၂၀၂၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည်

၂၀၂၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည်

၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲကို ၂၀၂၀ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇူလိုင် ၁ ရက်ညနေပိုင်းတွင် ထုတ်ပြန်ကြေငြာခဲ့သည်။

ပါဝင်ယှဉ်ပြိုင်ကြမယ့်သူများအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ခွင့်ပြုချက်တွေနှင့်အညီ ဇူလိုင်လ ၁ ရက်နေ့မှစတင်၍ မဲဆွယ်စည်းရုံးနိုင်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ချက်ထားသည်။

ယှဉ်ပြိုင်ကြမည့်ပါတီများနှင့် တစ်သီးပုဂ္ဂလများ၏ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းကို ဇူလိုင်လ ၂၀ ရက်နေ့မှ သြဂုတ်လ ၇ ရက်နေ့ နောက်ဆုံးထား၍ တင်သွင်းနိုင်ကြောင်း ထုတ်ပြန်ချက်က ဖော်ပြသည်။

အကယ်၍ တင်သွင်းပြီးသော လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်း ရုပ်သိမ်းလိုပါက သြဂုတ်လ ၁၀ ရက်နေ့ကိုနောက်ဆုံးထားပြီး ပြန်လည်ရုပ်သိမ်းနိုင်ကြောင်း သိရသည်။

တစ်နိုင်ငံလုံးအတိုင်းအတာအဖြစ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၃၃၀၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၆၈ နေရာ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် ၆၄၄ နေရာ သတ်မှတ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ဇွန်လ ၂၉ ရက်နေ့က ကြေငြာခဲ့သည်။

သို့ရာတွင် နေပြည်တော် ကောင်စီနယ်မြေဖြစ်သည့် ဇေယျာသီရိ၊ ပုဗ္ပသီရိ၊ ဥတ္တရသီရိ၊ ဇမ္မူသီရိ၊ ဒက္ခိဏသီရိ၊ ပျဉ်းမနား၊ လယ်ဝေးနဲ့ တပ်ကုန်းစသည့် ၈  မြို့နယ်သည် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်နယ်မြေများတွင် ပါဝင်ခြင်းမရှိပေ။

မွန်ပြည်နယ်တွင် ပြည်နယ်လွှတ်တော်အတွက် ဗမာ၊ ကရင်၊ ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာအပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၂၃ နေရာ၊ ပြည်သူ့လွှတ်တော် ၁၀ နေရာနှင့် အမျိုးသားလွှတ်တော် ၁၂ နေရာ သတ်မှတ်ထားသည်။

ထို့အတူ မွန်ပြည်နယ်တစ်ခုလုံးတွင် မဲရုံ ၁၃၀ နီးပါးလျာထားပြီး အသက် ၁၈ နှစ်ပြည့်မဲပေးနိုင်မည့်ဦးရေ ၁၇ သိန်းခွဲကျော်ရှိမည်ဖြစ်ကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရုံးခွဲ၏ ပဏာမစာရင်းအရ သိရသည်။

အလားတူ ပြီးခဲ့သည့် ၂၀၁၅ ပါတီစုံအထွေထွေရွေးကောက်ပွဲကိုလည်း နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပခဲ့ရာတွင် ပါတီပေါင်း ၉၁ ပါတီ ပါဝင်ယှဉ်ပြိုင်ခဲ့သည့်အနက်  အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက ပြည်ထောင်စု အဆင့် အမျိုးသားနှင့် ပြည်သူ့ လွှတ်တော် နေရာများတွင် ၈၀% အနိုင်ရရှိခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ရွေးကောက်ပွဲကြေညာချက် (UEC)

May 21, 2026
ထိုင်း-မြန်မာနယ်စပ်၊ တနင်္သာရီတိုင်း၊ မောတောင်မြို့ကို စစ်ကောင်စီအဖွဲ့များက ဒေသခံများကို...
May 20, 2026
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ကျေးရွာမှ ရေလုပ်သားအဖွဲ့များ ငါးဖမ်းရာသီရပ်နားထားသဖြင့် ...
May 19, 2026
မွန်ပြည်နယ်တွင် ကွမ်းသီးအနု ဈေးကောင်းရရှိနေခြင်းကြောင့် အသီးခူဆွတ်ရောင်းချမှုများ၍ ရေရှည်တွင်...
May 18, 2026
မွန်ပြည်နယ်အတွင်း၊ မြို့နယ်အလိုက် ရပ်ကွက်(သို့) ကျေးရွာအုပ်ချုပ်ရေးမှူးများ...