"အောင်ဆန်း" ရုပ်ရှင်တွင် ဂဠုန်ဦးစောအဖြစ်သရုပ်ဆောင်ရန် သရုပ်ဆောင်ဆုပန်ထွာ၏ အမျိုးသားဖြစ်သူကိုရွေးချယ်

"အောင်ဆန်း" ရုပ်ရှင်တွင် ဂဠုန်ဦးစောအဖြစ်သရုပ်ဆောင်ရန် သရုပ်ဆောင်ဆုပန်ထွာ၏ အမျိုးသားဖြစ်သူကိုရွေးချယ်

"အောင်ဆန်း" ရုပ်ရှင်တွင် ဂဠုန်ဦးစောအဖြစ်သရုပ်ဆောင်ရန် သရုပ်ဆောင်ဆုပန်ထွာ၏ အမျိုးသားဖြစ်သူ ကိုဥက္ကာကျော်ကို ပထမအဆင့်ရွေးချယ်ထားကြောင်း  Casting Director ဒါရိုက်တာ ပန်းချီစိုးမိုးက မဇ္ဈိမသို့ ဇူလိုင်လ ၃ရက်ကပြောသည်။

Casting Director ဒါရိုက်တာ ပန်းချီစိုးမိုးက “ ရွေးဖို့များတယ်။ မနက်ဖြန်ကို မိတ်ကပ်လိမ်းမှာ။အကြမ်းဖျဉ်းအားဖြင့်တော့ ရွေးဖို့များတယ်။ ကျန်တဲ့သူတွေက မတူတာတွေများတယ်။ သူကတော့ တော်တော်တူတယ်။ အရပ်အမောင်းလည်းနီးစပ်တယ်။ အိုင်တင်လည်းလုပ်နိုင်တယ်။ ဦးစောနေရာ သူဖြစ်ဖို့များတယ်” ဟု မဇ္ဈိမသို့ပြောသည်။

ကိုဥက္ကာကျော်အား ပထမဆင့်အနေဖြင့် ရွေးချယ်ထားပြီးဒုတိယအဆင့်အနေဖြင့် လူတွေ့စစ်ဆေးခြင်း၊သရုပ်ဆောင်မှုစစ်ဆေးခြင်း၊Character Make-up Test ပြုလုပ်ခြင်းများကိုမကြာ မီရက်ပိုင်းတွင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အောင်ဆန်းရုပ်ရှင် သရုပ်ဆောင်ရွေးချယ်ရေးအဖွဲ့မှ သိရသည်။

မူလက ဂဠုန်ဦးစောအဖြစ်သရုပ်ဆောင်ရန် မြေးဖြစ်သူ ဇော်ဇော်ပိုင်သည် မိဘအုပ်ထိန်းသူများ၏ သဘောဆန္ဒအရ ပါဝင်သရုပ်ဆောင်ရန် မဖြစ်နိုင်တော့သည့်အတွက် အဆိုပါနေရာမှာလစ်လပ်လျက်ရှိသည့် အတွက် သရုပ်ဆောင်ထပ်မံရွေးချယ်ရန် လျှောက်လွှာများ ခေါ်ယူခဲ့ခြင်းဖြစ်သည်။

"အောင်ဆန်း" ရုပ်ရှင်တွင် ဂဠုန်ဦးစောအဖြစ်ပါဝင်သရုပ်ဆောင်ရန် ၂၀၂၀ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင်ကြေငြာခေါ်ယူခဲ့ရာ Message Box မှသော်လည်းကောင်း၊ စာတိုက်မှသော်လည်းကောင်း လာရောက်လျှောက်ထားသောလျှောက်လွှာပေါင်း (၂၉) စောင်ကို လက်ခံရရှိခဲ့ပါသည်။

ထိုလျှောက်ထားသူများထဲမှ အသက်အရွယ်၊အရပ်အမောင်း၊ ရုပ်ရည်ဆင်တူမှု စသည်တို့အပေါ်မူတည်၍Casting Director ဒါရိုက်တာ ပန်းချီစိုးမိုးနှင့်ဒါရိုက်တာ လူမင်းတို့မှ စိစစ်ရွေးချယ်ခဲ့ရာကိုဥက္ကာကျော် တစ်ဦးတည်းကိုသာ ရွေးချယ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most read this week

December 19, 2025
ပြည်ထောင်စုအဆင့်အပါအဝင် တိုင်းနှင့်ပြည်နယ်များမှ လုပ်ကိုင်ခွင့်ပြုထားပြီး အကောင်အထည်ဖော်...
December 19, 2025
စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရမ် (Telegram) ချန်နယ်များတွင် နွေဦးတော်လှန်ရေး၊ လူမျိုးရေးနှင့်...
December 18, 2025
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၌ စစ်ကော်မရှင်တပ်က ငါးရက်အတွင်း ဗုံးနှစ်ကြိမ်ကြဲ ချခဲ့ရာ...
December 17, 2025
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အခြေစိုက် ခလရ (၂၆၇) တပ်ရင်းမှ ထွက်ပြေးလာသည့် စစ်မှုထမ်း တပ်သားသစ်...