ဖမ်းဆီးခံရသည့် ကျောက်တော်ဒေသခံနှစ်ဦး ရောဂါအခံဖြင့် သေဆုံးသွားသည်ဆိုသည့်အပေါ် မိသားစုဝင်များ လက်မခံ

ဖမ်းဆီးခံရသည့် ကျောက်တော်ဒေသခံနှစ်ဦး ရောဂါအခံဖြင့် သေဆုံးသွားသည်ဆိုသည့်အပေါ် မိသားစုဝင်များ လက်မခံ

ကျော်သူဌေး — တပ်မတော်ကဖမ်းဆီးသွားသည့် ကျောက်တော်မြို့နယ် ရွှေပြည်ကျေးရွာသားနှစ်ဦးမှာ ရောဂါအခံဖြင့် သေဆုံးသွားပြီဖြစ်ကြောင်း သတင်းစာတွင်ဖော်ပြထားသော်လည်း မိသားစုဝင်များက လက်မခံနိုင်ကြောင်း ပြောဆို ကြသည်။

အဆိုပါကျေးရွာမှ ဦးထွန်းရွှေ ၅၇ နှစ်နှင့် ဦးကွန်ချုပ်မောင် ၃၉ နှစ်တို့သည် နဂိုရောဂါအခံဖြင့် သေဆုံးသွားခဲ့ ကြောင်းကို ဖေဖော်ဝါရီလ ၂၉ ရက်နေ့ထုတ် ရတနာပုံသတင်းစာတွင် ဖော်ပြခဲ့သည်။

“ဘာရောဂါအခံမှမရှိဘူး။ သေဆုံးသွားပြီဆိုရင် ရုပ်အလောင်းတွေကို မမြင်ရတဲ့အတွက် လက်မခံနိုင်ဘူး။ ဒါဟာ တမင်သက်သက် သူတို့လုပ်ကြံတာ” ဟု ဦးထွန်းချေ၏ဇနီးဖြစ်သူ ဒေါ်ယဉ်သာနုက ပြောသည်။

ရာတနာပုံသတင်းစာတွင် ဦးထွန်းရွှေသည် သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ အစာအိမ်ရောဂါများကို ခံစားနေရသူ ဖြစ်၍ သေဆုံးခဲ့ကြောင်း ဦးကွန်ချုပ်မောင်ကတော့ ရေဓာတ်အားနည်းပြီး အရက်စွဲတဲ့ရောဂါဖြင့် ခန္ဓာကိုယ် တုန်ချိမှုဖြစ်ကာ သေဆုံးခဲ့ရကြောင်း ရေးသားထားသည်။

ဦးကွန်ချုပ်မောင်၏ ဇနီးဖြစ်သူ ဒေါ်လှလှကမူ ၎င်းမှာ လင်ယောကျ်ားမရှိသောကြောင့် သားသမီးများနှင့် စစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေရကြောင်း ဆိုသည်။

“ရောဂါဖြစ်လို့ပဲသေသေ၊ သတ်ပြီးလို့သေသွားတာပဲဖြစ်ဖြစ် အရုပ်ကိုတစ်ခါလောက်တော့ မြင်ချင်တယ်” ဟု ဒေါ်လှလှက ပြောသည်။

ဆက်လက်၍ ဒေါ်လှလှက “သမီးလေးက နေ့တိုင်းမေးနေတယ်၊ အဖေဘယ်အချိန်လာမှာလဲ။ ကြာလာရင် ကျမက ရင်ထဲမှာ မခံစားနိုင်တော့ဘူး။ အခုကျမက ဖြေဖို့ခက်နေတယ်” ဟု ဆိုသည်။

ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့က ကျောက်တော်မြို့နယ်မှ ချင်းပြည်နယ်ပလက်ဝကို စက်လှေဖြင့် ဈေးရောင်းသွားကြသည့် အမျိုးသားခြောက်ဦးအား တင်းမကျေးရွာအနီးတွင် တပ်မတော်ကဖမ်းဆီးသွားခဲ့ပြီး ၄ ရက် အကြာတွင် အမျိုးသားလေးဦးကို ကျောက်တော်မြို့မရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ရာ ဦးထွန်းရွှေနှင့် ဦးကွန်ချုပ်မောင်တို့ ပါမလာခဲ့ပေ။

၎င်းတို့ ၂ ဦးနှင့်အတူ ဖမ်းဆီးခံရသူများမှာ ကျောက်တော်မြို့မှ ဦးအေးသိန်းမောင်နှင့် ပြိုင်းတိုင်းကျေးရွာသား တစ်ဦးတို့ဖြစ်ပြီး ချင်းပြည်နယ် ပလက်ဝမြို့နယ်မှ ဦးအောင်ကျော်ညွန့်နှင့် ဦးအောင်သန်းနုတို့ ဖြစ်ကြသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အဖြစ်မှန် တစ်စုံတစ်ရာ ပေါ်လာနိုင်ရန်အတွက် မိသားစုဝင်များက ရခိုင်လူ့အခွင့် အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ထံမှတစ်ဆင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့ တိုင်းကြားထားသော်လည်း ယနေ့အချိန်ထိ တစ်စုံတရာ အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...
ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...
April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...