လိင်အမြတ်ထုတ်ကျူးလွန်မှုဖြင့် ရဲမှူးချုပ်ဇော်မိုးသန်းကို ထောင်ဒဏ်ချမှတ်၊ ရမည်းသင်းအကျဉ်းထောင်ပို့

လိင်အမြတ်ထုတ်ကျူးလွန်မှုဖြင့် ရဲမှူးချုပ်ဇော်မိုးသန်းကို ထောင်ဒဏ်ချမှတ်၊ ရမည်းသင်းအကျဉ်းထောင်ပို့

လိင်အမြတ်ထုတ်သည့် ကိစ္စနှင့်ပတ်သက်၍ စစ်ဆေးခံနေရသည့် ရဲရာထူးခန့်ချုပ် ရဲမှူးချုပ် ဇော်မိုးသန်းအား ရဲတရားရုံးက ဇူလိုင် ၃ရက်နေ့တွင် ထောင်ဒဏ်ချမှတ်လိုက်တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယတပ်ဖွဲ့မှူး (သတင်းရဲတပ်ဖွဲ့) မှ ရဲမှူးကြီး ကျော်သီဟက မဇ္ဈိသို့ ပြောသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယတပ်ဖွဲ့မှူး (သတင်းရဲတပ်ဖွဲ့)မှ ရဲမှူးကြီး ကျော်သီဟက "ရဲတရားရုံးက ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအရ သူ့ကို ပြစ်ဒဏ်ချမှတ်လိုက်တာဖြစ်ပါတယ်။ ဘယ်နှနှစ်ချလိုက်တယ်ဆိုတော့ အတည်ပြုပြီးမှ ပြန်အကြောင်းကြားပေးပါမယ်။ ထောင်ဒဏ်ချမှတ်လိုက်တာပဲ သိထားပါတယ်။ ချလိုက်တဲ့နှစ်အတိအကျကိုတော့ အတည်ပြုပြန်ကြားပေးပါမယ်" ဟု ဆိုသည်။

ရဲရာထူးခန့်ချုပ် ရဲမှူးချုပ်ဇော်မိုးသန်းသည် အမျိုးသမီးရဲတပ်ဖွဲ့ဝင်များအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်သည်ဟု ဆိုကာ စုံစမ်းစစ်ဆေးခြင်းခံခဲ့ရပြီးနောက် ယခုကဲ့သို့ ရာထူးမှထုတ်ပယ်ကာ ထောင်ဒဏ်ချမှတ်ခံလိုက်ရခြင်းဖြစ်သည်။

အခုလက်ရှိတွင် ရဲမှူးချုပ် ဇော်မိုးသန်းအား ရမည်းသင်းအကျဉ်းထောင်ကို ပို့ဆောင်ထားလိုက်ပြီဖြစ်ကြောင်း သိရသည်။

ရဲမှူးချုပ်ဇော်မိုးသန်းသည် ပြီးခဲ့သည့် တစ်နှစ်ကျော်ခန့်က ရဲလေ့ကျင့်ရေးအရာရှိချုပ်ရာထူးတာဝန်မှ ရဲရာထူးခန့်ချုပ် ရာထူးသို့  ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ပြည်ထဲရေးဝန်ကြီးအသစ်ဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်လက်ထက်တွင် ရထားရဲတပ်ဖွဲ့က ရဲမှူးချုပ် မိုးသူအောင်အား ရာထူးကထုတ်ပယ်ကာ ထောင်ဒဏ် ခြောက်လကျခံစေပြီး ရဲထောက်ချုပ် ရဲမှူးချုပ်ဇော်ခင်အောင်အား ရဲတပ်ဖွဲ့ကနေ ရှုတ်ချကာ ထုတ်ပယ်ထားခဲ့ဖူးသည်။

May 16, 2026
မကွေးတိုင်းထဲက နတ်မောက်မြို့နယ်နှင့် မန္တလေးတိုင်းထဲက ရမည်းသင်းမြို့နယ်တို့ ထိစပ်နေသည့်...
May 15, 2026
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ လေးမြို့မြစ်အတွင်း မေလ ၁၂ ရက် ညနေပိုင်းက လူဦးရေအဆမတန်...
May 14, 2026
ပေါ်ထွန်း — မကွေးတိုင်းအတွင်းရှိ ပေါက်မြို့နယ်နှင့် ဆောမြို့နယ်များသို့ စစ်အုပ်စုက...
May 13, 2026
ပေါ်ထွန်း — စစ်ကိုင်းတိုင်းအတွင်း စစ်ရေးအရှိန်မြှင့်တင်နေသည့် အာရက္ခတပ်တော် (AA) အပါအဝင်...