မူးယစ်ဆေးဖြတ်ချင်သူများအတွက် ပြန်လည်ထူထောင်ရေးစခန်းဖွင့်လှစ်

မူးယစ်ဆေးဖြတ်ချင်သူများအတွက် ပြန်လည်ထူထောင်ရေးစခန်းဖွင့်လှစ်

စိတ်ကြွမူးယစ်ဆေးစွဲနေတဲ့လူငယ်တွေကို ပြန်လည်ထူထောင်ရေးဆောင်ရွက်ပေးနိုင်ဖို့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်အတွင်း ကုန်းဆုံကျေးရွာအုပ်စု၊ ကသဲကျေးရွာရှိ ရွှေပြည်အေးလူငယ်ပြန်လည်ထူထောင်ရေးစခန်းကို ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်တယ်လို့ ဖယ်ခုံပြန်လည်ထူထောင်ရေးစခန်းဦးစီးမှူး ဦးဇော်ဝင်းထွဋ်က ပြောပါတယ်။

ဦးဇော်ဝင်းထွဋ်က “ထမင်းစားချိန်တို့ အားကစားချိန်တို့ သီးခြားစီခွဲခြားပြီးတော့ လုပ်ဆောင်သွားမှာပေါ့မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းအနေနဲ့ ဒီရွှေပြည်အေးစခန်းကတော့ အခုမှပြန်ဖွင့်မှာပေါ့ အရင်တုန်းက ပိတ်ထားတာကြာပြီခင်ဗျ။ အခုပြန်ဖွင့်မှာဆိုရင် ကျတော်တို့ကသုံးလ ရက်၉၀ပေါ့ စခန်းအခြေပြုအနေနဲ့ပြန်လည်ဖွင့်သွားမှာဖြစ်တယ်” လို့ ပြောပါတယ်။

၃လကြာ စခန်းသွင်းပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးတော့မှာဖြစ်တဲ့အတွက် သင်တန်းသားတွေကို စတင်ခေါ်ယူနေတယ်လို့ ဆိုပါတယ်။

“ဖွင့်လှစ်တဲ့အချိန်မှာ ပထမဦးဆုံးအနေနဲ့ သင်တန်းသားတွေကို ကျန်းမာရေးစစ်ဆေးမှာပေါ့ ဥပမာ- ဘီပိုး စီပိုးရှိလားပေါ့ အဲဒါရှိရင်တော့ လက်ခံလို့မရဘူးပေါ့။ ကျန်တဲ့ရောဂါရှိရင်တော့ နည်းနည်းပါးပါးလက်ခံပေးလို့ရပါတယ်။ သူတို့ ဆေးသုံးစွဲတဲ့ပမာဏအပေါ်မူတည်ပြီး ကျတော်တို့စစ်ဆေးမယ်ပေါ့။” လို့ ဦးဇော်ဝင်းထွဋ်က ပြောပါတယ်။

အဲဒီ ပြန်လည်ထူထောင်ရေးစခန်းကို ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ်မှစပြီး ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ကနေ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာမှ ပြန်လည်လွဲပြောင်းခဲ့ပြီး ၁၀နှစ်ကျော်အကြာ ပိတ်ထားရာမှ ပြန်လည်ဖွင့်လှစ်တာဖြစ်ပါတယ်။

နိုင်ငံတော်ရဲ့ထောက်ပံ့မှုအစီအစဉ်နဲ့ သင်တန်းသားသီးသန့် အယောက် (၂၀)ကို ခေါ်ယူသွားမှာဖြစ်ပြီး စာရင်းပေးသွင်းတဲ့သင်တန်းသားတွေအနေနဲ့ မိဘအုပ်ထိန်းသူခွင့်ပြုချက်နဲ့ ခံဝန်ကတိ လက်မှတ်ရေးထိုးပေးရမှာဖြစ်သလို သင်တန်းသားထွက်ပြေးပါက သင်တန်းစခန်းကနေ တာဝန်ယူမှာမဟုတ်ဘူးလို့ သိရပါတယ်။

သင်တန်းလာတက်မယ့် သင်တန်းသားတွေအနေနဲ့ ဘီပိုး စီပိုး နဲ့ အခြားကူးစက်ရောဂါရှိပါက လက်ခံမှာမဟုတ်ဘူးလို့ သိရပါတယ်။

သင်တန်းကာလ ၃လအတွင်း သင်တန်းသားတွေကို စိုက်ပျိူးရေးနဲ့ပတ်သက်တဲ့သင်တန်း၊ အသက်မွေးဝမ်းကြောင်းသင်တန်းတွေဖြစ်တဲ့ ဆိုင်ကယ်ပြင်သင်တန်း ကားဝပ်ရှော့သင်တန်း နဲ့ အခြားဗဟုသုတဖြစ်စေမယ့်အကြောင်းအရာတွေ စိတ်ပြန်လည်ထူထောင်ပေးနိုင်တဲ့ ပညာတွေကို သင်ပေးသွားမှာပဲဖြစ်ပါတယ်။

သင်တန်းကာလ ၃ လအတွင်းမှာ သင်တန်းသားတွေအနေနဲ့ မိမိတစ်ကိုယ်ရေသုံးပစ္စည်းတွေပဲ ယူဆောင်ခွင့်ရှိသလို ကျန်တဲ့ပစ္စည်းတွေကိုတော့ သင်တန်းကအခမဲ့ထောက်ပံ့ပေးသွားမှာဖြစ်ပြီး သင်တန်းသားတွေက စခန်းအပြင်ထွက်ခွင့်မရှိဘဲ တစ်ပတ်တစ်ခါ မိဘဆွေမျိုးအသိုင်းအဝိုင်းနဲ့ တွေ့ခွင့်ပေးထားတယ်လို့ သိရပါတယ်။

အဲလို ပြန်လည်ထူထောင်ရေးစခန်းတွေက မြန်မာနိုင်ငံမှာ ၁၁ခုရှိတဲ့အထဲ ၉ခုသာ သက်ဝင်လုပ်ရှားနေသေးတယ်လို့ သိရပါတယ်။

မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းကို ၁၉၈၃ခုနှစ်မှာ ကသဲဘက်စုံပြန်လည်ထူထောင်ရေးစခန်းဆိုပြီး စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၀၂ခုနှစ်မှာ ရွှေပြည်အေးလူငယ်ပြန်လည်ထူထောင်ရေးစခန်းဟုအမည်ပြောင်းခဲ့တယ်လို့ သိရပါတယ်။

၂၀၀၅ခုနှစ်မှာတော့ သင်တန်းကိုပိတ်ထားလိုက်ပြီး ၁၉၈၃ခုနှစ်ကနေ ၂၀၀၅ခုနှစ်အထိ သင်တန်းအပတ်စဉ် (၂၈)နဲ့ မူးယစ်ဆေးစွဲလူနာ (၄၂၇)ဦးကို ဆေးဖြတ်ကုသပေးခဲ့တယ်လို့သိရပါတယ်။

ဇူလိုင်လ ၇ ရက်နေ့မှစပြီး စခန်းသွင်းသင်တန်းကို စတင်ဖွင့်လှစ်တော့မှာဖြစ်ပြီး သင်တန်းသား အယောက်(၂၀)သာခေါ်ယူသွားမှာဖြစ်တယ်လို့သိရပါတယ်။

ဇူလိုင်လ တစ်ရက်နေ့အထိ လာရောက်စာရင်းသွင်းသူ ၄ ဦးရှိနေပြီဖြစ်ပါတယ်။

Most read this week

ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း တစ်နေရာမှ စစ်ဘေးရှောင် ပြည်သူများကို တွေ့ရစဉ်။ - ပုံဟောင်း / Crd
September 1, 2026
ကရင်နီပြည်တွင် တွေ့ရှိရသည့် မြေပြင်အခြေအနေများနှင့် တရားရုံးသို့ တက်လာသည့် အမှုအခင်းများကြောင့်...
ဓာတ်ပုံ - (ရှားတောမြို့နယ်တွင် မိခင်နှင့် ကလေးငယ်အတွက် ကာကွယ်ဆေးထိုးနှံပေးနေသည့်မြင်ကွင်း - ပုံဟောင်း / CHDN)
August 31, 2026
ကရင်နီပြည်၊ တော်လှန်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်နယ်မြေအတွင်း လမ်းပန်းဆက်သွယ်ရေးနှင့် လုံခြုံရေး...
ဓါတ်ပုံ - (၂၀၂၆ ခုနှစ် မေလတွင် စစ်အုပ်စုတပ်က ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့စဉ် / မိုးဗြဲ PDF)
August 29, 2026
ရှမ်း-ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့၊ လွယ်ယင်းတောင်ခြေဘက်သို့ ဩဂုတ်လ ၂၈ ရက်က အင်အား ၂၀၀ ခန့်ဖြင့်...
ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...