YBPC ကုမ္ပဏီသည် ယာဉ်မောင်း၂၈၀ ဝန်းကျင်ကို နစ်နာကြေးပေးပြီး အလုပ်မှရပ်စဲ

YBPC ကုမ္ပဏီသည် ယာဉ်မောင်း၂၈၀ ဝန်းကျင်ကို နစ်နာကြေးပေးပြီး အလုပ်မှရပ်စဲ

ရန်ကုန်မြို့သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့လက်အောက်တွင်ရှိ‌သော Yangon Bus Public Company Limited (YBPC) ကုမ္ပဏီအနေဖြင့် ယာဉ်မောင်း၂၈၀ ဝန်းကျင်ခန့်ကို နစ်နာကြေးပေးပြီး အလုပ်မှရပ်စဲလိုက်ကြောင်း YBPD ယာဉ်မောင်းအခြေခံအလုပ်သမားသမဂ္ဂအဖွဲ့မှသိရသည်။

ယာဉ်မောင်းအခြေခံအလုပ်သမားသမဂ္ဂအဖွဲ့မှ အတွင်းရေးမှူး ကိုဇေယျာဝင်းက “YBPD ယာဉ်မောင်းအခြေခံအလုပ်သမားသမဂ္ဂအဖွဲ့အနေနဲ့ ညှိနှိုင်းဖြေရှင်းနေဆဲကာလမှာ ၂၀၁၂အငြင်းပွားမှု့ဥပဒေအရ အလုပ်ထုတ်ခြင်း အလုပ်ပိတ်ခြင်း၊ အလုပ်သမားဘက်ကလည်းသပိတ်မှောက်ခြင်းကိုလုပ်လို့မရဘူးဆိုတဲ့ပြငြာန်းချက်ရှိတယ်ဗျ။အဲ့တာသူတို့က ဒီညှိနှိုင်းဆဲကာလမှာဘဲ ကျွန်တော်တို့အဓမ္မအလုပ်ထုတ်လိုက်တယ်ပေါ့”ဟု‌ပြောသည်။

ယာဉ်မောင်းအခြေခံအလုပ်သမားသမဂ္ဂအဖွဲ့အနေဖြင့် ယာဉ်မောင်းများ၏ အခြေခံလုပ်ခလစာသုံးသိန်းကျပ်မှ ကျပ်တစ်သိန်းခွဲ အထိလျော့ချလိုက်ခြင်းအပေါ်ဖြေရှင်းပေးရန် မြို့နယ်အလုပ်ရုံနှင့်အလုပ်သမားဥပဒေစိစစ် ရေးဌာနကို ဇွန်လ ၂၃ရက်နေ့တွင်တိုင်ကြားခဲ့ပြီး ဇွန်လ ၂၅ရက်နေ့မှာတော့ ကုမ္ပဏီတာဝန်ရှိသူတွေနှင့် ယာဉ်မောင်းဝန်ထမ်းကိုယ်စားလှယ်များ က မြို့နယ်ဦးစီးအရာရှိများရှေ့တွင်ဆွေးနွေးခဲ့ကြသည်။

ဒီကနေ့ ဇွန်လ၁ရက်နေ့တွင် ယာဉ်မောင်းအခြေခံအလုပ်သမားသမဂ္ဂအဖွဲ့အနေဖြင့် ညှိနှိုင်းနေဆဲကာလအတွင်း ယာဉ်မောင်းများအား နစ်နာကြေးပေးပြီးထုတ်ပယ်ခြင်း အပေါ်မကျေနပ်သောကြောင့်မှော်ဘီမြို့နယ် အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနတွင် တရားဝင်စာပို့တိုင်းကြားလိုက်ကြောင်းသိရသည်။

YBPC ကုမ္ပဏီသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏အစုရှယ်ယာ ၈၂ရာခိုင်နှုန်းအထိပါဝင်သောအများပိုင်ကုမ္ပဏီဖြစ်သည်။

YBPC ကုမ္ပဏီက တာဝန်ရှိသူတစ်ဦးက ‘ကျွန်မတို့ကဝန်ထမ်းတွေရဲ့တောင်းဆိုတာတွေကိုထည့်သွင်းစဉ်းစားပြီး ဝန်ထမ်းလျော့ခြင်းကိုမလုပ်လိုတဲ့အတွက် system တစ်ခုကို ဝန်ထမ်းတွေကိုချပြပါတယ်။အဖက်ဖက်က ကုမ္ပဏီရည်ရှည်ရပ်တည်နိုင်ဖို့အတွက် ဆောင်ရွက်တာဖြစ်ပါတယ်။ ကာယကံရှင်တွေရဲ့သဘောထားအတိုင်း ဒီစနစ်သစ်မှာလိုက်ပါမဆောင်ရွက်လိုဘူးဆိုရင် ကျွန်မတို့ကဥပဒေအတိုင်းဆောင်ရွက်ပေးတယ်။ ဆောင်ရွက်ပေးတဲ့နေရာမှာလည်းတိတိကျကျဆောင်ရွက်ပေးတယ်”ဟု မစ္ဇျိမကို ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင်ယာဉ်မောင်း ၇၅ရာခိုင်နှုန်းဝန်းကျင်ခန့်မှာ ကုမ္ပဏီနှင့်ဆက်လက်လက်တွဲလုပ်ကိုင်မှာဖြစ်ပြီး လစာလျော့ချမှုတွေကြောင့်မလုပ်လိုသောဝန်ထမ်းများအား အလုပ်သမားဥပဒေများအတိုင်းသာ ဆောင်ရွက်ပေးခဲ့ကြောင်း YBPCကုမ္ပဏီမှသိရသည်။

YRTA မှတှဲဖက်အတွင်းရေးမှူး ဦးလှအောင်က “COVID-19 ကာလမှာ စီမံခန့်ခွဲမှုတွေပြောင်းလိုက်ရတာအကုန်လုံးလုပ်၇တယ်။လုပ်တဲ့အတွက်သူတို့ရဲ့စီမံမှုကိုယာဉ်လုပ်သားတွေကိုရှင်းပြတယ်။ ရှင်းပြပြီးတော့ ယာဉ်လုပ်သားများရဲ့သဘောထားကိုခံယူတယ်။ခံယူတဲ့အတွက်လူပေါင်း ၂၀၀ကျော် ၃၀၀လောက်က တာဝန်ထမ်းဆောင်ဖို့အတွက်ဆန္ဒပြုတယ်။ တစ်ချို့ကကြတော့ဆန္ဒမပြုတာရှိတယ်။ သူတို့ကိုလဲမနစ်နာရလေအောင် ဥပဒေနဲ့အညီသူတို့ကိုထောက်ပံ့တဲ့ကိစ္စတွေကိုဒီနေ့ဘဲအားလုံးကိုရှင်းလင်းပြောကြားတဲ့အတွက် တစ်ချို့လုပ်သားလေးတွေဆိုရင်တောင် ပြန်လုပ်ပါရစေဆိုလို့ သူတို့ကိုလက်ခံနေတယ်” ဟု ပြောသည်။

Yangon Bus Public Co.ltd အနေဖြင့် YBS 43, YBS 72 , YBS 87, YBS 88, YBS 89 ,YBS 62 ,YBS 96 , YBS 37 အစရှိသော ယာဉ်လိုင်းပေါင်း၁၂ လိုင်းကို တာဝန်ယူပြေးဆွဲပေးနေကြောင်းသိရသည်။

ဓာတ်ပုံ - Crd
September 14, 2026
စစ်အုပ်စုတပ် ပြန်လည်ထိန်းချုပ်ထားသည့် တနင်္သာရီတိုင်း၊ မောတောင်မြို့သို့ သွားသည့်...
ဓာတ်ပုံ - စစ်အုပ်စု (ညောင်တုန်းချောင်းဝတာ ပြိုကျပျက်စီးမှုများအား ပြင်ဆင်ထားသည်ကို ဩဂုတ်လ ၂၆ ရက်နေ့က တွေ့ရစဉ်။)
September 14, 2026
ကြံ့ခိုင်မှုမရှိခြင်းကြောင့် ယခုရက်ပိုင်းအတွင်း ပင်မတာဘောင် မကြာခဏ ပြိုကျမှုများ ဖြစ်ပွားနေသည့်...
ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...