"အောင်ဆန်း" ရုပ်ရှင်တွင် ဂဠုန်ဦးစောအဖြစ်သရုပ်ဆောင်ရန် သရုပ်ဆောင်ဆုပန်ထွာ၏ အမျိုးသားဖြစ်သူကိုရွေးချယ်

"အောင်ဆန်း" ရုပ်ရှင်တွင် ဂဠုန်ဦးစောအဖြစ်သရုပ်ဆောင်ရန် သရုပ်ဆောင်ဆုပန်ထွာ၏ အမျိုးသားဖြစ်သူကိုရွေးချယ်

"အောင်ဆန်း" ရုပ်ရှင်တွင် ဂဠုန်ဦးစောအဖြစ်သရုပ်ဆောင်ရန် သရုပ်ဆောင်ဆုပန်ထွာ၏ အမျိုးသားဖြစ်သူ ကိုဥက္ကာကျော်ကို ပထမအဆင့်ရွေးချယ်ထားကြောင်း  Casting Director ဒါရိုက်တာ ပန်းချီစိုးမိုးက မဇ္ဈိမသို့ ဇူလိုင်လ ၃ရက်ကပြောသည်။

Casting Director ဒါရိုက်တာ ပန်းချီစိုးမိုးက “ ရွေးဖို့များတယ်။ မနက်ဖြန်ကို မိတ်ကပ်လိမ်းမှာ။အကြမ်းဖျဉ်းအားဖြင့်တော့ ရွေးဖို့များတယ်။ ကျန်တဲ့သူတွေက မတူတာတွေများတယ်။ သူကတော့ တော်တော်တူတယ်။ အရပ်အမောင်းလည်းနီးစပ်တယ်။ အိုင်တင်လည်းလုပ်နိုင်တယ်။ ဦးစောနေရာ သူဖြစ်ဖို့များတယ်” ဟု မဇ္ဈိမသို့ပြောသည်။

ကိုဥက္ကာကျော်အား ပထမဆင့်အနေဖြင့် ရွေးချယ်ထားပြီးဒုတိယအဆင့်အနေဖြင့် လူတွေ့စစ်ဆေးခြင်း၊သရုပ်ဆောင်မှုစစ်ဆေးခြင်း၊Character Make-up Test ပြုလုပ်ခြင်းများကိုမကြာ မီရက်ပိုင်းတွင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အောင်ဆန်းရုပ်ရှင် သရုပ်ဆောင်ရွေးချယ်ရေးအဖွဲ့မှ သိရသည်။

မူလက ဂဠုန်ဦးစောအဖြစ်သရုပ်ဆောင်ရန် မြေးဖြစ်သူ ဇော်ဇော်ပိုင်သည် မိဘအုပ်ထိန်းသူများ၏ သဘောဆန္ဒအရ ပါဝင်သရုပ်ဆောင်ရန် မဖြစ်နိုင်တော့သည့်အတွက် အဆိုပါနေရာမှာလစ်လပ်လျက်ရှိသည့် အတွက် သရုပ်ဆောင်ထပ်မံရွေးချယ်ရန် လျှောက်လွှာများ ခေါ်ယူခဲ့ခြင်းဖြစ်သည်။

"အောင်ဆန်း" ရုပ်ရှင်တွင် ဂဠုန်ဦးစောအဖြစ်ပါဝင်သရုပ်ဆောင်ရန် ၂၀၂၀ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင်ကြေငြာခေါ်ယူခဲ့ရာ Message Box မှသော်လည်းကောင်း၊ စာတိုက်မှသော်လည်းကောင်း လာရောက်လျှောက်ထားသောလျှောက်လွှာပေါင်း (၂၉) စောင်ကို လက်ခံရရှိခဲ့ပါသည်။

ထိုလျှောက်ထားသူများထဲမှ အသက်အရွယ်၊အရပ်အမောင်း၊ ရုပ်ရည်ဆင်တူမှု စသည်တို့အပေါ်မူတည်၍Casting Director ဒါရိုက်တာ ပန်းချီစိုးမိုးနှင့်ဒါရိုက်တာ လူမင်းတို့မှ စိစစ်ရွေးချယ်ခဲ့ရာကိုဥက္ကာကျော် တစ်ဦးတည်းကိုသာ ရွေးချယ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most read this week

ဓာတ်ပုံ - Crd
September 14, 2026
စစ်အုပ်စုတပ် ပြန်လည်ထိန်းချုပ်ထားသည့် တနင်္သာရီတိုင်း၊ မောတောင်မြို့သို့ သွားသည့်...
ဓာတ်ပုံ - စစ်အုပ်စု (ညောင်တုန်းချောင်းဝတာ ပြိုကျပျက်စီးမှုများအား ပြင်ဆင်ထားသည်ကို ဩဂုတ်လ ၂၆ ရက်နေ့က တွေ့ရစဉ်။)
September 14, 2026
ကြံ့ခိုင်မှုမရှိခြင်းကြောင့် ယခုရက်ပိုင်းအတွင်း ပင်မတာဘောင် မကြာခဏ ပြိုကျမှုများ ဖြစ်ပွားနေသည့်...
ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...