မံစီမြို့နယ်အတွင်း ငါးလောင်းပြိုင်လူသတ်မှု သံသယရှိသူနှစ်ဦးကို စစ်ဆေးနေ

မံစီမြို့နယ်အတွင်း ငါးလောင်းပြိုင်လူသတ်မှု သံသယရှိသူနှစ်ဦးကို စစ်ဆေးနေ

ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ ဂိုင်ဒေါ်ကျေးရွာတွင် ဖြစ်ပွားခဲ့သော ငါးလောင်းပြိုင်လူသတ်မှုအတွက် သံသယရှိသည့် ရွာသားနှစ်ဦးကို စစ်ဆေးနေကြောင်း KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက  မဇ္ဈိမကို ပြောသည်။

ဗိုလ်မှူးကြီး နော်ဘူက  “ကျွန်တော်တို့ KIO ထိန်းချုပ်နယ်မြေမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ စစ်ဆေးနေပါတယ်။ စစ်ဆေးနေတယ်ဆိုတာက မနေ့ကပေါ့နော် ဇူလိုင်လ ၃ ရက်နေ့ နေ့လည်ပိုင်းလောက်မှာ ကျွန်တော်တို့ သံသယရှိတဲ့ လူနှစ်ဦးကို ဖမ်းဆီးပြီးမှ စစ်ဆေးနေပါတယ်။ တရားခံတွေရဲ့ ပြောဆိုထွက်ဆိုချက်တွေကတော့ အခုထိတော့ အတည်ပြုပြောတာတော့ မရှိသေးပါဘူး။ စစ်ဆေးနေတုန်းဖြစ်ပါတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂ ရက်နေ့ ညက ဗန်းမော်ခရိုင် ၊ မံစီမြို့နယ်၊ ဂိုင်ဒေါ်ကျေးရွာ၊ မန်ဂျယ်ဒိန်စီအင်ဘပါအုပ်စုတွင် နေထိုင်သော မိသားစုဝင်ငါးဦး နေအိမ်၌ ဓားခုတ်ရာများဖြင့် အသတ်ခံခဲ့ရခြင်းဖြစ်သည်။

အရပ်ဘက်ကျေးရွာအုပ်ချုပ်ရေးပိုင်းတွင် မှတ်တမ်းရေးသူအဖြစ် ဆောင်ရွက်နေသည့် အမျိုးသားဖြစ်သူ၊ ဇနီးသည်၊ အသက် ၇ဝ အရွယ်အဘွား၊ ကလေးနှစ်ဦးတို့ကို သေဆုံးလျှက်တွေ့ရပြီး အခင်းဖြစ်ပွားစဉ် အိမ်၌မရှိသော အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦးသာ အသက်ရှင်ကျန်ရစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒေသခံတစ်ဦးက “လွတ်သွားတာက ၁၃ နှစ်အရွယ် ကလေးတစ်ယောက်တော့ လွတ်သွားတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ သူက ညဘက် ရွာလည်နေလို့ အသတ်ခံရတဲ့အထဲ မပါတဲ့ သဘောရှိတယ်။ အဲ့လိုဖြစ်သွားတော့ ကျွန်တော်တို့လည်း ကြုံတောင့်ကြုံခဲ သွေးပျက်နေတာပေါ့''ဟုပြောသည်။

ထိုကျေးရွာသည်နေအိမ်တစ်အိမ်နှင့်တစ်အိမ်အလှမ်းကွာဝေးတာကြောင့်အိမ်နီးနားချင်းများကလည်းဘာအသံမှမကြားတာကြောင့်မျက်မြင်သက်သေမရှိဘဲဖြစ်နေကြောင်းသိရသည်။

ယခုဖြစ်ပွားခဲ့သော အမှုအခင်းနှင့်ပတ်သက်၍ ရွာသားအချင်းချင်းအတွင်းရေးပြဿနာတစ်စုံတစ်ရာကြောင့် ဖြစ်နိုင်သည်ဟု သုံးသပ်ကြောင်း KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

၎င်းက“ အဖြစ်မှန်ပေါ်ပေါက်ဖို့ကတော့ ကျွန်တော်တို့ တာဝန်ယူပြီး စစ်ဆေးနေပါတယ်။ တကယ်လို့ စစ်ဆေးပြီးပြီဆိုရင်တော့ ကျွန်တော်တို့ ထိထိရောက်ရောက် အရေးယူဖို့ ဖြစ်ပါတယ်။ နောက်ပြီးတော့ တစ်ခုကတော့ ကြားသလောက်ကတော့ ဒီထဲက လူတွေတော့ မဟုတ်လောက်ဘူး။ သူတို့ ရွာထဲကလူတွေပေါ့၊ သူတို့အချင်းချင်းပေါ့။ အတွင်းရေးပြဿနာကြောင့် ဖြစ်မယ်လို့ ကျွန်တော်တို့ သုံးသပ်မိပါတယ်”ဟု ပြောသည်။

အဆိုပါ ငါးလောင်းပြိုင်လူသတ်မှု အဖြစ်မှန်ပေါ်ပေါက်ရေးအတွက် ဗန်းမော်ခရိုင်အုပ်ချုပ်ရေးရုံးက သံသယရှိသူများကို တာဝန်ယူစစ်ဆေးနေဆဲဖြစ်ပြီး စစ်ဆေးပြီးစီးပါက ကချင်လွတ်မြောက်ရေးအဖွဲ့တရားရုံးတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ဓာတ်ပုံ - Crd
September 14, 2026
စစ်အုပ်စုတပ် ပြန်လည်ထိန်းချုပ်ထားသည့် တနင်္သာရီတိုင်း၊ မောတောင်မြို့သို့ သွားသည့်...
ဓာတ်ပုံ - စစ်အုပ်စု (ညောင်တုန်းချောင်းဝတာ ပြိုကျပျက်စီးမှုများအား ပြင်ဆင်ထားသည်ကို ဩဂုတ်လ ၂၆ ရက်နေ့က တွေ့ရစဉ်။)
September 14, 2026
ကြံ့ခိုင်မှုမရှိခြင်းကြောင့် ယခုရက်ပိုင်းအတွင်း ပင်မတာဘောင် မကြာခဏ ပြိုကျမှုများ ဖြစ်ပွားနေသည့်...
ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...