ရန်ကုန်မြစ်ထဲပြုတ်ကျသွားသည့် တရုတ်နိုင်ငံသား၏ အလောင်းကို ၃ရက်ကြာတွင် ရှာတွေ့

ရန်ကုန်မြစ်ထဲပြုတ်ကျသွားသည့် တရုတ်နိုင်ငံသား၏ အလောင်းကို ၃ရက်ကြာတွင် ရှာတွေ့

ရန်ကုန်မြစ်အတွင်း ပြုတ်ကျခဲ့သည့် မြန်မာ-ကိုရီးယားချစ်ကြည်ရေး ဒလတံတားတည်ဆောက်ရေးလုပ်ငန်းခွင်မှ တရုတ်နိုင်ငံသားတစ်ဦး၏ ရုပ်အလောင်းကို  ဇွန်လ ၃၀ရက်နေ့တွင် ပြန်လည်ရှာဖွေ တွေ့ရှိခဲ့ကြောင်းသိရ သည်။

"သူပြုတ်ကျတဲ့နေရာနားမှာပဲ။ တံတားခြေရင်းမှာပဲ အလောင်းပြန်တွေ့တာ။ ဒီနေ့ နေ့လည် ၃နာရီလောက်က ရှာတွေ့တာ။ သူက အလုပ်သမားခေါင်းဆောင်" ဟု ဒလမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်က ပြောသည်။

၎င်း အသက် ၃၃ နှစ်အရွယ်ရှိ တရုတ်နိုင်ငံသားသည် ဇွန်လ ၂၇ရက်နေ့ ညပိုင်းက မြန်မာ-ကိုရီးယား ချစ်ကြည်ရေး ဒလတံတားတည်ဆောက်ရေးလုပ်ငန်းခွင်ဖြစ်သော ဒလဘက်ခြမ်းရှိ ပင်မတံတား ရေလယ်တိုင်အတွက်  ဘိုးပိုင်လုပ်ငန်းဆောင်ရွက်နေစဉ် ရန်ကုန်မြစ်အတွင်းသို့ ခြေချော်ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ မြစ်အတွင်း ပြုတ်ကျခဲ့သည့်အတွက် ၎င်းတရုတ်နိုင်ငံသားအား ရေကြောင်းရဲတပ်ဖွဲ့၊ စီမံကိန်းပိုင် Speed Boat (၂) စီး၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ပိုင် Speed Boat (၁) စီးနှင့် ဒလကမ်းဘက်က သဗ္မာန်များဖြင့် ရှာဖွေကယ်ဆယ်ရေးများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ယင်းသို့ ကယ်ဆယ်ရှာဖွေလုပ်ငန်းများကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် အဖွဲ့အစည်းများက ကယ်ဆယ်ရန် ရှာဖွေမှုများပြုလုပ်ခဲ့သော်လည်း ဇွန်လ ၃၀ ရက်နေ့အထိ ၃ရက်ကြာ ရှာဖွေမှုများပြုလုပ်ခဲ့ရကြောင်း သိရသည်။

လက်ရှိတွင် ၎င်းတရုတ်နိုင်ငံသား၏ ရုပ်အလောင်းကို မြစ်အတွင်း၌တွေ့ရှိထားပြီဖြစ်သည့်အတွက်  ဆယ်ယူခြင်း လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

May 16, 2026
မကွေးတိုင်းထဲက နတ်မောက်မြို့နယ်နှင့် မန္တလေးတိုင်းထဲက ရမည်းသင်းမြို့နယ်တို့ ထိစပ်နေသည့်...
May 15, 2026
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ လေးမြို့မြစ်အတွင်း မေလ ၁၂ ရက် ညနေပိုင်းက လူဦးရေအဆမတန်...
May 14, 2026
ပေါ်ထွန်း — မကွေးတိုင်းအတွင်းရှိ ပေါက်မြို့နယ်နှင့် ဆောမြို့နယ်များသို့ စစ်အုပ်စုက...
May 13, 2026
ပေါ်ထွန်း — စစ်ကိုင်းတိုင်းအတွင်း စစ်ရေးအရှိန်မြှင့်တင်နေသည့် အာရက္ခတပ်တော် (AA) အပါအဝင်...