ဗမာတိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်တစ်ခုသာ ပါရှိပါသေးတယ်။

၎င်းကိစ္စနဲ့ပတ်သက်လို့ သက်ဆိုင်ရာ ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်ကို ဆက်သွယ်မေးမြန်းထား ရာမှာ ဖြေကြားမည့်သူမရှိသေးပါလို့ ရုံးတာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့ပါတယ်။

HCKNU အနေဖြင့် အဆိုပါကိစအပေါ် နိုင်ငံတော်အစိုးရအား ဆက်လက်တင်ပြလုပ်ဆောင်သွားမယ်လို့သိရပါတယ်။

ကယန်းအမျိုးသား ညီညွတ်ရေးဦးဆောင်ကော်မတီ (HCKNU) ကို ကယန်းလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ ဘာသာရေးအသင်းအဖွဲ့အပြင် ကယန်းမျိုးနွယ်စု (၄ )ခုမှ ကိုယ်စားလှယ်များဖြင့် စုပေါင်းဖွဲ့စည်းထားသည့် အမြှင့်ဆုံး ကယန်းအာဏာပိုင်အဖွဲ့အစည်းဖြစ်တယ်လို့သိရပါတယ်။

Most read this week

ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း တစ်နေရာမှ စစ်ဘေးရှောင် ပြည်သူများကို တွေ့ရစဉ်။ - ပုံဟောင်း / Crd
September 1, 2026
ကရင်နီပြည်တွင် တွေ့ရှိရသည့် မြေပြင်အခြေအနေများနှင့် တရားရုံးသို့ တက်လာသည့် အမှုအခင်းများကြောင့်...
ဓာတ်ပုံ - (ရှားတောမြို့နယ်တွင် မိခင်နှင့် ကလေးငယ်အတွက် ကာကွယ်ဆေးထိုးနှံပေးနေသည့်မြင်ကွင်း - ပုံဟောင်း / CHDN)
August 31, 2026
ကရင်နီပြည်၊ တော်လှန်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်နယ်မြေအတွင်း လမ်းပန်းဆက်သွယ်ရေးနှင့် လုံခြုံရေး...
ဓါတ်ပုံ - (၂၀၂၆ ခုနှစ် မေလတွင် စစ်အုပ်စုတပ်က ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့စဉ် / မိုးဗြဲ PDF)
August 29, 2026
ရှမ်း-ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့၊ လွယ်ယင်းတောင်ခြေဘက်သို့ ဩဂုတ်လ ၂၈ ရက်က အင်အား ၂၀၀ ခန့်ဖြင့်...
ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...